Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင် ပေါက်ကွဲ ၊ မီးခိုးပူများ ၁ ဒသမ ၆ ကီလိုမီတာအထိ မှုတ်ထုတ်

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာပြည်နယ်၌ ဇွန် ၁၂ ရက်က မီရာပီမီးတောင်မှ ချော်ရည်ပူများ မှုတ်ထုတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ် နှင့် ယိုဂျာကာတာပြည်နယ်အကြားရှိ Merapi မီးတောင်သည် ဇွန် ၁၄ ရက်တွင် သုံးကြိမ် ပေါက်ကွဲခဲ့ပြီး ကောင်းကင်ပေါ်သို့ မီးခိုးပူများ ၁ ဒသမ ၆ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ကြောင်း ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာထံမှ သိရသည်။

ပထမအကြိမ် မီးခိုးပူများသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၄ မိနစ်တွင် အနောက်တောင်ဘက်သို့ စက္ကန့် ၉၀ အကြာ ၁ ဒသမ ၆ ကီလိုမီတာအထိ မြင့်တက်ခဲ့ကြောင်း ၊ ဒုတိယအကြိမ်သည် ညပိုင်း ၁ နာရီ ၃ မိနစ်တွင် အရှေ့တောင်ဘက်သို့ ၇၈ စက္ကန့်အကြာ ၁ ကီလိုမီတာထိ မြင့်တက်ခဲ့ကြောင်း နှင့် တတိယအကြိမ်သည် ည ၁ နာရီ ၁၁ မိနစ်တွင် အရှေ့တောင်ဘက်သို့ ၉၉ စက္ကန့်အကြာ ၁ ဒသမ ၃ ကီလိုမီတာ မြင့်တက်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင်ရှင် ဖြစ်သည့် မီရာပီမီးတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂,၉၆၈ မီတာအမြင့်တွင် တည်ရှိသည်။အဆိုပါမီးတောင်ကို လက်ရှိတွင် တတိယ အန္တရာယ်အရှိဆုံးအဆင့်တွင် ထည့်သွင်း ထားကြောင်း သိရသည်။

ဘူမိဗေဒဆိုင်ရာ သဘာဝဘေးအန္တရာယ် နည်းပညာသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ က ပြည်သူများအနေဖြင့် မီးတောင်ဝမှ အချင်းဝက် ၅ ကီလိုမီတာအတွင်း ဘေးအန္တရာယ်ကျရောက်နိုင်သော ဧရိယာတွင် နေထိုင်ခြင်းမပြုရန် တိုက်တွန်းထားသည်။ မီးတောင်မှထုတ်လွှတ်သောအရာများသည် အချင်းဝက် ၃ ကီလိုမီတာထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

Merapi မီးတောင်မှ Kuning, Boyong, Bedog, Krasak, Bebeng နှင့် Putih မြစ်များတစ်လျှောက် စီးဆင်းလာသော ချော်ရည်ပူများကို ရှောင်ရှားကြရန် တာဝန်ရှိသူများက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Indonesia’s Mt. Merapi erupts, spewing hot clouds to 1.6 km high
JAKARTA, June 14 (Xinhua) — Indonesia’s Mount Merapi located between Yogyakarta and Central Java provinces has erupted three times Monday, spewing hot clouds up to 1.6 km into the sky, according to the country’s Geological Disaster Technology Research and Development Center.
The first hot clouds erupted at 2:44 a.m. local time of the day to as high as 1.6 km to the southwest for 90 seconds, the second came out at 1:03 p.m. to 1 km high to the southeast for 78 seconds, and the third flowed at 1:11 p.m. to 1.3 km high to the same direction for 99 seconds.
Merapi is the most active volcano in Indonesia, with a height of 2,968 meters above sea level. The volcano is currently in the status of third-level danger.
The center has asked people not to be in the disaster-prone area, an area within a radius of 5 km from the summit. A volcanic material ejection can reach a radius of 3 km.
Authorities also required people to avoid the rivers flowing from the volcano, such as Kuning, Boyong, Bedog, Krasak, Bebeng, and Putih rivers. Enditem
1.Photo taken on June 12, 2021 shows Mount Merapi spewing volcanic materials in Yogyakarta, Indonesia. (Photo by Supriyanto/Xinhua)