Connect with us

Europe

ကနေဒါနိုင်ငံတွင်မြေအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား၃၉ ဦးအား ကယ်တင်နိုင်ခဲ့

အော့တဝါ ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ၊ ဆဒ်ဘူရီ မြို့ Vale’ Totten သတ္တုမိုင်းတွင်းရှိ မြေအောက်၌ ပိတ်မိနေသည့် မိုင်းလုပ်သား ၃၉ ဦးလုံးအား ကယ်တင်နိုင်ခဲ့ကြောင်း CTV ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂၉ ရက်က ဖော်ပြချက်အရ သိရသည်။မိုင်းလုပ်သား၃၉ ဦးကို သတ္တုမိုင်းတွင်းအထဲမှ အပြင်သို့ ရောက်ရှိရန် အချိန်နှစ်ရက်ကျော်ကြာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးသတ္တုတွင်းလုပ်သား ၄ ဦးအားကယ်ဆယ်ပြီးနောက် စက်တင်ဘာ ၂၉ ရက်အစောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းလုပ်သား ၃၉ ဦးအား ကယ်ဆယ်ရေးအဖွဲ့ နှစ်ဖွဲ့ က အရေးပေါ်ထွက်ပေါက် လှေကားစနစ်ဖြင့် ကယ်ဆယ်ခဲ့သည်။ ၎င်းတို့အားလုံးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်၍ ဘေးကင်းလုံခြုံစွာရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

စက်တင်ဘာ ၂၆ ရက် နံနက် ၁၁း၃၀ နာရီ တွင်မတော်တဆမှုတစ်ခုဖြစ်ပွားပြီးနောက် သတ္တုမိုင်းတွင်း မြေအောက် ဥမင်ထိခိုက်ပျက်စီးသွားခဲ့ရသည်။ ၎င်း ဥမင်သည် မြေမျက်နှာပြင်အောက် ၄,၁၃၀ ပေ (၁,၂၅၉ မီတာ)အနက်တွင် တည်ရှိသည်။

အခင်းဖြစ်ပွားပြီးနောက် မိုင်းလုပ်သားများအား သတ္တုမိုင်းတွင်း၏ အရေးပေါ်နားခိုရာနေရာများ၌ ချက်ချင်းစုဝေးစေခဲ့ပြီး မြေပြင်ရှိကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့နှင့် မကြာခဏအဆက်အသွယ်များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းမတော်တဆမှု ဖြစ်ပွားပြီးနောက် မိုင်းလုပ်သားများအတွက် သယ်ယူပို့ဆောင်ရေး အဆက်အသွယ်ပြတ်ခဲ့ပြီး မိုင်းလုပ်သားများထံ ဆေးဝါးနှင့်အစားအစာများအား ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ယင်းသတ္တုမိုင်းတွင်းတွင် ကြေးနီ၊နီကယ်နှင့် အခြားအဖိုးတန်သတ္တုများအားထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

All 39 miners trapped underground rescued in Canada

OTTAWA, Sept. 29 (Xinhua) — All the 39 people trapped underground at Vale’s Totten Mine in Sudbury, Canada have been rescued, according to CTV on Wednesday.
It took more than two days to get the 39 miners to the surface. The rescue operation was completed early on Wednesday with the last four miners emerging.
The 39 miners exited the mine with support from two rescue teams through a secondary egress ladder system. All of them are reportedly safe and healthy.

They were stuck underground after an incident occurred that caused damage to the mine shaft around 11:30 a.m. Sunday. The shaft is 4,130 feet (about 1,259 meters) below the surface.
When the incident occurred, the 39 miners immediately went to refuge stations and had been in frequent communication with the rescue team on the surface.
Medication and food were brought to the miners after the conveyance for transporting miners was taken offline following the incident.
The mine produces copper, nickel and other precious metals. Enditem