Connect with us

North America

အမေရိကန် ဆန်ဖရန်စစ္စကိုမြို့တွင် ၈၄ ကြိမ်မြောက် လဟာပြင်ဂီတပွဲတော် ကျင်းပမည်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ COVID-19 ကာကွယ်ဆေးထိုးနှံသော နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မေ ၂၁ ရက် (ဆင်ဟွာ)

သက်တမ်းအရှည်ကြာဆုံး အခမဲ့ လဟာပြင်ဂီတပွဲတော်ဖြစ်သည့် Stern Grove ပွဲတော်ကို ယခုနှစ် နွေရာသီ ဇွန် ၂၀ ရက်တွင် Bay Area ၌ ၈၄ ကြိမ်မြောက် ကျင်းပသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို မြို့တော်ဝန် London Breed က မေ ၂၀ ရက်တွင် ကြေညာခဲ့သည်။

သြဂုတ် ၂၉ ရက် အထိ ကျင်းပမည့် ဂီတပွဲတော်တွင် ဂီတအမျိုးအစားအစုံပါဝင်ပြီး လူကိုယ်တိုင်ဖျော်ဖြေမည့် တေးဂီတပွဲများမှာလည်း အပြည့်ပင်ဖြစ်ကြောင်း သိရသည်။ ၎င်းပွဲတော်အား အခမဲ့ဆက်လက်ကျင်းပမည်ဖြစ်သော်လည်း ကျန်းမာရေးညွှန်ကြားချက်များအရ ပွဲစီစဉ်သူများသည် အွန်လိုင်းလက်မှတ်ကြိုတင်မှာကြားသည့်စနစ်ဖြင့် ပရိသတ်အရေအတွက် အားကန့်သတ်ထားမည်ဖြစ်ကြောင်း ၎င်းကြေညာချက်တွင်ပါရှိသည်။

“တိုက်ရိုက်ဂီတဖျော်ဖြေပွဲ ပြန်လည်ကျင်းပနိုင်တာက ဆန်ဖရန်စစ္စကို ပြန်လည်ကောင်းမွန်လာတဲ့ ပျော်ရွှင်ဖွယ်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း ၈၀ ကျော်ကြာသည်အထိ Stern Grove ပွဲတော်ဟာ ကမ္ဘာ့အဆင့်မီတင်ဆက်မှုများနဲ့ လှပတဲ့ပြည်သူ့ပန်းခြံမှာ အခမဲ့ဖျော်ဖြေပေးခဲ့ပြီး အားလုံးပါဝင်နိုင်ခဲ့ပါတယ်” ဟု Breed ကပြောသည်။

“ကပ်ရောဂါက ကျွန်တော်တို့ဘဝတွေကို ပြောင်းလဲစေခဲ့ပြီး အသက်မွေးဝမ်းကျောင်းတွေ၊ ကျန်းမာရေး၊ မိသားစုနဲ့ လူမှုဆက်ဆံရေးတွေကို ထိခိုက်စေခဲ့တယ်။ ဒါကြောင့် ဆန်ဖရန်စစ္စကို ပြန်ဖွင့်နိုင်ရေး ကုစားမှုအစီအစဥ်မှာ ပါဝင်ရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်’’ ဟု Stern Grove ပွဲတော်၏ အမှုဆောင်ဒါရိုက်တာ Bob Fiedler ကပြောသည်။ (Xinhua)

———————————–
(English Version)
Outdoor music festival to return to U.S. San Francisco for 84th season

SAN FRANCISCO, May 20 (Xinhua) — U.S. San Francisco Mayor London Breed on Thursday announced Stern Grove Festival, the longest-running free outdoor music festival in the Bay Area, will return to the city for its 84th season this summer on June 20.
The multi-genre music festival will run through Aug. 29 with a full slate of in-person concerts. It will remain free, but organizers will limit audience capacity according to health orders through an online ticket reservation system, the announcement said.
“The return of live music marks a joyful part of San Francisco’s recovery,” said Breed. “For more than 80 years, Stern Grove Festival has been bringing us world class performances in a beautiful public park — free and accessible to all.”
“This pandemic altered our lives, impacting livelihoods, health, family, and community connections. So, we are thrilled to be part of the healing process for San Francisco’s reopening,” said Stern Grove Festival Executive Director Bob Fiedler. Enditem