Connect with us

Asia

အိန္ဒိယ နိုင်ငံသားတစ်ဦးကို မိသားစုပြန်လည်ဆုံဆည်းရန်အတွက် ပါကစ္စတန်က ဗီဇာ ခွင့်ပြု

ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဗတ်မြို့ ရှိ လမ်းပေါ်တွင် ကင်းလှည့်နေသော ပါကစ္စတန်စစ်သားများအား ၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဆယ်စုနှစ် ခုနစ်ခုကျော်မိသားစုနှင့် ခွဲခွာနေရသော အသက် ၇၄ နှစ်အရွယ်ရှိသော အိန္ဒိယအမျိုးသားတစ်ဦးအား ၎င်း၏မိသားစုနှင့် တွေ့ဆုံရန် ပါကစ္စတန်အစိုးရက ဇန်နဝါရီ ၂၈ ရက်တွင် ဗီဇာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Sika Khan သည် ယခုလအစောပိုင်းက ပါကစ္စတန်အခြေစိုက် Youtube ချန်နယ်တစ်ခုမှ စီစဉ်ပေးသည့် စိတ်လှုပ်ရှားဖွယ်ရာ ပြန်လည်ဆုံစည်းမှုရှိ (နှစ်နိုင်ငံနယ်စပ်ရှိ ဘာသာရေး ဘုရားနေရာတစ်ခုဖြစ်သော) Kartarpur စင်္ကြံ၌ ၎င်း၏ အစ်ကိုဖြစ်သူ ပါကစ္စတန်နိုင်ငံသား Muhammed Siddique နှင့် တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံသည် ၁၉၄၇ ခုနှစ်ကတည်းက ပဋိပက္ခများနှင့် အကြမ်းဖက်မှုများအကြားတွင် သီးသန့်ခွဲခြားထားခြင်း ဖြစ်သည်။

“ညီအစ်ကိုနှစ်ဦးရဲ့ ဇာတ်လမ်းက ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ဗီဇာကင်းလွတ်ခွင့် Kartarpur Sahib စင်္ကြံကို ဘယ်လို သမိုင်းဝင်ဖွင့်လှစ်ခဲ့လဲဆိုတာရဲ့ အားကောင်းတဲ့ သာဓကတစ်ခုဖြစ်ပြီး လူတစ်ဦးနဲ့တစ်ဦးကို ပိုမိုနီးကပ်လာစေပါတယ်” ဟု Khan ကို ဗီဇာထုတ်ပေးပြီးနောက် အိန္ဒိယနိုင်ငံရှိ ပါကစ္စတန် High Commission က တွစ်တာ၌ ရေးသားခဲ့သည်။

ပါကစ္စတန် ဗီဇာ ကိုင်ဆောင်ထားသော Khan ရဲ့ဓာတ်ပုံကိုလည်း ပါကစ္စတန် High Commission က တွစ်တာမှာ တင်ခဲ့သည်။

အိန္ဒိယသည် ယခုနှစ်တွင် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ You Tube ချန်နယ်က ယခုလ အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ Gurdwara Kartarpur သို့ အလည်အပတ်သွားရောက်သော ညီအစ်ကိုများကြား တွေ့ဆုံမှုကို အဆင်ပြေချောမွေ့အောင် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
အိန္ဒိယ နိုင်ငံသားများသည် အထူးနယ်စပ်စင်္ကြံမှတစ်ဆင့် ခရီးသွားလာသည့်အခါ ဆစ်ခ်နတ်ကွန်းသို့ ဗီဇာမလိုဘဲ သွားရောက်နိုင်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Pakistan grants visa to Indian national for family reunion
NEW DELHI, Jan. 29 (Xinhua) — Pakistan granted a visa to a 74-year-old Indian national for him to meet his family on Friday after a separation of over seven decades.
Earlier this month, Sika Khan met his brother Muhammed Siddique, a Pakistani national, at the Kartarpur Corridor (a religious shrine situated at the border between the two neighboring countries) in an emotional reunion arranged by a Pakistan-based Youtube channel.
The two countries have been separated since 1947 amid conflicts and violence.
After granting the visa to Khan, the Pakistan High Commission in India tweeted “The story of the two brothers is a powerful illustration of how the historic opening of the visa-free Kartarpur Sahib Corridor in November 2019 by Pakistan is bringing people closer to each other.”
Khan’s picture of holding the Pakistani visa was also tweeted by the Pakistan High Commission.
India is celebrating its 75th year of independence this year.
Earlier this month, the channel facilitated a meeting between the brothers during a visit to the Gurdwara Kartarpur in Pakistan’s Punjab province.
Indian nationals are able to visit the Sikh shrine without visas by traveling through a special cross-border corridor. Enditem
Photo-Pakistani soldiers patrol on a road in Islamabad, capital of Pakistan, April 29, 2021.(Xinhua/Ahmad Kamal)