Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ ယောကျ်ားလေးများအတွက် အလယ်တန်း ၊ အထက်တန်း စာသင်ကျောင်းများ ပြန်ဖွင့်

ကဘူးလ် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

စက်တင်ဘာ ၁၉ ရက်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အလယ်တန်း နှင့် အထက်တန်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့ ဖြစ်သည်။အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်တို့က သိမ်းယူပြီးနောက် တစ်လကျော်အကြာတွင် နိုင်ငံအတွင်းရှိ အလယ်တန်းကျောင်း ၊ အထက်တန်းကျောင်း နှင့် မတ်ရာဆက်စ် (madrasas) သို့မဟုတ် ဘာသာရေးကျောင်းများအား စက်တင်ဘာ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Kunduz ပြည်နယ်အား ဩဂုတ် ၂၂ ရက်က တာလီဘန်တို့ သိမ်းပိုက်လိုက်ပြီးနောက် စာသင်ကျောင်းတစ်ကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသားများအား တွေ့ရစဉ်(ဆင်ဟွာ)

“ပုဂ္ဂလိက နဲ့ အစိုးရပိုင် အလယ်တန်း ၊ အထက်တန်းကျောင်းတွေနဲ့ မတ်ရာဆက်စ် (သို့မဟုတ်) ဘာသာရေးကျောင်းတွေအားလုံးက ယောကျ်ားလေးကျောင်းသား နဲ့ အမျိုးသား ဆရာတွေကို စက်တင်ဘာ ၁၈ ရက်မှာ နိုင်ငံရဲ့ ၃၄ ပြည်နယ်လုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို ပြန်သွားဖို့ ပြောကြားထားပါတယ်။”ဟု ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။
မိန်းကလေးစာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည့် အချိန်ကို ဝန်ကြီးဌာနက ပြောကြားထားခြင်း မရှိပေ။

အာဖဂန်နစ္စတန်နိုင်ငံ Kunduz ပြည်နယ်အား ဩဂုတ် ၂၂ ရက်က တာလီဘန်တို့ သိမ်းပိုက်လိုက်ပြီးနောက် စာသင်ကျောင်းတစ်ကျောင်း၌ တက်ရောက်သင်ကြားနေသော ကျောင်းသားများအား တွေ့ရစဉ်(ဆင်ဟွာ)

ယောကျ်ားလေး နှင့် မိန်းကလေးများအတွက် မူလတန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ကာ အစိုးရတက္ကသိုလ်များမှာမူ ပိတ်သိမ်းဆဲ ဖြစ်ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သော အခြားကြေညာချက်တစ်ရပ်တွင် ဝန်ကြီးဌာန၏ အမျိုးသား အမှုထမ်းများအားလုံးသည် စက်တင်ဘာ ၂၀ ရက်မှစ၍ ၎င်းတို့၏ ရုံးများအား တက်ရောက်ကာ တာဝန်များအား ပြန်လည်စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိန်းကလေးများအတွက် အလယ်တန်း နှင့် အထက်တန်းကျောင်းများ ဆက်လက်ပိတ်ထားခြင်းသည် အာဖဂန်အမျိုးသမီးများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် အမျိုးသမီးအခွင့်အရေးများ ချိုးဖောက်ခံရခြင်းအဖြစ် အာဖဂန်အမျိုးသမီးများက သတ်မှတ်ခဲ့ကြသည်။

“အနာဂတ်မှာ ကျွန်မ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မပညာရေးကို နိုမ့်ပါးအောင်လုပ်လိုက်တော့ ကျွန်မ အိမ်မက်တွေလည်း ကွယ်ပျောက်ရပြီပေါ့” ဟု Nadia ဆိုသည့် ကျောင်းသူ တစ်ဦးက ပြောကြားခဲ့သည်။

ဒေသတွင်း စာသင်ကျောင်းတစ်ကျောင်းရှိ ကိုးတန်းကျောင်းသူ Nadia က “ကျောင်းသွားတာနဲ့ ပညာသင်ယူတာက ကျွန်မရဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
တာလီဘန်ခေါင်းဆောင်များက အာဖဂန် အမျိုးသမီးများ နှင့် မိန်းကလေးများသည် ပညာသင်ကြားခြင်း နှင့် အလုပ်လုပ်ရန် အခွင့်အရေး ရှိကြောင်း ၊ သို့သော် ရှာရီယာ သို့မဟုတ် အစ္စလာမ်မစ်ဥပဒေမူဘောင်အတွင်းမှသာ ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။

အာဖဂန်အမျိုးသမီးများသည် နေအိမ်ပြင်ပ ပညာသင်ကြားခြင်း နှင့် အလုပ်လုပ်ခြင်း အပါအဝင် ၎င်းတို့၏ အခွင့်အရေးများ သေချာစေရန် နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က မိန်းကလေးများ၏ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နှင့် အသစ်ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရက မိန်းကလေးများအတွက် ဆရာများ နှင့် စာသင်ခန်းများအား မည်သို့ ခွဲခြားရမည် ဆိုသည့် လုပ်ထုံးလုပ်နည်းများအား ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————
(English Version)

Afghanistan’s secondary, high schools reopen for boys

KABUL, Sept. 19 (Xinhua) — Sunday is the second day of reopening the secondary and high schools in Afghanistan.
In the Central Asian country, secondary schools, high schools and madrasas or religious schools reopened on Saturday, more than a month after the Taliban takeover of the country, the Ministry of Education said.

“Boy students and male teachers of all private and government-run secondary, high schools, and madrasas or religious schools are asked to return to schools in all 34 provinces of Afghanistan on Saturday,” the ministry said in a statement.

The ministry didn’t say when the girls’ schools would reopen.Primary schools for boys and girls have already reopened and the government-run universities have remained closed.
The education ministry said in another statement on Sunday that all the male personnel of the ministry should resume their duties and attend their offices from Monday.

The continued closure of the secondary and high schools for girls has caused concerns among the Afghan females who have termed the decision as a violation of the women rights.
“I want to become a doctor in the future but depriving me of education will bury my dream,” a girl student, Nadia, said.

A ninth grader in a local school, Nadia said “Going to school and getting education is my natural right.”Taliban leaders have repeatedly said that Afghan women and girls have the right to study and work but only within the framework of Sharia or Islamic law.

Afghan women have demanded the country ensure their rights including study and work outside home.
Taliban spokesperson Zabihullah Mujahid has said that girls’ schools will reopen and the newly formed caretaker government has been working on the procedure on how to separate the classrooms and teachers for girls. Enditem

Photo 1 – Afghan school students attend a classroom at a local school after the Taliban have taken control of the country in Kunduz province, Afghanistan, Aug. 22, 2021. (Ajmal Kakar/Xinhua)
Photo 2 – Afghan school students attend a classroom at a local school after the Taliban have taken control of the country in Kunduz province, Afghanistan, Aug. 22, 2021. (Ajmal Kakar/Xinhua)
Photo 3 – Afghan school students attend a classroom at a local school after the Taliban have taken control of the country in Kunduz province, Afghanistan, Aug. 22, 2021. (Ajmal Kakar/Xinhua)