Connect with us

North America

အမေရိကန်တပ်ဖွဲ့ဝင်များ ဆက်လက်ရုပ်သိမ်းရေးအဖြစ် ဘိုင်ဒန်က အာဖဂန်နစ္စတန် သမ္မတအား အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံမည်

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နှင့် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Mohammad Ashraf Ghani တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Mohammad Ashraf Ghani နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကောင်စီ Abdullah Abdullah တို့အား ဇွန် ၂၅ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် “စစ်တပ် တပ်ဖွဲ့ဝင်များ ဆက်လက်ရုပ်သိမ်းနေစဉ်အတွင်း အမေရိကန်နဲ့ အာဖဂန်နစ္စတန်ကြား မိတ်ဖက်ဆက်ဆံရေး ခိုင်မြဲရေးကို မီးမောင်းထိုးပြမှာဖြစ်တယ်” ဟု Psaki က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။

အမေရိကန်နိုင်ငံသည် အာဖဂန်ပြည်သူများအား အကူအညီ ပံ့ပိုးရန် ကတိပြုထားကြောင်းနှင့် “အာဖဂန်နစ္စတန်နိုင်ငံဟာ အမေရိကန်ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အုပ်စုအတွက် ဘေးကင်းတဲ့ကောင်းကင်ဘုံတစ်ခု နောက်တစ်ခါ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး” ဆိုတာ သေချာစေရန် ကဘူးလ်မြို့တော်နှင့် နက်နက်ရှိုင်းရှိုင်း စေ့စပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆိုးဝါးသော လုံခြုံရေးအခြေအနေကြားမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တာလီဘန် စစ်သွေးကြွများသည် မေ ၁ ရက်က အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းချိန်မှစ၍ အစိုးရတပ်ဖွဲ့ဝင်များအား ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

တာလီဘန်များက လွန်ခဲ့သောလအတွင်း ဆင်ခြေဖုံးခရိုင် ၄၀ ကျော်အား သိမ်းယူခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် တပ်ဖွဲ့ဝင်များအားလုံး စက်တင်ဘာ ၁၁ ရက်မတိုင်မီ အာဖဂန်နစ္စတန်မှ ထွက်ခွာမည်ဖြစ်ကြောင်း ဘိုင်ဒန်က ဧပြီလ၌ ကြေညာခဲ့သည်။ (Xinhua)

————————————
(English Version)
Biden to host Afghan president as U.S. withdrawal continues
Source: Xinhua| 2021-06-21 02:30:12|Editor: huaxia
WASHINGTON, June 20 (Xinhua) — U.S. President Joe Biden will host Afghan President Mohammad Ashraf Ghani and Chairman of High Council for National Reconciliation Abdullah Abdullah at the White House on June 25, White House spokesperson Jen Psaki said on Sunday.
The visit “will highlight the enduring partnership between the United States and Afghanistan as the military drawdown continues,” Psaki said in a statement.
The United States is committed to providing assistance to support the Afghan people and remains deeply engaged with Kabul to ensure “the country never again becomes a safe haven for terrorist groups who pose a threat to the U.S. homeland,” she added.
The visit will come amid a deteriorating security situation in Afghanistan. Taliban militants have been continuing heavy fighting against government forces since the drawdown of U.S. troops on May 1.
Taliban said they captured more than 40 suburban districts over the past month.
Biden announced in April that all U.S. troops would leave Afghanistan before Sept. 11. Enditem
Photo : Combo photo of U.S. President Joe Biden (L) and Afghan President Mohammad Ashraf Ghani. (Xinhua)