Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မြို့တော်အနီး အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ လူပေါင်း(၄၁)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ဒါဇင်နှင့်ချီရှိနေ

ဂျကာတာ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီးရှိ Tangerangမြို့ အကျဉ်းထောင်တစ်ခု၌ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း(၄၁)ဦး သေဆုံးပြီးအခြား ဒဏ်ရာရသူ (၈၀)ခန့် ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံနှင့်ကျန်းမာရေးဆေးခန်းများကို ပို့ဆောင်ထားပြီဖြစ်ရာ အကျဉ်းသား (၈)ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဂျကာတာရဲချုပ်စစ်ဆေးရေးမှူး Fadil Imran၏ ပြောကြားချက်အရ သိရသည်။

အင်ဒိုနီးရှားနိုင်ငံ Tangerang ရှိ အကျဉ်းထောင်ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၃ နာရီ မိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်သည့် အကြောင်းအရင်းက လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်ကြောင်း ဂျကာတာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းကော်မရှင်နာ Yusri Yunusက ဆိုသည်။

အဆိုပါအကျဉ်းထောင်ကို အကျဉ်းသား (၄၀)ထားရှိရန် ဒီဇိုင်းရေးဆွဲထားသော်လည်း ယခုအခါ (၁၂၂)ဦး ထိ ရှိနေကြောင်း အင်ဒိုနီးရှား ဥပဒေနှင့်လူအခွင့်အရေး ဝန်ကြီးဌာန အကျဉ်းထောင် ပြောရေးဆိုခွင့်ရှိသူ Rika Apriantiက ဆိုသည်။

ထိခိုက်မှုရှိသည့် အကျဉ်းသားအများစုမှာ မူးယစ်ဆေးဝါးမှုနှင့်သက်ဆိုင်သူများဖြစ်သည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။ (Xinhua)

———————————————————
(English Version)

2nd LD Writethru: 41 killed, dozens injured in prison fire near Indonesian capital

JAKARTA, Sept. 8 (Xinhua) — At least 41 people were killed and about 80 others injured as fire broke out at a prison in Tangerang town near the Indonesian capital Jakarta early Wednesday, officials said.

All the injured people were taken to nearby hospitals and health clinics, and eight prisoners were seriously injured, according to Jakarta police chief Inspector General Fadil Imran.
The fire occurred at 2:20 a.m. local time and was extinguished at 3:30 a.m., and electrical short circuit was believed to be the cause of the fire, said Jakarta police spokesperson Senior Commissioner Yusri Yunus.
overcrowded block, which was designed for holding 40 prisoners, accommodates 122 people, said Rika Aprianti, a spokesperson for the prison department at Indonesia’s Law and Human Rights Ministry.
Many of the prisoners held in the affected block were those involved in drug and narcotics related cases, according to her. Enditem
图说1:9月8日,媒体记者和工作人员聚集在印度尼西亚唐格朗一监狱门前。 新华社发(维里 摄)
图说2 9月8日,警察在印度尼西亚唐格朗一监狱门前警戒。 新华社发(维里 摄)