Connect with us

Europe

အီးယူ-ဘီလာရုဇ် ရွှေ့ပြောင်းနေထိုင်သူများအကျပ်အတည်း အဖြေရှာရန် ပူတင်နှင့် Michel တို့ တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့

မော်စကို၊ နိုဝင်ဘာ ၂၅ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အီးယူ-ဘီလာရုဇ် ရွှေ့ပြောင်းနေထိုင်သူများအကျပ်အတည်း နှင့် အခြားသော နိုင်ငံတကာပြဿနာများအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများကို ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel နှင့် နိုဝင်ဘာ ၂၄ ရက်က တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေစံနှုန်းများနှင့်အညီ ရွှေ့ပြောင်းနေထိုင်သူများ အကျပ်အတည်းကို ဖြေရှင်းရန် အရေးကြီးကြောင်းကို နှစ်ဖက်စလုံးက အလေးပေးပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘီလာရုဇ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် အီးယူ၏ လုပ်ရပ်သည် တန်ပြန်သက်ရောက်မှုရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။
ပိုလန်လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ အဓိကရုဏ်းဖြိုခွင်လက်ပစ်ဗုံးများ၊ မီးသတ်ပိုက်များနှင့် အခြားကိရိယာများ အသုံးပြုမှုကို ပူတင်က ထပ်လောင်း ထောက်ပြခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများအပေါ် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် တားဆီးနိုင်မည်ဟု မျှော်လင့်ကြောင်းဆိုသည်။

ပူတင်နှင့် Michel တို့သည် ယူကရိန်းပဋိပက္ခ နှင့် Nagorno-Karabakh၊ အာဖဂန်နစ္စတန်နှင့် လစ်ဗျားတို့တွင်ဖြစ်ပွားလျက်ရှိသော လက်ရှိအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Putin, Michel discuss solution to EU-Belarus migrant crisis in telephone call

MOSCOW, Nov. 24 (Xinhua) — Russian President Vladimir Putin discussed possible solutions to the EU-Belarus refugee crisis and other international issues in a telephone call with European Council President Charles Michel on Wednesday.

Both sides stressed the importance of resolving the migration crisis in conformity with the norms of international humanitarian law, the Kremlin said in a statement.
Putin said that the intention of the EU to introduce new sanctions against Belarus would prove counterproductive.

The Russian leader further pointed to the use of tear gas, stun grenades, water cannons and other equipment by Polish security forces, and expressed the hope that further violence against migrants would be prevented to avoid escalation.
Putin and Michel also discussed the Ukrainian conflict and the current situation in Nagorno-Karabakh, Afghanistan and Libya. Enditem