Connect with us

Asia

အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသရှိ ဟိန္ဒူဘုရားကျောင်းတစ်ခု၌ လူအုပ်ပိ၍ ၁၂ ဦးသေဆုံးမှုအား စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်

နယူးဒေလီ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

လူပေါင်း ၁၂ ဦးသေဆုံးပြီး အခြား ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဟိန္ဒူဘုရားကျောင်းတစ်ခုအတွင်း လူအုပ်ပိမှု ဖြစ်ရပ်ဆိုးအား အမြင့်ဆုံး စုံစမ်းစစ်ဆေးနိုင်ရန် အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ အာဏာပိုင်များက စနေနေ့တွင် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၏ ဆောင်းရာသီမြို့တော် Jammu မြို့၏ မြောက်ဘက် ၄၃ ကီလိုမီတာအကွာ၌ တည်ရှိသော Resai ခရိုင် Katra မြို့ရှိ တောင်ပေါ် Mata Vaishno Devi ဟိန္ဒူဘာသာဘုရားကျောင်းအတွင်း ဝင်ရောက်ဝတ်ပြုရန် ဘုရားဖူးများ တန်းစီတိုးဝှေ့စဉ် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ယင်း လူအုပ်ပိမှုကြီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘာသာရေးပွဲတော်အတွင်း လူအုပ်ပိ၍ သေဆုံးသွားသူများ၏ အခေါင်းများကို အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသ၏ ဆောင်းရာသီမြို့တော် Jammu မြို့၏ မြောက်ဘက် ၄၃ ကီလိုမီတာအကွာ၌ တည်ရှိသော Resai ခရိုင် Katra ဆေးရုံမှ သယ်ထုတ်လာစဉ် (ဆင်ဟွာ)

“ လူ ၁၂ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ Mata Vaishno Devi ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လူအုပ်ပိမှုကို အမြင့်ဆုံးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုလုပ်ဖို့ အစိုးရက အမိန့်ပေးထားပါတယ်” ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နှစ်သစ်ကူးအစတွင် ဘုရားဝတ်ပြုဆုတောင်းရန်အတွက် Vaishno Devi ဘုရားကျောင်းအဆောက်အဦထဲသို့ ဝင်ရောက်ကြသည့် များစွာလှသော လူများအကြား တစ်ဦး နှင့် တစ်ဦး တိုးဝှေ့ကြရာမှ ယင်းမတော်တဆ လူအုပ်ပိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။(အဆိုပါ လာရောက်ခဲ့သူများစုသည် ဘုရားကျောင်းထဲဝင်ရောက်ရန် ခွင့်ပြုလက်မှတ်မရှိကြသူများဖြစ်ကြောင်း) သိရသည်။

အခင်းဖြစ်နေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ခဲ့ကြောင်း နှင့် ဒဏ်ရာရသူများ အားလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရသိရသည်။

အိန္ဒိယနိုင်ငံသမ္မတ Ram Nath Kovind နှင့် ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ တို့က ယင်းလူအုပ်ပိမှုကြောင့် အသက်သေဆုံးခဲ့ရသူများအတွက် စိတ်ထိခိုက် ကြေကွဲရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သော ဝမ်းနည်းကြေကွဲဖွယ် လူအုပ်ပိမှုအဖြစ်အပျက်ကို အသေးစိတ်သိရှိနိုင်ရေး ခြေရာခံမှု နှင့် အနီးကပ်စောင့်ကြည့်မှုကို ပြုလုပ်သွားရန် ဝန်ကြီးချုပ်မိုဒီက အမိန့်ပေးခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံး၏ အငယ်တန်းဝန်ကြီး Jitendra Singh က ဆိုသည်။

ထို့ပြင် Singh က “ အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက် စာနာထောက်ထားမှုနဲ့ ဒဏ်ရာရသူအားလုံးအတွက်လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေကို ဖြစ်နိုင်သမျှ အစွမ်းကုန်ဖြည့်ဆည်းပေးဖို့လည်း မိုဒီက ညွှန်ကြားထားပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

Singh က ၎င်းအနေဖြင့် အခြေအနေကို အနီးကပ်စီမံခန့်ခွဲနိုင်ရန်အတွက် အခင်းဖြစ်ဘုရားကျောင်းသို့ အလျင်အမြန် သွားရောက်မည်ဟု ဆိုသည်။
“Mata Vaishno Devi ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအခြေအနေကို အနီးကပ် စီမံခန့်ခွဲဖို့အတွက် ကျွန်တော့်အနေနဲ့ Katra ကို အမြန်ဆုံးသွားရောက်မှာပါ ။ အဲဒီက အုပ်ချုပ်ရေးအဖွဲ့နဲ့ အသေးစိတ်ဆွေးနွေးမှုတွေလုပ်ပြီး ဝန်ကြီးချုပ်ကို ပြန်ပြီးအစီရင်ခံတင်ပြသွားမှာပါ” ဟု ၎င်း၏ လူမှုကွန်ရက်မီဒီယာမှတဆင့် ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံဘက် ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသအစိုးရအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူး Manoj Sinha ဦးဆောင်၍ အသက်သေဆုံးသွားသူများအတွက် တစ်ဦးလျှင်လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၄၂၀ နှင့် ထိခိုက်ဒဏ်ရာရသူများအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂,၆၈၄ စီ အသီးသီး ပေးအပ်သွားမည်ဟူ၍လည်း ထုတ်ဖော်ကြေညာခဲ့သည်။(Xinhua)

…………………………………………
(English Version)
12 killed in temple stampede in Indian-controlled Kashmir, probe ordered

NEW DELHI, Jan. 1 (Xinhua) — Authorities in Indian-controlled Kashmir Saturday ordered a high-level probe into stampede at a known Hindu shrine that killed 12 devotees and injured 13 others, officials said.
The stampede broke out at around 2:45 a.m. (local time) due to a massive rush of devotees at the mountainous shrine in Katra of Resai district, about 43 km north of Jammu, the winter capital of Indian-controlled Kashmir.
“A high-level inquiry has been ordered by the government into the stampede incident at Mata Vaishno Devi shrine that left 12 dead and 13 injured,” an official of the disaster management told Xinhua.
Reports said the stampede triggered when a huge crowd of devotees (with the majority of them reportedly without permission slips) were struggling and pushing each other to pay their obeisance to mark the beginning of the New Year, entered the Vaishno Devi building.
According to the police, rescue operations started immediately at the spot and all the injured have been taken to hospitals, where the condition of some was stated to be critical.
Indian President Ram Nath Kovind and Prime Minister Narendra Modi have expressed grief over the deaths in the stampede.
Junior minister in Indian Prime Minister’s Office Jitendra Singh said Modi was personally monitoring and keeping track of the tragic situation arising out of the stampede at the shrine. Singh said Modi has “conveyed his sympathies to bereaved families and issued instructions to provide all possible medical aid and assistance to the injured.”
Singh further said he would be rushing to the shrine to supervise the situation.
“I’m immediately rushing to Katra to take stock of the situation arising out of the tragedy at Mata Vaishno Devi Shrine. I look forward to have a detailed discussion with the administration and report it back to Prime Minister,” he writes on social media.
The Indian-controlled Kashmir government headed by Lieutenant Governor Manoj Sinha has announced a compensation of 13,420 U.S. dollars each to the families of those who lost their lives in the stampede and 2,684 U.S. dollars to each injured.

 

Photo (1) Health workers carry the coffin of a victim, who died in a stampede at a Hindu shrine, outside a hospital in Katra of Resai district, about 43 km north of Jammu, the winter capital of Indian-controlled Kashmir, Jan. 1, 2022. (Str/Xinhua)
Photo(2) Devotees line up for registration to visit a Hindu shrine in Katra of Resai district, about 43 km north of Jammu, the winter capital of Indian-controlled Kashmir, Jan. 1, 2022. (Str/Xinhua)