Connect with us

Science & Technology

တရုတ်နိုင်ငံက အာကာသစခန်းတည်ဆောက်ရန် ပထမဆုံး လူလိုက်ပါအာကာသယာဉ်လွှတ်တင်လိုက်ပြီဖြစ်

လူလိုက်ပါအာကာသယာဉ်“Shenzhou-12”ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်က တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျိုချွမ်၊ ဇွန် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက လူလိုက်ပါအာကာသယာဉ် “Shenzhou-12”ကို ယနေ့ ကြာသပတေးနေ့နံနက်ပိုင်းတွင် အောင်မြင်စွာ လွှတ်တင်လိုက်ပြီဖြစ်သည်။ အဆိုပါယာဉ်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူးသုံးဦးသည် အာကာသစခန်း ပင်မခန်း Tianheတွင် (၃)လကြာ နေထိုင်သွားကြမည်ဖြစ်သည်။ယခုအကြိမ်သည် တရုတ်နိုင်ငံ၏ (၇)ကြိမ်မြောက် လူလိုက်ပါအာကာသယာဉ် လွှတ်တင်မှုဖြစ်ပြီး တရုတ်အာကာသစခန်းတည်ဆောက်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် လွှတ်တင်ခြင်းဖြစ်သည်။ လူလိုက်ပါအာကာသယာဉ် နောက်ဆုံးအကြိမ်လွှတ်တင်ပြီး (၅)နှစ်နီးပါးကြာကာလတွင် နောက်ထပ်လွှတ်တင်ခြင်းလည်း ဖြစ်သည်။

လူလိုက်ပါအာကာသယာဉ်“Shenzhou-12”ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်က တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“Shenzhou-12”ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီသဲကန္တရရှိ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသယာဉ် အေဂျင်စီ (CMSA)က ပြောကြားချက်အရ သိရသည်။

“Shenzhou-12”အာကာသယာဉ်မှူးများ အာကာသခရီးစဉ် ထွက်ခွာရန် ပြင်ဆင်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါယာဉ်တွင် လိုက်ပါသွားသည့် အာကာသယာဉ်မှူး (၃)ဦးသည် Shenzhou-6 နှင့် Shenzhou-10 ခရီးစဉ်တွင် ပါဝင်ခဲ့သည့် အသက်(၅၆)နှစ် ဝါရင့်အာကာသယာဉ်မှူး နွဲ့ဟိုင်စိန့် ၊ Shenzhou-7 ခရီးစဉ်တွင် ပါဝင်ခဲ့သည့် အသက်(၅၄)နှစ် လျိုပေါ်မင်နှင့် ပထမဆုံးတာဝန်ထမ်းဆောင်မည့် အသက် (၄၅)နှစ် အာကာသယာဉ်မှူး ထန်းဟုန်ပေါ တို့ ဖြစ်ကြောင်း သိရသည်။

“Shenzhou-12”အာကာသယာဉ်မှူးများ အာကာသခရီးစဉ် ထွက်ခွာရန် ပြင်ဆင်နေသည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၎င်းအာကာသယာဉ်မှူး (၃)ဦးသည် တရုတ်နိုင်ငံ၏လူလိုက်ပါအာကာသယာဉ်ခရီးစဉ်တွင် စံချိန်သစ်တင်ပြီး ၂၀၁၆ ခုနှစ်က Shenzhou-11 ခရီးစဉ်၏ (၃၃)ရက် ကြာနေထိုင်ခဲ့သည့် မှတ်တမ်းကို ကျော်လွန်နိုင်မည်ဟု ခန့်မှန်းရသည်။

“Shenzhou-12” ဂြိုဟ်ပတ်လမ်းတွင် ရှိနေသည့် အာကာသစခန်း ပင်မခန်း Tianheနှင့် လျင်မြန်စွာ ထိတွေ့ချိတ်ဆက်၍ အာကာသစခန်း ပင်မခန်း Tianhe ၊ ကုန်တင်အာကာသယာဉ် Tianzhou-2 တို့နှင့် ပူးတွဲသွားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများက အာကသစခန်းပင်မခန်းတွင် နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

လူလိုက်ပါအာကာသယာဉ်“Shenzhou-12”ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်က တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်လိုက်သည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၎င်းတို့လုပ်ကိုင်ရမည့် တာဝန်က ယခင်ခရီးစဉ်များထက် ပို၍ ရှုပ်ထွေးပြီး စိန်ခေါ်မှုပိုများကြောင်း CMSA ဒါရိုက်တာ ဟောင်ချွန်းက ဆိုသည်။“Shenzhou-12”အဖွဲ့ဝင်များသည် ဂြိုဟ်ပတ်လမ်းတွင် အဓိက တာဝန်(၄)ခုကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း CMSA ဒါရိုက်တာ လက်ထောက် ကျိချီမင်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

လူလိုက်ပါအာကာသယာဉ်“Shenzhou-12”ကို Long March-2F သယ်ဆောင်ရေး ဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် နံနက် ၉ နာရီ ၂၂ မိနစ်က တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်လိုက်သည်ကို ဇွန် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်အာကာသစခန်း ပင်မခန်း Tianhe ကို ဧပြီ ၂၉ ရက်က လွှတ်တင်ခဲ့ပြီး ကုန်တင်အာကာသယာဉ်Tianzhou-2ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့သည်။ မေ ၃၀ ရက်တွင် အာကာသစခန်း၏ ယင်းအစိတ်အပိုင်း နှစ်ခုကို ကွန်ပြူတာနှင့်ချိတ်ဆက်ထားပြီးဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းများကို ဖွင့်လှစ်ပေးရန် လူလိုက်ပါအာကာသယာဉ်အား စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အာကာသယာဉ်မှူးများ၏အသုံးအဆောင်ပစ္စည်း၊ အာကာသသိပ္ပံစက်ပစ္စည်းကိရိယာများပါဝင်သည့် အထုပ်ကြီးအထုပ်ငယ်ပေါင်း (၁၆၀)ကျော်ကို Tianzhou-2ဖြင့် မေလကုန်ပိုင်းတွင် ပို့ဆောင်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ အာကာသနည်းပညာ အကယ်ဒမီ (CAST)၏ ပြောကြားချက်များအရ သိရသည်။

ကုန်တင်အာကာသယာဉ် Tianzhou-3 နှင့် လူလိုက်ပါအာကာသယာည် Shenzhou-13ကို ယခုနှစ်ကုန်ပိုင်းတွင် ထပ်မံလွှတ်တင်ရန်ရှိနေပြီး ၎င်းတို့သည် အာကာသစခန်းTianheနှင့်ချိတ်ဆက်ကာ အခြား အာကာသယာဉ်မှူး(၃)ဦးနှင့်အတူ ဂြိုဟ်ပတ်လမ်းတွင် (၆)လကြာ တာဝန်ထမ်းဆောင်သွားရန် ရှိကြောင်း CMSAက ဆိုသည်။

၂၀၂၂ ခုနှစ်၌ အာကာသစခန်းတည်ဆောက်မှုပြီးစီးရန်အတွက် ယခုနှစ် အာကာသယာဉ် (၅)ကြိမ်လွှတ်တင်မှုအပြီးတွင် Wentian ၊ Mengtian လက်တွေ့စမ်းသပ်ခန်းအာကာသယာဉ်(၂)စီးနှင့် ကုန်တင်အာကာသယာဉ် (၂)စီး၊ လူလိုက်ပါအာကာသယာဉ်(၂)စီး ပါဝင်သည့် အာကာသယာဉ် (၆)ကြိမ် လွှတ်တင်သွားရန် ရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

Update: China launches first crewed mission for space station construction

JIUQUAN, June 17 (Xinhua) — China on Thursday successfully launched the crewed spacecraft Shenzhou-12, which is expected to send three astronauts to its space station core module Tianhe for a three-month mission.

It is China’s seventh crewed mission to space and the first during the construction of China’s space station. It is also the first in nearly five years after the country’s last manned mission.
The spacecraft, atop a Long March-2F carrier rocket, was launched from the Jiuquan Satellite Launch Center in northwest China’s Gobi Desert at 9:22 a.m. (Beijing Time), according to the China Manned Space Agency (CMSA).

The three astronauts are commander Nie Haisheng, a 56-year-old veteran who participated in the Shenzhou-6 and Shenzhou-10 missions, Liu Boming, 54, who was part of the Shenzhou-7 mission, and Tang Hongbo, 45, who is in his first space mission.

The three astronauts are expected to set a new record for China’s manned space mission duration, exceeding the 33 days kept by the Shenzhou-11 crew in 2016.
The Shenzhou-12 spaceship will conduct a fast autonomous rendezvous and docking with the in-orbit space station core module Tianhe, forming a complex with Tianhe and the cargo craft Tianzhou-2. The astronauts will be stationed in the core module.

Their work will be more complicated and challenging than previous crewed missions, according to CMSA director Hao Chun.
The Shenzhou-12 crew will complete four major tasks in orbit, said Ji Qiming, assistant to the CMSA director, at a press conference held at launch center on Wednesday.
China launched its space station core module Tianhe on April 29 and cargo craft Tianzhou-2 on May 29. The two completed a computer-orchestrated rendezvous and docking on May 30, waiting for the first crewed mission to unpack the cargo.

According to the China Academy of Space Technology (CAST), more than 160 large and small packages, including supplies for astronauts and space-science equipment, were delivered by Tianzhou-2 in late May.

The Tianzhou-3 cargo craft and the Shenzhou-13 manned spaceship will also be launched later this year to dock with Tianhe, and another three astronauts will then begin their six-month stay in orbit, according to the CMSA.

After the five launch missions this year, China plans to have six more missions, including the launch of the Wentian and Mengtian lab modules, two cargo spacecraft and two crewed spaceships, in 2022 to complete the construction of the space station. ■

图说1,2,5,6:6月17日,搭载着神舟十二号载人飞船的长征二号F遥十二运载火箭在酒泉卫星发射中心点火升空。
图说3,4:6月17日,神舟十二号航天员出征仪式在酒泉卫星发射中心举行。这是航天员聂海胜(右)、刘伯明(中)和汤洪波在出征仪式上挥手。 新华社记者 琚振华 摄