Connect with us

Africa & Middle East

အာဖဂန်နစ္စတန်ရှိ ကလေးများအား ကာကွယ်ဆေးထိုးနှံရေး ပြန်လည်စတင်ရန် အိမ်စောင့်အစိုးရကို ယူနီဆက်တိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်တွင် ကာကွယ်ဆေးထိုးနှံရေးကမ်ပိန်းအတွင်း ကလေးငယ်တစ်ဦးအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က စစ်ဘေးဒဏ်ခံစားနေရသော အာဖဂန်နစ္စတန်နိုင်ငံတွင် ပိုလီယိုနှင့် ဝက်သက်ရောဂါ ပျံ့နှံမှုစိုးရိမ်လျက်ရှိသည့်ကြားမှ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်း ပြန်လည်စတင်ရန် တာလီဘန် အိမ်စောင့်အစိုးရအား အောက်တိုဘာ ၁၀ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။

“ကျန်းမာရေးစနစ်က ပြိုကျဖို့ဖြစ်နေပါတယ်။ ကြီးမားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတွေ ရှိနေပါလိမ့်မယ်” ဟု ယူနီဆက် လက်ထောက်အမှုဆောင် ဒါရိုက်တာ Omar Abdi ၏ တွစ်တာပေါ်၌ ထုတ်ပြန်ချက်အား ကိုးကား၍ သတင်းက ဆိုသည်။

မကြာသေးမီက အာဖဂန်နစ္စတန်နိုင်ငံနှင့် အိမ်နီးချင်း ပါကစ္စတန်နိုင်ငံသို့ လေးရက်ကြာ သွားရောက်လည်ပတ်ခဲ့သော Abdi က ကလေးငယ်များအတွက် အခြေခံကျန်းမာရေး၊ ကာကွယ်ဆေးထိုးနှံခြင်း၊ အာဟာရရရှိခြင်း၊ ရေနှင့် သန့်ရှင်းရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ရရှိရန် လိုအပ်ကြောင်း အလေးထားပြောခဲ့သည်။

ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများမှ ကလေးသူငယ်များနှင့် လူမှုအသိုင်းအဝိုင်းအား ကာကွယ်ရေးအထောက်အကူပြုရန် ဝက်သက်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ (COVID-19) ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းများ ချက်ချင်းပြန်လည်စတင်ရန်အတွက် ထုတ်ပြန်ချက်အား ကိုးကားလျက် Abdi က တိုက်တွန်းခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအား ဩဂုတ်လလယ်ပိုင်းက တာလီဘန် သိမ်းပိုက်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်အပေါ် သက်ရောက်မှုရှိခဲ့သဖြင့် ပိုလီယိုရောဂါနှင့် ဝက်သက်ရောဂါ အမြောက်အများဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
UNICEF urges Afghan caretaker gov’t to resume kids’ vaccination drives
Source: Xinhua| 2021-10-10 19:05:08|Editor: huaxia
KABUL, Oct. 10 (Xinhua) — The United Nations children’s fund (UNICEF) on Sunday urged the Taliban’s caretaker government to resume children’s vaccination amid fear of spreading polio and measles in war-affected Afghanistan.
“The health system is about to collapse. We will have humanitarian catastrophe,” UNICEF Deputy Executive Director Omar Abdi was quoted as saying in a statement on Twitter.
Abdi, who recently ended a four-day visit to Afghanistan and neighboring Pakistan, stressed the need of children access to basic healthcare, immunization, nutrition, water and sanitation and child protection services.
Quoted by the statement, Abdi called for an immediate resumption of measles and COVID-19 immunization campaigns to help protect children and communities from vaccine-preventable diseases.
Several cases of polio and measles were reported in Afghanistan as the vaccination campaign had been affected following Taliban’s takeover in mid-August. Enditem

Photo : A health worker gives a polio vaccine to a child during a vaccination campaign in Kandahar, Afghanistan, Dec. 11, 2018. Afghanistan’s Public Health Ministry launched a five-day campaign on Monday to give immunity vaccination dose to 3 million children under the age of five in 10 of the country’s 34 provinces, the ministry said in a statement. (Xinhua/Sanaullah Siem)