Connect with us

North America

အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းမှာ COVID-19 ကာကွယ်ဆေးထိုးနှံရန် ငြင်းဆိုကြကြောင်း လူထုစစ်တမ်းကဖော်ပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ ဘရွတ်ကလင်းရပ်ကွက်ရှိ Prospect ပန်းခြံတွင် နှာခေါင်းစည်း အခမဲ့ရရှိရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါမှ ပြန်လည်နာလန်ထူရေးအတွက် မေးခွန်းများ မေးမြန်းခဲ့ရာတွင် အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းသည် COVID-19 ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသလို ထိုးနှံရန်လည်း အစီအစဉ်မရှိကြောင်း မကြာသေးမီက ပြုလုပ်ထားသော လူထုစစ်တမ်း၌ ဖော်ပြထားကြောင်း အမေရိကန် ရုပ်မြင်သံကြားကွန်ရက် American Broadcasting Company (ABC) က သတင်းဖော်ပြထားသည်။
ကာကွယ်ထိုးနှံရန် ငြင်းဆိုသူများအနက် ၇၃ ရာခိုင်နှုန်းက ပြောကြားရာတွင် အမေရိကန် တာဝန်ရှိသူများအနေဖြင့် Delta ဗီဇပြောင်းဗိုင်းရပ်စ်အန္တရာယ်ကို ချဲ့ကားပြောဆိုနေကြကြောင်း၊ ၇၉ ရာခိုင်နှုန်းမှာမူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျားနာခြင်း အနည်းငယ် သို့မဟုတ် လုံးဝရှိလိမ့်မည်ဟု မထင်ကြောင်း ABC News/Washington Post လူထုစစ်တမ်းက ဇူလိုင် ၄ ရက်၌ ထုတ်ပြန်သည့် လူထုစစ်တမ်းအရ သိရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၊ ကျန်းမာရေးတာဝန်ရှိသူများနှင့် အခြားသူများက ဗီဇပြောင်းဗိုင်းရပ်စ်မှာ အခြားသော ဗိုင်းရပ်စ်များထက် ပိုမိုကူးစက်လွယ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူများအတွက် အန္တရာယ်ပိုများကြောင်း၊ ယခုအခါ အဆိုပါဗိုင်းရပ်စ်ကူးစက်မှုမှာ နိုင်ငံအတွင်း ရောဂါအသစ်ဖြစ်ပွားမှု၏ လေးပုံတစ်ပုံကျော်ရှိကြောင်း ဆိုထားသည်။

“ကာကွယ်ဆေး ထိုးနှံခြင်းနဲ့ ကပ်ရောဂါကို ကိုင်တွယ်မယ့် အစိုးရရဲ့ အစီအစဉ်ကတော့ နံရံကို လက်သီးနဲ့ထိုးခြင်းပဲ။ ဒီစစ်တမ်းမှာ ၆၀ ရာခိုင်နှုန်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံထားကြတယ်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

“တရားဝင်ခန့်မှန်းချက်များ (ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာအရ ၆၆.၈ ရာခိုင်နှုန်း) အောက်လျော့နည်းနေတာက ဇူလိုင် ၄ ရက်မတိုင်မီ လူဦးရေ ၇၀ ရာခိုင်နှုန်းက အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်စီထိုးနှံရေး ဘိုင်ဒန်၏ ရည်မှန်းချက်နှင့် ကိုက်ညီနိုင်ခြင်းမရှိသည်မှာ အခိုင်အမာဖော်ပြထားပါတယ်” ဟု စစ်တမ်း၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ဇူလိုင် ၆ ရက် ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀၅,၀၀၀ ကျော် ရှိလာခဲ့ပြီး ရောဂါဖြစ်ပွားသူအနေဖြင့် ၃၃.၇ သန်းကျော် ရောက်ရှိလာခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် သေဆုံးမှုနှင့် ရောဂါဖြစ်ပွားမှု အဆိုးဝါးဆုံးလည်းဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာနအရ သိရသည်။ (Xinhua)

—————————————————-
(English Verion)

30 pct of U.S. adults refuse vaccination against COVID-19: poll

NEW YORK, July 6 (Xinhua) — A recent poll revealed that 30 percent of U.S. adults have not gotten a vaccine against COVID-19 and have no plan to get one, posing questions for the country’s recovery from the pandemic, the U.S. television network American Broadcasting Company (ABC) has reported.

Of those who reject vaccination, a broad 73 percent say U.S. officials are exaggerating the risk of the Delta variant, and 79 percent think they have little or no risk of getting sick from the coronavirus, according to the ABC News/Washington Post poll published on Sunday.

U.S. President Joe Biden, health officials and others have described the variant as more contagious than other strains, which poses a substantial risk to unvaccinated people, as the variant now accounts for more than a quarter of new cases in the country.

“The government’s plan to address it (the pandemic) through vaccinations looks to have hit a wall. Just 60 percent in this survey … report having received at least one dose of a coronavirus vaccine,” said the report.

“While that’s below official estimates (66.8 percent, per the Centers for Disease Control and Prevention), it confirms the failure to meet Biden’s target of having 70 percent with at least one dose by July 4,” it said.

As of Tuesday evening, the coronavirus has claimed more than 605,000 lives and led to more than 33.7 million cases in the United States, both the worst in the world, according to the Center for Systems Science and Engineering at Johns Hopkins University. Enditem

Photo : People wait in line to receive free face masks at the Prospect Park in the Brooklyn borough of New York, the United States, May 3, 2020. (Photo by Michael Nagle/Xinhua)