Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ ဝူဟန့်မြို့၌ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးကုန်စည်ပြပွဲ ဖွင့်လှစ်

ဝူဟန့်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ် မြို့တော် ဝူဟန့်တွင် ပထမဆုံး တရုတ်နိုင်ငံ (Wuhan) ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ကုန်စည်ပြပွဲကို နိုဝင်ဘာ ၂၆ ရက်က ဖွင့်လှစ်ခဲ့သည်။“လှပသောတရုတ်နိုင်ငံ၊ ပျော်ရွှင်သောလူနေမှုဘဝ” ခေါင်းစဉ်ဖြင့် သုံးရက်ကြာကျင်းပသည့် အဆိုပါပြပွဲသည် နိုင်ငံအတွင်းရှိ ပြည်နယ်အဆင့် တိုင်းဒေသကြီး ၂၉ ခု၊ ပြည်ပနိုင်ငံပေါင်း ၁၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းနှစ်ခုမှ စက်မှုလုပ်ငန်းနှင့် အစိုးရကိုယ်စားလှယ်များကို ဆွဲဆောင်လျက်ရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ကုန်စည်ပြပွဲတွင် အထင်ကရ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းထုတ်ကုန်များ၊ ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်များနှင့် စက်မှုလုပ်ငန်းတိုးတက်မှုများကို ပြသရန်အတွက် ကုန်စည်ဖလှယ်ခြင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုကို ထူထောင်ထားကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး Hu Heping က ပြောကြားခဲ့သည်။

ခန့်မှန်းခြေအားဖြင့် စတုရန်းမီတာ ၆၀,၀၀၀ ကျယ်ဝန်းသော ပြပွဲဧရိယာရှိသော ကုန်စည်ပြပွဲတွင် အမှတ်တရပစ္စည်းများမှ OLED ဖန်သားပြင်များနှင့် လက်ဖက်ရည်နှင့် ကော်ဖီတို့ကို ဖျော်ပေးနိုင်သော စက်ရုပ်များကဲ့သို့ နည်းပညာမြင့်ထုတ်ကုန်များအထိ အမျိုးမျိုးသောကုန်စည်များအား ပြသထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ သတင်းပြန်ကြားရေးဌာန၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ဟူပေပြည်နယ်အစိုးရတို့ ပူးပေါင်းကျင်းပသည့် ကုန်စည်ပြပွဲကို ဝူဟန့်မြို့တွင် ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Culture, tourism expo opens in China’s Wuhan

WUHAN, Nov. 27 (Xinhua) — The first China (Wuhan) Culture and Tourism Expo kicked off Friday in Wuhan, capital of central China’s Hubei Province.

Themed “Beautiful China, Happy Life,” the three-day event has attracted industry and government representatives from 29 domestic provincial-level regions, 13 foreign countries and two international organizations, according to the organizers.

An exchange and communication platform has been set up in the expo for showcasing iconic cultural and tourism products, the new development models and progress of the industry, said Hu Heping, China’s minister of culture and tourism.

The expo, covering an exhibition area of approximately 60,000 square meters, has displayed various exhibits ranging from souvenirs to high-tech products such as OLED screens and robots that can make tea and coffee.

Hosted jointly by the Publicity Department of the Communist Party of China Central Committee, the Ministry of Culture and Tourism, and the Hubei provincial government, the expo will be held in Wuhan every other year. ■