Connect with us

Africa & Middle East

အာဖရိကတောင်ပိုင်းနိုင်ငံများမှ လေကြောင်းခရီးများအား အီးယူ ရပ်နားထား

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) သည် ဥရောပ COVID-19 ဗီဇပြောင်းမျိုးစိတ်အသစ် ပျံ့နှံ့ခြင်းကို တားဆီးရန် အာဖရိကတောင်ပိုင်းဒေသမှ လေကြောင်းပျံသန်းမှုများကို “အရေးပေါ်ရပ်နားထားရေး” ကို ပြန်လည်ဆောင်ရွက်လိုကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။“ဥရောပကော်မရှင်က B.1.1.529 ဗီဇပြောင်းဗိုင်းရပ်စ်အပေါ် စိုးရိမ်ပူပန်မှုကြောင့် အာဖရိကတောင်ပိုင်းဒေသမှ လေကြောင်းခရီးသွားလာမှုကို အရေးပေါ်ရပ်နားထားရေး ပြန်လည်ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် အဆိုပြုသွားမည်ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က တွစ်တာပေါ်၌ ပြောကြားထားသည်။

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ Barajas Airport အား မတ်လ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီးယူ၏ “အရေးပေါ်ရပ်နားထားရေး” ဆောင်ရွက်ချက်သည် တတိယနိုင်ငံ သို့မဟုတ် ဒေသတစ်ခုတွင် ကူးစက်ရောဂါအခြေအနေ လျင်မြန်စွာဆိုးဝါးလာပါက အထူးသတိပြုရမည့်ဗီဇပြောင်း (ဗိုင်းရပ်စ်) တွေ့ရှိခဲ့ပါက” ခရီးသွားလာမှု ယာယီရပ်နားရန် အီးယူအဖွဲ့ဝင်နိုင်ငံများ ခွင့်ပြုရေးအတွက် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။

ရိုမေးနီးယားနိုင်ငံ Bucharest မြို့ရှိ တက္ကသိုလ် အရေးပေါ်ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် COVID-19 လူနာများအား ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်အသစ် တွေ့ရှိမှုသည် နောက်ထပ်အဆင့်များဆွေးနွေးရန်နှင့် ဆုံးဖြတ်ချက်ချရန် အဆင့်မြင့်အစည်းအဝေးများစွာအတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။

von der Leyen ၏ အဆိုပြုချက်ကို ဆွေးနွေးရန် နိုဝင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးအကျပ်အတည်းတုန့်ပြန်ရေး (IPCR) မူဘောင် အစည်းအဝေးအား ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အကြီးအကဲ Dana Spinant က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ SARS-CoV-2 ဗိုင်းရပ်စ်ဆင့်ကဲပြောင်းလဲမှု နည်းပညာအကြံပေးအဖွဲ့ (TAG VE) အား ဗီဇပြောင်းဗိုင်းရပ်စ်အသစ်အား အကဲဖြတ်ရန်နှင့် ဗီဇပြောင်းဗိုင်းရပ်စ်ဆိုင်ရာ ဥရောပ ကျန်းမာရေးအပေါ်အခြေအနေ ပြင်ဆင်မှုနှင့် တုန့်ပြန်မှုအာဏာပိုင်၏ (HERA) ကျွမ်းကျင်ပညာရှင်အဖွဲ့က နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

Von der Leyen ၏ COVID အကြံပေးအဖွဲ့က နိုဝင်ဘာ ၂၆ ရက်နှောင်းပိုင်းက အစည်းအဝေးပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ဥရောပကော်မရှင်သည် Eurocontrol (the European Organization for the Safety of Air Navigation) နှင့် ဥရောပလေကြောင်းဘေးကင်းမှုအေဂျင်စီ (EASA) တို့နှင့် အနီးကပ်ဆွေးနွေးလျက်” ရှိကြောင်း Spinant က ပြောကြားခဲ့သည်။ EASA သည် လေဆိပ်များနှင့် လေကြောင်းလိုင်းများတွင် ဆောင်ရွက်မှုများ လုပ်ဆောင်ရေး အကြံပြုချက်တစ်ရပ် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဒီဗီဇပြောင်းဗိုင်းရပ်စ်အသစ်မှာ မျိုးဗီဇကွဲတွေအများကြီးရှိနေတယ်” ဟု WHO ၏ COVID-19 ရောဂါ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်နေသူ Maria Van Kerkhove က နိုဝင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

“ဘယ်လိုကာကွယ်ဆေး တစ်ခုခုနဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို နားလည်ဖို့ ကျွန်မတို့အတွက် ရက်သတ္တပတ်အနည်းငယ် အချိန်ယူရမှာဖြစ်ပါတယ်။ ဗီဇပြောင်းဗိုင်းရပ်စ်က စောင့်ကြည့်နေပါတယ်။ ဒီဗိုင်းရပ်စ်ကို အထူးသတိပြုရမည့်ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် သတ်မှတ်လိုက်ပြီဆိုရင် TAG VE အနေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဥရောပတွင် ကပ်ရောဂါဆင့်ကဲပြောင်းလဲမှု စောင့်ကြည့်ရေး တာဝန်ရှိသူ ဥရောပအေဂျင်စီဖြစ်သော ဥရောပ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ (ECDC) က အထူးသတိပြုရမည့်ဗီဇပြောင်းဗိုင်းရပ်စ်အဖြစ် B.1.1.529 အမျိုးအစားသတ်မှတ်ထားကြောင်း Spinant က ပြောခဲ့သည်။ (Xinhua)

…………………………………………
(English Version)

EU to halt air travel from southern African countries

Source: Xinhua| 2021-11-27 02:54:20|Editor: huaxia

Passengers walk in the departure hall at the Brussels Airport in Zaventem, Belgium, April 19, 2021. (Xinhua/Zheng Huansong)

The new COVID-19 variant known as B.1.1.529 has a large number of mutations, and it will take a few weeks for us to understand what impact this variant has on any potential vaccines, according to Maria Van Kerkhove, the WHO’s COVID-19 technical lead.

BRUSSELS, Nov. 26 (Xinhua) — The European Union (EU) wants to activate the so-called “emergency brake” to stop air travel from the southern African region to delay the spread in Europe of a new COVID-19 variant, the European Commission said on Friday.

“The European Commission will propose, in close coordination with member states, to activate the emergency brake to stop air travel from the southern African region due to the variant of concern B.1.1.529,” Commission President Ursula von der Leyen said on Twitter.

The EU’s “emergency break” is a tool that allows the bloc to temporarily suspend travel if “the epidemiological situation of a third country or region worsens quickly, in particular if a (virus) variant of concern or of interest has been detected.”

Photo taken on March 3, 2021 shows a view of the Barajas Airport of Madrid, Spain. (Xinhua/Meng Dingbo)

The detection of this new COVID-19 variant has triggered a series of high-level meetings to discuss and decide the next steps.

A meeting in the framework of the Integrated Political Crisis Response (IPCR) mechanism was underway on Friday to discuss von der Leyen’s proposal, the Commission’s Deputy Chief Spokesperson Dana Spinant.

The World Health Organization’s (WHO) Technical Advisory Group on SARS-CoV-2 Virus Evolution (TAG VE) was also meeting on Friday afternoon to assess the new virus variant, and so was the European Health Emergency Preparedness and Response Authority’s (HERA) expert group on variants.

A medical worker treats COVID-19 patients in an ICU of the University Emergency Hospital in Bucharest, Romania, (Xinhua/Cristian Cristel)

Von der Leyen’s COVID advisory panel was scheduled to convene later on Friday.

The European Commission is also “in close contact with Eurocontrol (the European Organization for the Safety of Air Navigation) and the European Aviation Safety Agency (EASA),” Spinant said. The EASA is preparing a recommendation to airports and airlines on the measures to be taken.

“This variant has a large number of mutations,” said Maria Van Kerkhove, the WHO’s COVID-19 technical lead on Thursday.

“It will take a few weeks for us to understand what impact this variant has on any potential vaccines,” she said. “It’s a variant that’s under monitoring. The TAG VE will discuss if it should be designated as a variant of interest or variant of concern, and if that’s the case then we will give it a name from the Greek alphabet.”

On Friday, the European Center for Disease Prevention and Control (ECDC), the European agency in charge of monitoring the evolution of the pandemic in Europe, classed B.1.1.529 as a “variant of interest,” Spinant said.
1- Passengers walk in the departure hall at the Brussels Airport in Zaventem, Belgium, April 19, 2021. (Xinhua/Zheng Huansong)
2-Photo taken on March 3, 2021 shows a view of the Barajas Airport of Madrid, Spain. (Xinhua/Meng Dingbo)
3- A medical worker treats COVID-19 patients in an ICU of the University Emergency Hospital in Bucharest, Romania, (Xinhua/Cristian Cristel)