Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ရဟတ်ယာဉ် ပျက်ကျမှုအတွင်း လူလေးဦးသေဆုံး

ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Colusa ကောင်တီ၌ ဩဂုတ် ၁ ရက် နေ့လည်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုအတွင်း လူလေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

Colusa ကောင်တီအုပ်ချုပ်ရေးအရာရှိရုံးက ဌာနေတိုင်းရင်းသားများအတွက် သီးသန့်သတ်မှတ်ပေးထားသောနယ်မြေလမ်းရှိ အမှတ် ၄၅ အဝေးပြေးလမ်းမအနီး ဧရိယာတွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်(ဂရင်းနစ် စံတော်ချိန် ၂၀၁၅) အချိန်တွင် လေယာဉ်ပျက်ကျမှု သတင်းပေးပို့ချက်ကို လက်ခံရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိသွားချိန်တွင် ပထမဆုံး တွေ့ရှိသည့် အမှုထမ်းက ရဟတ်ယာဉ်ပေါ်တွင် လူလေးဦးကို တွေ့ရှိခဲ့ကြောင်း ၊ အခင်းဖြစ်နေရာ၌ ခရီးသည်များ သေဆုံးသည်ကို အတည်ပြုခဲ့ကြောင်း Colusa ကောင်တီအုပ်ချုပ်ရေးရုံးက ဆိုသည်။

စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ကောင်တီအုပ်ချုပ်ရေးအရာရှိရုံးက ပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်အား တွေ့မြင်ခဲ့သူများကို တွေ့ဆုံမေးမြန်းနေကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

Colusa ကောင်တီသည် Sacramento မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ ခန့် အကွာ ကယ်လီဖိုးနီးယားပြည်နယ် တောင်တန်းကြားတွင် တည်ရှိသော မြို့ငယ်တစ်မြို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
4 killed in helicopter crash in U.S. California
LOS ANGELES, Aug. 1 (Xinhua) — Four people were killed Sunday afternoon in a helicopter crash in Colusa County in the western U.S. state of California, authorities said.
The Colusa County Sheriff’s Office said in a news release that it received a report of the crash at 1:15 p.m. local time (2015 GMT) in the area near Highway 45 at Reservation Road.
“Upon arrival, the first responder personnel located four passengers on board the helicopter. The passengers were confirmed deceased at the scene,” said the office.
Investigations are underway, said the office, adding that it is interviewing persons who may have seen the accident.
Colusa County is in the Central Valley of California, around 100 km northwest of the state capital, Sacramento. Enditem