Connect with us

Europe

နေတိုးဆိုင်ရာ ရုရှားရုံးနှင့် ရုရှားအခြေစိုက် နေတိုးသက်ဆိုင်ရာဌာနများ၏အလုပ် ခေတ္တရပ်နားမည်ဟု ရုရှား ကြေညာ

မော်စကိုရှိ ရုရှားနိုင်ငံခြားရေးရုံး (ဝဲ) နှင့် ဘရပ်ဆဲလ်ရှိ နေတိုးရုံးချုပ် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အကြီးအကဲ၏လုပ်ငန်းများအပါအဝင် နေတိုး (NATO) အခြေစိုက် ရုရှားကိုယ်စားလှယ်ရုံး၏ လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ခေတ္တရပ်နားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် မော်စကိုရှိ နေတိုးစစ်ဘက်ဆက်ဆံရေးရုံး၏ လှုပ်ရှားမှုများကို ခေတ္တရပ်နားရမည်ဖြစ်ပြီး ၎င်းရုံးဝန်ထမ်းများ၏မှတ်ပုံတင်ထားမှုကို နိုဝင်ဘာ ၁ ရက်မှစ၍ ဖျက်သိမ်းကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံရှိဘယ်လ်ဂျီယမ်သံရုံး၏ မော်စကိုအခြေစိုက်နေတိုး သတင်းပြန်ကြားရေးရုံးလှုပ်ရှားမှုများကိုလည်း ရပ်တန့်လိုက်ကြောင်း မော်စကိုတွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Sergey Lavrov က ကြေညာခဲ့သည်။
နေတိုးအနေဖြင့် မော်စကိုနှင့်ထိတွေ့ဆက်ဆံရေးအတွက် ဘယ်လ်ဂျီယမ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်နှင့် ဆက်သွယ်ရန် လိုအပ်ကြောင်း ဆိုသည်။

ယခုလုပ်ဆောင်ချက်က နေတိုး၏လှုပ်ရှားမှုကို တုန့်ပြန်ရန်အတွက် ဖြစ်ကြောင်း၊ ရုရှားသံတမန်များကို နှင်ထုတ်ရန် နေတိုး၏ဆုံးဖြတ်မှုသည် ရုရှားနှင့်တန်းတူတွေ့ဆုံဆွေးနွေးရန်နှင့် အတူအလုပ်လုပ်ရန် စိတ်မဝင်စားမှုကို ဖော်ပြကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။ ရုရှားနှင့်နေတိုးအကြား လက်ရှိ မည်သည့် စစ်ဘက်ဆက်ဆံရေး တွေ့ဆုံမှုမျှမရှိကြောင်း ၎င်းက ဆိုသည်။

နေတိုးဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦး၏ နေထိုင်ခွင့်ကို ဖျက်သိမ်းကြောင်းနှင့် အဖွဲ့ဝင်လူဦးရေကို နောက်ထပ် ၂၀ ဦးမှ ၁၀ ဦးသို့ လျှော့ချလိုက်ကြောင်း၊ နေထိုင်ခွင့်ဖျက်သိမ်းခံရသည့် ရုရှားသံတမန်များအနေဖြင့် အောက်တိုဘာ လကုန်မတိုင်မီ ထွက်ခွာရမည်ဖြစ်ကြောင်း နေတိုးအရာရှိက အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့သည်။
ရုရှားသံတမန် ၈ ဦးမှာ သူလျှိုလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကြောင့် နှင်ထုတ်ရခြင်းဖြစ်ကြောင်း နေတိုး အထွေထွေအတွင်းရေးမှူး Jens Stoltenberg က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

နေတိုး၏ ရုရှားသံတမန်များကို နှင်ထုတ်သည့် ဆုံးဖြတ်မှုနှင့် ၎င်းတို့၏ရန်လိုသည့်လှုပ်ရှားမှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ ထိုလုပ်ဆောင်ချက်များက ရုရှားနှင့် နေတိုးဆက်ဆံရေးပုံမှန်အသွင်ရှိနေမှုကို ဖျက်ဆီးခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပြန်ကြားရေးအတွင်းရေးမှူး Peskov က အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် နေတိုးက ရုရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင် လူဦးရေကို ၃၀ ဦးကန့်သတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၌ ကိုယ်စားလှယ်အဖွဲ့ဝင် ၇ ဦး၏ နေထိုင်ခွင့်အား ဖျက်သိမ်းခဲ့၍ ကိုယ်စားလှယ်အဖြစ် ရုရှားသံတမန် ၃ ဦး၏ လျှောက်ထားချက်ကိုလည်း ငြင်းပယ်ခဲ့ရာ ရုရှားကိုယ်စားလှယ်အဖွဲ့ဝင် ၃၀ ဦး မှ ၂၀ ဦးထိ လျှော့ချခဲ့ခြင်းဖြစ်သည်။ (Xinhua)

———————————–
(Chinese Version)
(国际)俄宣布将暂停俄驻北约及北约驻俄相关机构的工作
2021-10-19 00:15:39
新华社莫斯科10月18日电(记者胡晓光)俄罗斯外长拉夫罗夫18日宣布,俄从11月1日起将暂停俄常驻北约代表处的工作,包括首席军事代表的工作。同时,俄将暂停北约驻莫斯科军事联络处的活动,其工作人员的注册资格从11月1日起撤回。
拉夫罗夫在莫斯科举行的记者招待会上还宣布,终止设在比利时驻俄大使馆的北约驻莫斯科信息处的活动。为了与莫斯科进行接触,北约需要联系俄驻比利时大使。
拉夫罗夫说,此举是对北约行动的回应。北约决定驱逐俄外交官说明其对与俄平等对话和共同工作不感兴趣。他还表示,俄与北约目前在军方层面没有进行任何接触。
北约官员6日说,北约已撤销8名俄常驻北约代表团成员的常驻资格,并再次削减俄代表团人员数量,从20人减至10人。被撤销常驻资格的俄外交人员须在10月底之前离开。北约秘书长斯托尔滕贝格7日说,北约此次驱逐8名俄常驻北约代表团成员,是因为他们从事间谍活动。
俄总统新闻秘书佩斯科夫7日说,北约决定驱逐俄外交官并指责他们从事敌对行动,此举破坏俄与北约关系正常化。
北约2015年对俄常驻北约代表团人数设定30人上限。2018年,北约撤销俄常驻北约代表团7名成员的资格,拒绝3名俄外交人员常驻北约的申请,将俄代表团人数从30人减为20人。(完)
Photo:Xinhua file photos of the Russian Foreign Ministry in Moscow (L) and the NATO headquarters in Brussels