Connect with us

China

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် တရုတ်-လာအို နိုင်ငံတကာ ကုန်စည်ရထား ဝန်ဆောင်မှု စတင်

တရုတ်-လာအို ရထားလမ်း လျှပ်စစ်ကျည်ဆန်ရထားကြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယွမ်ကျန်းမြစ်ကူးတံတားကို ဖြတ်သန်းသွားသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ချန်ရှား၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ဟွိုင်ဟွာ့မြို့ နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းကို ချိတ်ဆက်သွားလာမည့် တရုတ်-လာအို ကုန်စည်ရထား ဝန်ဆောင်မှုကို ကြာသပတေးနေ့တွင် စတင်လိုက်ပြီဖြစ်ရာ ဟူနန်မှ အာဆီယံနိုင်ငံများသို့ သွားရာ ဖြတ်လမ်း လမ်းကြောင်းသစ် တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ပထမဆုံးပြည်ပထွက်ခွာ ရထားကြီးသည် ကြာသပတေးနေ့ နံနက်က ဟွိုင်ဟွာ့မြို့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။ ၎င်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက တရုတ်-လာအို ရထားလမ်းဖွင့်လှစ်ပြီးနောက်ပိုင်း လာအိုနိုင်ငံသို့ မောင်းနှင်ရာ ဟူနန်၏ ပထမဆုံး နိုင်ငံတကာ ကုန်စည်ရထားဖြစ်သည်။

အဆိုပါရထားတွင် ဒေသထွက် လိမ္မော်သီး၊ လယ်ယာသုံး စက်ပစ္စည်း၊ ဆောက်လုပ်ရေး ကိရိယာ၊ ကြွေပြားနှင့် နေ့စဉ်သုံးပစ္စည်းများ ပါဝင်သည့် ကွန်တိန်နာ ၇၂ လုံး တင်ဆောင်သွားခြင်းဖြစ်ရာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန်နယ်စပ်ဂိတ်ကို ဖြတ်သန်း ထွက်ခွာမည်ဖြစ်ပြီး ၄ ရက်အကြာတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း သိရသည်။

အမြန်လမ်းကားသယ်ယူပို့ဆောင်မှုနှင့်နှိုင်းယှဉ်ပါက အဆိုပါလမ်းကြောင်းသစ်ပြေးဆွဲမှုသည် ဟူနန်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ သယ်ယူပို့ဆောင်ရေး ကြာမြင့်ချိန် သုံးပုံနှစ်ပုံ လျော့နည်းစေကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ ၎င်းမှာ နှစ်နိုင်ငံအတူ တည်ဆောက်လည်ပတ်သည့် ပထမဆုံး ပြည်ပပြေးဆွဲရထားလမ်းဖြစ်ကြောင်း သိရသည်။

အရှည် ကီလိုမီတာ ၁,၀၃၅ ရှိ အဆိုပါရထားလမ်းသည် ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့်တည်ဆောက်ရေး၏ အထင်ကရစီမံကိန်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………….
(English Version)
China’s Hunan launches China-Laos int’l freight train service
2022-01-07 15:27:10
Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway crossing a major bridge over the Yuanjiang River in southwest China’s Yunnan Province, Dec. 3, 2021. (Xinhua/Wang Guansen)
CHANGSHA, Jan. 7 (Xinhua) — The China-Laos freight train service linking Huaihua City of central China’s Hunan Province and Lao capital Vientiane kicked off operation on Thursday, opening a new shortcut from Hunan to ASEAN countries.
The first outbound train departed Thursday morning from an international land port of Huaihua City. This is Hunan’s first international freight train heading for Laos after the China-Laos Railway started operation in December 2021.
The cargo train, carrying 72 containers of goods including local oranges, agricultural machinery, construction tools, ceramic tiles and daily necessities, will exit China via the port of Mohan in southwest China’s Yunnan Province, and is expected to reach Vientiane after about four days.
The new route can reduce transportation time from Hunan to ASEAN countries by two-thirds compared with highway transportation.
The China-Laos Railway connects Kunming in Yunnan Province with Vientiane. It is the first overseas railway jointly constructed and operated by the two countries.
The 1,035-km railway, a landmark project of high-quality Belt and Road cooperation, started operation on Dec. 3, 2021. ■