Asia
ကပ်ရောဂါဖြစ်ပွားစဉ်မှာပင် ထိုင်းအစိုးရက တရုတ်နိုင်ငံ၏ ဟွာဝေးကုမ္ပဏီနှင့်အတူ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နေ
ဘန်ကောက် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ ဟွာဝေး နည်းပညာကုမ္ပဏီနှင့်အတူ ၎င်း၏ ဒီဂျစ်တယ်နည်းပညာပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ယခုရက်သတ္တပတ်တွင် ဘန်ကောက်မြို့၌ ကျင်းပသော cloud နည်းပညာပြပွဲတစ်ခုတွင် ထိုင်းအဆင့်မြင့်အရာရှိကြီးများက ပြောကြားခဲ့သည်။နိုဝင်ဘာ ၁၇ ရက် မှ ၁၉ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် Powering Digital Thailand 2022 ပြပွဲအတွင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwon က ဒီဂျစ်တယ်အခြေခံအဆောက်အဦပိုင်းတွင် 5G နည်းပညာသည် ထိုင်းနိုင်ငံ၏ စီးပွားရေး နှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးပါကြောင်း ၊ အထူးသဖြင့် နိုင်ငံ၏ ကပ်ရောဂါအလွန်ကာလစီးပွားရေး ပြန်လည်နလံထူရေး လုပ်ငန်းစဉ်အတွက် ဖြစ်ကြောင်း ဆိုသည်။
COVID-19 ကပ်ရောဂါ ဆိုးဆိုးရွားရွား ရိုက်ခတ်ခံရခြင်းကြောင့် ခရီးသွားလုပ်ငန်းအပေါ် မီခိုနေရသည့် ထိုင်းနိုင်ငံသည် ယခင်နှစ်က စီးပွားရေး အားယုတ်မှု ၆.၁ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ရပြီး နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း အဆိုးရွားဆုံးစီးပွားရေး ဆုတ်ယုတ်မှုဖြစ်ခဲ့သည်။ သို့သော်လည်း ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာပင် တရုတ်နိုင်ငံနည်းပညာကုမ္ပဏီများသည် ယှဉ်ပြိုင်မှုအခွင့်အလမ်းများဖြင့် ထိုင်းနိုင်ငံတွင် ဒီဂျစ်တယ်နည်းပညာကဏ္ဍကို အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကပ်ရောဂါကာလအတွင်း ဟွာဝေးကုမ္ပဏီသည် ဒေသတွင်း ဆေးရုံများအတွက် ဆေးဝါးအထောက်အပံ့များကို အလိုအလျောက်ပို့ဆောင်ပေးရန်အတွက် နည်းပညာပိုင်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ၊ AI (ဉာဏ်ရည်တုနည်းပညာဖြင့် ရောဂါရှာဖွေခြင်း နှင့် ခွဲစိတ်ကုထုံးများ ဆောင်ရွက်ပေးခဲ့ရာ ယင်းမှာ ဆေးရုံများ၏ စွမ်းဆောင်ရည်ကို ကြီးမားစွာ မြှင့်တင်ပေးခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပို၍ လက်လှမ်းမီ စေခြင်းကို ကူညီပေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်နည်းပညာလမ်းပြမြေပုံအရ ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း 5G အခြေစိုက်စခန်းပေါင်း ၂၀,၀၀၀ တည်ဆောက်ရာတွင် ထိုင်းနိုင်ငံအား ဟွာဝေးက ကူညီဆောင်ရွက်ပေးခဲ့သည်။ လက်ရှိတွင် ထိုင်းနိုင်ငံသည် 5G အသုံးပြုသူပေါင်း ၄.၂ သန်း ကျော်ရှိရာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တွင် 5G နည်းပညာတွင် ဦးဆောင်လျက်ရှိကြောင်း သိရသည်။
ဟွာဝေး၏ အခြားမြှင့်တင်မှုတစ်ခုမှာ ၎င်း၏ cloud နည်းပညာစွမ်းဆောင်ရည်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံရှိ ဟွာဝေးကုမ္ပဏီ အထွေထွေမန်နေဂျာ Deng Feng က ဟွာဝေး cloud နည်းပညာသည် ထိုင်းနိုင်ငံတွင် ပြည်တွင်းအချက်အလက်သိမ်းဆည်းရေးစင်တာများနှင့်အတူ cloud ဝန်ဆောင်မှုပေးသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း ၊ အစိုးရစည်းမျဉ်းစည်းကမ်းများ အပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ကမ္ဘာ့လုပ်ငန်းစုကြီးများ၏ အဓိက အချက်အလက်သိမ်းဆည်းရာဖြစ်လာကြောင်း ဆိုသည်။
ဟွာဝေးသည် ထိုင်းနိုင်ငံ၏ 5G လွှမ်းခြုံမှု နှင့် အသုံးပြုမှု တိုးချဲ့ခြင်း ၊ cloud ဝန်ဆောင်မှုများ စီမံပေးခြင်း ၊ ဒီဂျစ်တယ်စွမ်းအင်နှင့်အတူ ကာဗွန်-လျော့နည်းဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပေးခြင်း နှင့် စက်မှုလုပ်ငန်းစွမ်းဆောင်ရည်များ ကြီးမားဖွံ့ဖြိုးစေခြင်း အပါအဝင် နယ်ပယ် ၄ ခုတွင် ထိုင်းနိုင်ငံ၏ ကာဗွန်-လျော့နည်းမှု နှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက အလေးအနက်ပြောပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဒီဂျစ်တယ်စီးပွားရေး နှင့် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး Chaiwut Thanakamanusorn က ၂၀၃၀ ပြည့်နှစ်အရောက်တွင် ထိုင်းနိုင်ငံ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၃၀ ရာခိုင်နှုန်းအထိ ပစ်မှတ်ထားသည့် နိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍကို အားဖြည့်ကူညီပေးရန် ထိုင်းနိုင်ငံအစိုးရ နှင့် ဟွာဝေးကုမ္ပဏီအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုအတွက် ၎င်းအနေဖြင့် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုလအစောပိုင်းတွင် Google ၊ Temasek နှင့် Bain & Company တို့မှ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တစ်စောင်အရ ထိုင်းနိုင်ငံ၏ ဒီဂျစ်တယ်စီးပွားရေးသည် ယခုနှစ်အတွင်း ၅၁ ရာခိုင်နှုန်းမြင့်တက်ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀ ဘီလီယံရရှိကာ အင်ဒိုနီးရှားနိုင်ငံပြီးနောက် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဈေးကွက်အဖြစ် လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ဟွာဝေးအလှည့်ကျဥက္ကဌ Guo Ping က ဟွာဝေးကုမ္ပဏီအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် ဒီဂျစ်တယ်နည်းပညာလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် ဂေဟစနစ်နည်းပညာတစ်ခု ဆက်လက်တီထွင်ဖန်တီးခြင်း နှင့် တည်ဆောက်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ဒေသတွင်း ဂေဟစနစ် ခြေလှမ်းတစ်ခုအစပြုတည်ဆောက်ရန် လာမည့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဆိုသည်။(Xinhua)
………………………………………………
(English Version)
Thai gov’t to deepen collaboration with China’s Huawei amid pandemic
BANGKOK, Nov. 21 (Xinhua) — The Thai government intends to further deepen its digital cooperation with Chinese technology company Huawei, senior Thai officials said at a cloud event held in Bangkok this week.
During the Powering Digital Thailand 2022 on Nov. 17-19, Thai Deputy Prime Minister Prawit Wongsuwon said digital infrastructure, such as 5G, is crucial to Thailand’s economic and social development, especially for the country’s post-pandemic economic revival.
Badly hit by the COVID-19 pandemic, the tourism-reliant nation registered an economic
contraction of 6.1 percent last year, the worst in more than 20 years. However, the pandemic has significantly accelerated the adoption of digital technologies in Thailand, where Chinese tech companies have competitive advantages.
During the pandemic, Huawei used its technology to help local hospitals implement systems for automated medical supply, AI-backed diagnosis and remote treatment, which greatly improved the efficiency of hospitals and made healthcare more accessible.
Fueled by Thailand’s digital roadmap, Huawei has focused on helping the country build 20,000 5G stations in the past two years. Currently, Thailand has more than 4.2 million 5G subscribers, leading in 5G adoption among ASEAN (Association of Southeast Asian Nations) countries.
Another strength of Huawei has been its cloud capabilities. Deng Feng, general manager of Huawei Thailand, said Huawei Cloud is the only cloud service provider with local data centers in Thailand, considering that data localization is a key trend of global enterprises due to government regulations as well as security concerns.
He emphasized the Huawei will support Thailand’s low-carbon and digital development in the future in four areas, including expanding 5G coverage and usage, providing cloud services, creating low-carbon development with digital energy, and cultivating industry talents.
Thai Minister of Digital Economy and Society Chaiwut Thanakamanusorn expressed his hopes for comprehensive collaboration between the Thai government and Huawei to facilitate the country’s digital economy, which is targeted to account for 30 percent of the GDP by 2030.
According to a joint report released by Google, Temasek and Bain & Company earlier this month, Thailand’s digital economy is expected to exceed 30 billion U.S. dollars this year, up 51 percent, making it the second-largest market in Southeast Asia after Indonesia.
Huawei’s Rotating Chairman Guo Ping said the company will continue innovating and building a tech ecosystem to facilitate faster digitalization in Asia-Pacific, and invest 100 million U.S. dollars over the next three years to build a startup ecosystem in the region.
Photo- (1) A self-driving delivery vehicle equipped with Huawei 5G technology is launched at Bangkok at Siriraj Hospital, June 25, 2021. (Xinhua/Huawei)
Photo-(2) Visitors look at an automatic sorting assembly line based on 5G, AI and cloud technology at the Huawei exhibition in Bangkok, Nov. 17, 2021. (Xinhua/Huawei)