Connect with us

Asia

အာဆီယံခရီးသွားဝန်ကြီးများက ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်ဖွင့်လှစ်ရေးကို ကြေညာရန် သဘောတူ

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားဝန်ကြီး Thong Khon အား Sihanoukville မြို့၌ ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံခရီးသွားဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၏ ခရီးသွားဝန်ကြီးများသည် COVID-19 ကပ်ရောဂါကြားမှ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းကို ကြေညာသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် သဘောတူခဲ့ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ Sihanoukville မြို့၌ ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပသည့် ၂၅ ကြိမ်မြောက် အာဆီယံ ခရီးသွား ဝန်ကြီးများ အစည်းအဝေးအား တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားဝန်ကြီး Thong Khon က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ၂၅ ကြိမ်မြောက် အာဆီယံခရီးသွားဝန်ကြီးများ အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ပင်လယ်ကမ်းခြေမြို့၌ လူကိုယ်တိုင် တက်ရောက်ခြင်း နှင့် အွန်လိုင်းမှတစ်ဆင့် ရုပ်သံဖြင့် တက်ရောက်ခြင်း ပုံစံနှစ်မျိုးလုံးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရီးသွားဝန်ကြီးများက အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွင့်လှစ်ခြင်းအတွက် အဆင်သင့်ဖြစ်ရုံသာမက ပိုမိုဒဏ်ခံနိုင်မှုနှင့်အတူ လျှင်မြန်စွာ ပြန်လည်ဦးမော့လာလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟူ၍လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒေသတွင်း နှင့် နိုင်ငံတကာ နှစ်မျိုးလုံးတွင် အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ခြင်းအား ကြေညာသွားရန် သဘောတူကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဖြစ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်သည် တစ်ဖြည်းဖြည်းနှင့်တည်ငြိမ်လာလိမ့်မည် ဖြစ်ကြောင်း မှတ်ချက်ပြုဖော်ပြထားသည်။

ခရီးသွားဝန်ကြီးများက အာဆီယံနိုင်ငံများကြားထဲတွင် စံသတ်မှတ်ထားသည့် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခြင်း အသိအမှတ်ပြုစနစ်တစ်ခုအား မိတ်ဆက်ရန်လည်း သဘောတူညီခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအသီးသီးတွင် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ထွန်းတိုးတက်မှုအား ကြိုဆိုခဲ့ကာ ယင်းမှာ အာဆီယံခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ဟု ဆိုသည်။

ခရီးသွားလုပ်ငန်းကဏ္ဍတွင် အာဆီယံသည် စိတ်အားထက်သန်မှုရှိနေဆဲ ဆိုသည်ကို သေချာစေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းကဏ္ဍ ပို၍ပူးပေါင်းဆောင်ရွက်မှုများအတွက် အာဆီယံခရီးသွားဝန်ကြီးများက အလေးပေးဖော်ပြခဲ့ကြကြောင်းလည်း သိရသည်။
၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ASEAN အာဆီယံအသင်းကြီးတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။ (Xinhua)

………………………………..
(English Version)
ASEAN tourism ministers agree to announce reopening of sector
PHNOM PENH, Jan. 19 (Xinhua) — Tourism ministers of the Association of Southeast Asian Nations (ASEAN) on Wednesday agreed to announce the reopening of ASEAN tourism to revitalize the sector amid the COVID-19 pandemic, according to a statement.
Chaired by Cambodia’s Tourism Minister Thong Khon, the 25th Meeting of ASEAN Tourism Ministers was held in both physical and virtual formats in Cambodia’s seaside city of Sihanoukville.
The ministers said the ASEAN tourism sector was not only ready for reopening but would also bounce back quickly with more resilience, according to the statement.
“In this regard, we agreed to announce the reopening of ASEAN tourism, both intra-regional and international,” it said, noting that “every possible coordination and cooperation will be provided so that the reopening process will be gradual and steady.”
The ministers also agreed to introduce a standardized COVID-19 vaccination recognition system among ASEAN countries, and welcomed the progressive roll-out of COVID-19 vaccination in each ASEAN member state, which is a key indicator for the reopening of ASEAN tourism.
They also highlighted further cooperation in the tourism sector among ASEAN member states to ensure that ASEAN remains competitive in the sector.
Founded in 1967, ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam. Enditem
Photo 1- Cambodia’s Tourism Minister Thong Khon speaks during the 25th Meeting of ASEAN Tourism Ministers in Sihanoukville, Cambodia, Jan. 19, 2022. Tourism ministers of the Association of Southeast Asian Nations (ASEAN) on Wednesday agreed to announce the reopening of ASEAN tourism to revitalize the sector amid the COVID-19 pandemic, according to a statement. (Photo by Phearum/Xinhua)
Photo 2 – Photo taken on Jan. 19, 2022 shows the 25th Meeting of ASEAN Tourism Ministers in Sihanoukville, Cambodia. Tourism ministers of the Association of Southeast Asian Nations (ASEAN) on Wednesday agreed to announce the reopening of ASEAN tourism to revitalize the sector amid the COVID-19 pandemic, according to a statement. (Photo by Phearum/Xinhua)