Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် အာဆီယံနိုင်ငံများမှ သံတမန်များ တွေ့ဆုံ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အာဆီယံနိုင်ငံများမှ သံတမန်များ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် နိုဝင်ဘာ ၁၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အာဆီယံနိုင်ငံများမှ သံတမန်များ ပေကျင်းမြို့၌ နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝမ်ရိက COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းစေရန် နှင့် စုစည်းမှုခိုင်မာအားကောင်းစေရန် အာဆီယံခေါင်းဆောင်များနှင့်အတူ နှစ်ဖက်အပြန်အလှန်ထောက်ခံအားပေးမှု နှင့် အနီးကပ်ချိတ်ဆက်ဆောင်ရွက်မှုကို ထိန်းသိမ်းခဲ့ကြောင်း ဆိုသည်။

တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား ဆွေးနွေးမှုဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲအား မကြာမီပူးတွဲကျင်းပသွားမည် ဖြစ်သည်။ ယင်းသည် လာမည့် နှစ် ၃၀ အတွင်း နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား ပုံဖော်ပေးမည့် သမိုင်းဝင်အစည်းအဝေးတစ်ခုဖြစ်မည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါအလုံးစုံကင်းစင်သွားသည်အထိ အာဆီယံနိုင်ငံများသို့ ကာကွယ်ဆေးကို ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း နှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် အဆုံးထိတိုင် အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်မှုအပေါ် အလေးထားရန် အာဆီယံနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ဆိုသည်။
တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများသည် တောင်တရုတ်ပင်လယ်အရေးအား နှစ်ဦးနှစ်ဘက်ဆက်ဆံရေးတွင် သင့်လျော်သောအနေအထားတစ်ခု၌ အမြဲထားရှိခဲ့ကြောင်း ၊ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့ကြောင်း ဝမ်ရိက ဖြည့်စွက်ပြောကြားခဲ့သည်။

လာမည့် နှစ်သည် “တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း” (DOC) အကောင်အထည်ဖော်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့် အခါသမယဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့ပြီး DOC ၏ ဘက်ပေါင်းစုံ နှင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်မှုပေါ် အခြေခံကာ “တောင်တရုတ် ပင်လယ် အပြုအမူ ဆိုင်ရာ သတ်မှတ်ချက်” (COC) ကို တိုးမြှင့်ညှိနှိုင်းဆွေးနွေးမှုပြုလုပ်သွားရန် ယင်းအခွင့်အရေးကို နှစ်ဖက်စလုံးက ဆုတ်ကိုင်သွားရလိမ့်မည်ဖြစ်ကြောင်း နှင့် win-win ပူးပေါင်းဆောင်ရွက်မှု ရှာဖွေရေး နှင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို လက်ချင်းတွဲကာ အမိအရ ဆုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရုတ်နိုင်ငံရှိ အာဆီယံနိုင်ငံများဆိုင်ရာ သံတမန်များက ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) ၏ ၆ ကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေး အောင်မြင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြပြီး တရုတ်နိုင်ငံနှင့်အတူ ဆွေးနွေးမှုဆက်ဆံရေး တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ပူးတွဲ ကျင်းပနိုင်ရေး ၊ အခွင့်အလမ်းများအား ဆုပ်ကိုင်ပြီး စိန်ခေါ်မှုများအား ရင်ဆိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ ၎င်းတို့၏ မျှော်လင့်ချက်အား ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Chinese FM meets ASEAN diplomatic envoys
BEIJING, Nov. 14 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi met with diplomatic envoys of the Association of Southeast Asian Nations (ASEAN) countries on Sunday in Beijing.
Wang said that since the outbreak of the COVID-19 pandemic, Chinese President Xi Jinping has maintained close communication and mutual support with ASEAN leaders to further consolidate and deepen bilateral friendly cooperation. The two sides will soon jointly hold a summit commemorating the 30th anniversary of the establishment of dialogue relations between China and ASEAN countries. This will be a milestone meeting to chart the course for the development of bilateral relations in the next 30 years.
Wang said China will continue to provide vaccine support to ASEAN countries until the pandemic is completely defeated, and China is ready to work with ASEAN countries to focus on development and make positive contributions to this end.
China and ASEAN countries have always placed the South China Sea issue in an appropriate position in the bilateral relations and promoted the deepening and development of bilateral cooperation, Wang added.
Noting that next year marks the 20th anniversary of the Declaration on the Conduct of Parties in the South China Sea (DOC), Wang expressed the hope that the two sides will take this opportunity to advance consultations on a Code of Conduct in the South China Sea on the basis of the comprehensive and effective implementation of the DOC, jointly uphold peace and stability in the South China Sea and seek win-win cooperation.
The diplomatic envoys of ASEAN countries in China congratulated on the success of the sixth plenary session of the 19th Central Committee of the Communist Party of China, and expressed their hope to work with China to jointly hold a successful summit commemorating the 30th anniversary of the dialogue relations, seize opportunities and cooperate to meet challenges. Enditem
Photo 1 – Chinese State Councilor and Foreign Minister Wang Yi meets with diplomatic envoys of the Association of Southeast Asian Nations (ASEAN) countries in Beijing, capital of China, Nov. 14, 2021. (Xinhua/Shen Hong)
Photo 2 – Chinese State Councilor and Foreign Minister Wang Yi meets with diplomatic envoys of the Association of Southeast Asian Nations (ASEAN) countries in Beijing, capital of China, Nov. 14, 2021. (Xinhua/Shen Hong)
………………………………………………

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.