Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ်ဟောင်း ရာဘင်ကွယ်လွန်ခြင်း ၂၆ ပြည့်အထိမ်းအမှတ်ပြုလုပ်

အစ္စရေးနိုင်ငံ အလယ်ပိုင်း Tel Aviv မြို့၌ အစ္စရေး ဝန်ကြီးချုပ်ဟောင်း ရက်ဇက်ရာဘင် (Yitzhak Rabin) လုပ်ကြံခံရသည့် ၂၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် အောက်မေ့ဖွယ်ဖယောင်းတိုင်များ ထွန်းညှိထားမှုကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းများ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအဖြစ် လက်ယာအစွန်းရောက် ဂျူးအမျိုးသားတစ်ဦးက ပစ်သတ်ခဲ့၍ ကွယ်လွန်ခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ရက်ဇက်ရာဘင် (Yitzhak Rabin) လုပ်ကြံခံရသည့် ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို အစ္စရေးနိုင်ငံက ပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်ပတ်လည်နေ့ကို ဂျေရုဆလင်မြို့တွင် တရားဝင်အခမ်းအနားများနှင့် အထူး Knesset (ပါလီမန်) အစည်းအဝေးများဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရာဘင်လုပ်ကြံခံရမှုကနေ ကျွန်တော့်အနေနဲ့ သင်ခန်းစာရခဲ့ပါတယ်။ ဘယ်လိုအခြေအနေ၊ ဘယ်လိုကိစ္စမျိုးမှာမဆို တိုင်းပြည်ပြိုကွဲမသွားသင့်ဘူး’’ ဟု အစ္စရေး ဝန်ကြီးချုပ် Naftali Bennett က ဂျေရုဆလင်မြို့ ၊ Herzl အမျိုးသားသုသာန်ရှိ တရားဝင်အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

“လူသတ်မှုဖြစ်ပွားချိန်ကစပြီး အကြမ်းဖက်မှုဟာ ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ ငါတို့သိခဲ့မယ်လို့
မျှော်လင့်ပါတယ်’’ ဟု ၎င်းကဆိုသည်။

၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရာဘင်လုပ်ကြံခံရသော အစ္စရေးနိုင်ငံ အလယ်ပိုင်း Tel Aviv ရာဘင်ရင်ပြင်၌ မှောင်စပျိုးချိန်တွင် ထောင်နှင့်ချီသောသူများက ဖယောင်းတိုင်များထွန်းညှိရန်စုဝေးခဲ့ကြသည်။ အစ္စရေးနိုင်ငံသားများက ဂျူး ပြက္ဒဒိန်အရ နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့ကြသည်။

၁၉၂၂ တွင်မွေးဖွားခဲ့သော ရာဘင်သည် Labour ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး၊ အစ္စရေးစစ်တပ်၏ အကြီးအကဲဟောင်းတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ၁၉၉၃ ခုနှစ်တွင် Oslo Accords (အော်စလိုသဘောတူညီချက်များ) ကို လက်မှတ်ရေးထိုးခြင်းအတွက် ပါလက်စတိုင်းများနှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲရရှိခဲ့သည်။ ယင်းဆောင်ရွက်ချက်သည် ဆယ်စုနှစ်များစွာကြာ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအား အဆုံးသတ်ရန် သမိုင်းဝင်အောင်မြင်မှုများ အဖြစ် ချီးကျူးခြင်းခံခဲ့ရသည်။ (Xinhua)
————————————
(English Version)
Israel marks 26 years of former PM Rabin’s death
JERUSALEM, Oct. 18 (Xinhua) — Israel marked the 26th anniversary of the assassination of former Prime Minister Yitzhak Rabin, who was shot dead by a far-right Jewish man as he strived for peace with the Palestinians.
The annual day was marked with a series of official ceremonies and a special Knesset (parliament) session in Jerusalem.
“The lesson I took away from Rabin’s murder: under no circumstances, no matter the situation, should the nation be torn apart,” Israel’s Prime Minister Naftali Bennett said during an official ceremony at Mount Herzl national cemetery in Jerusalem.
“I hope that since the murder, we have learned how dangerous violence is,” he said.
At nightfall at the Rabin Square in central Tel Aviv, where Rabin was assassinated on Nov. 4, 1995, people gathered to light thousands of candles. Israelis hold memorial ceremonies to mark the anniversary according to the Jewish calendar.
Rabin, born in 1922, was a former chief of the Israeli military who became a leader of the Labor party. He shared the Noble Prize for peace for signing the Oslo Accords in 1993 with the Palestinians. The move was hailed as a historic breakthrough to end the decades-long Israeli-Palestinian conflict. Enditem