Connect with us

COVID-19 UPDATES

အမေရိကန် တပ်ဖွဲ့ဝင်များအတွက် COVID-19 ကာကွယ်ဆေး မထိုးမနေရ ဆောင်ရွက်ရာတွင် ပင်တဂွန်အား ဘိုင်ဒန် ထောက်ခံ

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား တွေ့ရစဉ် (ဓာတ်ပုံ- Melina Mara/Pool via Xinhua)

ဝါရှင်တန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ကာကွယ်ရေးဝန်ကြီးဌာန (DOD) အနေဖြင့် အမေရိကန် စစ်တပ် တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၁၅ ရက်မတိုင်မီ COVID-19 ကာကွယ်ဆေး မထိုးမနေရဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုအား အခိုင်အမာ ထောက်ခံကြောင်း ဩဂုတ် ၉ ရက်၌ ပြောကြားခဲ့သည်။

“စက်တင်ဘာလလယ်ထက် နောက်မကျစေဘဲ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံမှုစာရင်းမှာ COVID-19 ကာကွယ်ဆေး ဖြည့်ဆည်းဖို့ ကာကွယ်ဆေးဝန်ကြီးဌာန အစီအစဉ်အပေါ် ဒီကနေ့ တပ်ဖွဲ့ကို ပေးပို့တဲ့ ကာကွယ်ရေးဝန်ကြီး (လွိုက်) အော်စတင်ရဲ့သတင်းစကားကို ကျွန်တော် အခိုင်အမာ ထောက်ခံပါတယ်”ဟု DOD က ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်၏ မှတ်တမ်းအား ထုတ်ပြန်ပြီးနောက် မကြာမီ အိမ်ဖြူတော်က ထုတ်ပြန်ချက်၌ ဘိုင်ဒန်က ပြောကြားထားသည်။

ယင်းနေ့အစောပိုင်း၌ အော်စတင်က ၎င်းအနေဖြင့် “စက်တင်ဘာလလယ်ထက် နောက်မကျစေဘဲ ကာကွယ်ဆေး မထိုးမနေရ သမ္မတ၏ ခွင့်ပြုချက် ဒါမှမဟုတ် အမေရိကန် အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာနက ချက်ချင်း ခွင့်ပြုချက် ဘယ်ဟာပဲအရင်ရရ တောင်းခံသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယခုအခါ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသော Pfizer ကာကွယ်ဆေးအား FDA က အပြည့်အဝ ခွင့်ပြုရန် ပျက်ကွက်ခြင်းကြောင့် အော်စတင်အနေဖြင့် ယူနီဖောင်းဝတ်အမျိုးသားနှင့် အမျိုးသမီးများအတွက် ကာကွယ်ဆေး မထိုးမနေရလုပ်ဆောင်ရန် ဘိုင်ဒန်ထံမှ တရားဝင်အကြောင်းကြားစာ တောင်းခံသွားမည် ဖြစ်ကြောင်း၊ FDA ၏ အပြည့်အဝခွင့်ပြုချက်အား “နောက်လအစောပိုင်း” ၌ ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီးက ဆိုသည်။

ပင်တဂွန်၏ အဆိုအရ တပ်ဖွဲ့ဝင် ၁ သန်းကျော်သည် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်းနှင့် အခြားသူ ၂၃၇,၀၈၂ ဦးတို့သည် ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ဩဂုတ် ၄ ရက် နောက်ဆုံးစာရင်းအရ ကာကွယ်ဆေးထိုးနှံမှုနှုန်းများမှာ စစ်တပ် တပ်ဖွဲ့ဝင်များအကြား ကွဲပြားခြားနားလျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Biden supports Pentagon in making COVID-19 vaccine mandatory for U.S. troops
Source: Xinhua| 2021-08-10 10:10:23|Editor: huaxia
WASHINGTON, Aug. 9 (Xinhua) — U.S. President Joe Biden said Monday that he “strongly” supports the effort by the Department of Defense (DOD) to make COVID-19 vaccine mandatory for members of the U.S. military by Sept. 15.
“I strongly support (Defense) Secretary (Lloyd) Austin’s message to the Force today on the Department of Defense’s plan to add the COVID-19 vaccine to the list of required vaccinations for our service members not later than mid-September,” Biden said in a statement released by the White House shortly after the DOD released Secretary of Defense Lloyd Austin’s memo.
Earlier in the day, Austin said in the memo that he “will seek the president’s approval to make the vaccines mandatory no later than mid-September, or immediately upon” licensure by the U.S. Food and Drug Administration (FDA), “whichever comes first.”
Absent the FDA’s full approval to the Pfizer vaccine, which is now authorized only for emergency use, Austin will have to seek a waiver from Biden in order to make inoculation compulsory for the men and women in uniform. The secretary said in the memo that a full FDA licensure is expected “early next month.”
According to the Pentagon, more than 1 million troops have been fully vaccinated and another 237,082 have received one shot. The data, last updated on Aug. 4, also showed that vaccination rates vary widely among different military services. Enditem
Photo : U.S. President Joe Biden addresses a joint session of Congress in Washington, D.C., the United States, April 28, 2021. (Melina Mara/Pool via Xinhua)