Connect with us

Asia

အမျိုးသမီးများ ကာကွယ်ရေးတက္ကသိုလ် ဝင်ရောက်ခွင့် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ကြောင်း အိန္ဒိယ ထိပ်တန်းတရားရုံး ပြောကြား

နယူးဒေလီ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယအမျိုးသားကာကွယ်ရေးတက္ကသိုလ် (NDA) သို့ အမျိုးသမီးများဝင်ရောက်ခွင့်အား နောက်နှစ်မေလအထိရွှေ့ဆိုင်းရန် ဖက်ဒရယ်အစိုးရ၏ တောင်းဆိုချက်ကို အိန္ဒိယထိပ်တန်းတရားရုံးက စက်တင်ဘာ ၂၂ ရက်တွင်ပယ်ချခဲ့သည်။“ဒါကဒီစာသင်နှစ်တစ်ခုတည်းအတွက်သာ မဟုတ်ဘူး။ အားလုံးကို တစ်နှစ်အတွင်းရွှေ့ဆိုင်းဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခက်အခဲရှိတယ်။ ရည်မှန်းချက်မြင့်မြင့်ထားတဲ့ အမျိုးသမီးတွေကို ကျွန်တော်တို့ မျှော်လင့်ချက်ပေးထားပြီးတော့ အဲဒီမျှော်လင့်ချက်ကို မပိတ်ပင်ချင်ဘူး” ဟု တရားရုံးက အစိုးရရှေ့နေချုပ် Aishwarya Bhati အား ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးတက္ကသိုလ် (NDA) သည် အမျိုးသားများအတွက် သာ သီးသန့် ဖွင့်လှစ်ထားသည်။

လာမည့်နှစ်မေလတွင် ကျင်းပမည့် NDA ဝင်ခွင့်စာမေးပွဲဖြေဆိုရန်အတွက် အမျိုးသမီးဗိုလ်လောင်များအား ခွင့်ပြုခြင်းနှင့်ပတ်သက်၍ အသိပေးချက်တစ်ခု ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဗဟိုတရားရုံးချုပ်သို့ ဖက်ဒရယ်အစိုးရက ပြောကြားခဲ့သည်။
ရှေ့နေချုပ်သည် နိုဝင်ဘာ ၁၄ ရက်တွင် နောက်ထပ်ကျင်းပရန်လျာထားသည့် NDA ဝင်ခွင့်စာမေးပွဲအား ရွှေ့ဆိုင်းရန် ထပ်မံ စီစဉ်ခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များသည် အရေးပေါ်အခြေအနေများ ကိုင်တွယ်ရန် အကောင်းဆုံးတုံ့ပြန်ရေးအဖွဲ့ဖြစ်ပြီး လိုအပ်သော စီစဉ်မှုများက NDA တွင် အမျိုးသမီးများ ပါဝင်ရေးအတွက် နှောင့်နှေးခြင်းမရှိဘဲ လမ်းကြောင်းဖော်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း တရားရုံးက ယုံကြည်ထားသည်။

အိန္ဒိယစစ်တပ်ရှိ အမျိုးသမီးအရာရှိများသည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်အမျိုးသားများနှင့် တန်းတူ တပ်မှူးရာထူးများ ရရှိနိုင်ကြောင်း ထိပ်တန်းတရားရုံးက ယမန်နှစ်တွင် ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Indian top court says women’s entry into defence academy cannot be deferred

NEW DELHI, Sept. 22 (Xinhua) — India’s top court on Wednesday turned down the federal government’s request to postpone until May next year the entry of women into the National Defence Academy (NDA).

“No, it has to be from this session only. We find it difficult to postpone everything by a year. After we have given a hope (to women aspirants) we don’t want to deny the hope,” the court told Additional Solicitor General Aishwarya Bhati.

Until now the country’s defence service training academy NDA is open only to men. The federal government had told the apex court that a notification allowing women candidates to appear for the entrance exam to the NDA will be out by May next year.

The additional solicitor general sought skipping the next NDA entrance examination scheduled to be held on Nov. 14. The court believed that armed forces were the best response team to deal with emergency situations and it was hopeful that necessary arrangements will be put in place to pave the way for the induction of women in the NDA without delay.
Last year the top court said women officers in the Indian army could get command positions at par with their male colleagues. Enditem