Connect with us

Media

၂၀၂၁ ခုနှစ်တွင် ရှန်ဟိုင်းမြို့က ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၄ ထရီလီယံကျော်လွန်ခဲ့

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ၂၀၂၁ ခုနှစ် တွင် ယွမ်ငွေ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၃၀.၄ ဘီလီယံခန့်) ကျော်လွန်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၀ ရက်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်ပြီးတစ်နှစ် ၈.၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် ယွမ် ၄.၃၂ ထရီလီယံအထိ ရောက်ရှိခဲ့ကြောင်း မြို့တော်ဝန် Gong Zheng က ကျင်းပနေဆဲဖြစ်သည့် ၁၅ ကြိမ်မြောက် ရှန်ဟိုင်း မြူနီစပယ် ပြည်သူ့ကွန်ဂရက် ၏ ဆဋ္ဌမမြောက် အစည်းအဝေးတွင် တင်ပြခဲ့သော အစိုးရ လုပ်ငန်းအစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က ရှုပ်ထွေးသော ပြင်ပပတ်ဝန်းကျင်အခြေအနေများနှင့် မတည်ငြိမ်သော ကပ်ရောဂါအခြေအနေ နောက်ခံအကြောင်းရှိနေသည့်ကြားမှ ရှန်ဟိုင်းမြို့သည် ၁၄ နှစ်တာ ၅နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလ ၏ အစပိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများကိုမြှင့်တင်ခြင်း၊ အရည်အသွေးမြင့်မားသည့် လူနေမှုဘဝအခြေအနေများကိုမြှင့်တင်ခြင်းနှင့် မြင့်မားထိရောက်မှုရှိသည့် အုပ်ချုပ်မှုစနစ်ကို တိုးတက်စေခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကပ်ရောဂါ ကာကွယ်ရေး အောင်မြင်မှုများကို လက်ရှိအချိန်အထိ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း Gong က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားများသည် ရှန်ဟိုင်းမြို့၏ စီးပွားရေးကဏ္ဍအား မောင်းနှင်ရန် တွန်းအားများ ဆက်လက်ဖြစ်ပေါ်စေသည်။ အဓိကလုပ်ငန်း ၃ ခုဖြစ်သည့် အဆင့်မြင့် ဆားကစ်ပြားများ၊ ဇီဝဆေးပညာနှင့် အသိဉာဏ်တု လုပ်ငန်းကဏ္ဍမှာလည်း ၂၀၂၁ ခုနှစ်တွင် ၁၈.၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့သည်။

ရှန်ဟိုင်းမြို့သည် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားကုန်သွယ်မှု ပမာဏလည်းကောင်းမွန်စွာတိုးတက်ခဲ့သည်။ သွင်းကုန်၊ ပို့ကုန်စုစုပေါင်းပမာဏမှာ ယွမ်၄ ထရီလီယံ ကျော်လွန်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍ၌ ထစ်ငေါ့မှုများရှိလင့်ကစား တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်ဝါဒကျင့်သုံးခဲ့သည့် ရှန်ဟိုင်းမြို့အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ကြီးမားစွာဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ၎င်း၏ ပကတိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၂.၅၅ ဘီလီယံသို့ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၁.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

လက်ရှိတွင် ရှန်ဟိုင်းမြို့သည် လူမျိုးပေါင်းစုံ၏ လုပ်ငန်းကုမ္ပဏီပေါင်း ၈၃၁ ခု အခြေစိုက်ရာ ဒေသတွင်းရုံးချုပ်များစွာတည်ရှိသည့်အပြင် ၂၀၂၁ ခုနှစ်တစ်နှစ်တည်း၌ပင် လုပ်ငန်းအသစ်ပေါင်း ၆၀ တိုးတက် ထူထောင်အခြေစိုက်ရာမြို့တစ်မြို့လည်း ဖြစ်လာကြောင်းမြို့တော်ဝန်ကဆိုသည်။
.
ရှန်ဟိုင်းမြို့၌ တစ်နှစ်ထက် တစ်နှစ် GDP တိုးတက်မှုနှုန်းအား ယခုနှစ်တွင် ၅.၅ ရာခိုင်နှုန်းဝန်းကျင်အထိ တိုးတက်လာစေရန် မျှော်မှန်းထားကြောင်း အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။ (Xinhua)
#China #Shanghai #GDP #improved #xinhua #xinhuamyanmar #ရှန်ဟိုင်း #တရုတ် #ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး #တိုးတက် #ဆင်ဟွာ #ဆင်ဟွာမြန်မာ
…………………….
(English Version)

GLOBALink | Shanghai surpasses 4 trln yuan GDP mark in 2021

SHANGHAI, Jan. 20 (Xinhua) — Shanghai’s gross domestic product (GDP) exceeded the four-trillion-yuan (about 630.4 billion U.S. dollars) threshold in 2021, local authorities said Thursday.
The metropolis in east China saw its GDP increase 8.1 percent year on year to 4.32 trillion yuan last year, according to the government work report delivered by the city’s mayor, Gong Zheng, at the ongoing sixth session of the 15th Shanghai Municipal People’s Congress.

Over the past year, against the background of a complicated external environment as well as the unstable pandemic situation, Shanghai has achieved a good start in the 14th Five-Year Plan period (2021-2025) by promoting high-quality development, creating high-quality life, developing high-efficient governance, and consolidating its current achievements of epidemic prevention and economic development, Gong said.

New growth engines continued to drive Shanghai’s economy. The manufacturing output of the three key industries — integrated circuits, biomedicine, and artificial intelligence — increased by 18.3 percent in 2021.

Shanghai also performed well in terms of foreign trade last year. The total imports and exports of the city exceeded 4 trillion yuan, rising 16.5 percent compared with the previous year.

Despite the faltering global economy due to the pandemic, Shanghai, at the forefront of China’s reform and opening-up, has attached great importance to attracting foreign investors. In 2021, its actual utilization of foreign investment reached 22.55 billion U.S. dollars, an increase of 11.5 percent over the previous year.

Shanghai now is home to 831 regional headquarters of multinational companies, including 60 newly established ones in 2021, the mayor said.

The city expects to notch a year-on-year GDP growth of around 5.5 percent this year, according to the government work report.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.