Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၌ ရွှေတွင်းကြီးရှာဖွေတွေ့ရှိ

ကျန်းကျိုး ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ ကနဦးခန့်မှန်းခြေ ရွှေ ၃၁ ဒသမ ၅၅ တန် ထွက်ရှိမည့် ကြီးမားသည့် ရွှေတွင်းတစ်တွင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါရွှေတွင်းသည် Tongbai ကောင်တီအတွင်းရှိ Zhuzhuang မြို့နယ်၌ တည်ရှိကြောင်း ဘူမိဗေဒ ၊ ဓာတ်သတ္တုရှာဖွေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်ဗျူရိုထံမှ သိရသည်။

ရွှေတွင်း၌ ခန့်မှန်းရွှေထွက်ရှိမှုသည် ထပ်မံတူးဖော်မှုများ ပြုလုပ်ပြီးနောက် ယခုနှစ်ကုန်တွင် တန် ၅၀ ကျော်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ဆယ်စုနှစ်များစွာ ဟဲနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရွှေထွက်ရှိသည့် ဒေသအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ဘူမိဗေဒ နှင့် ဓာတ်သတ္တုရှာဖွေရေး တာဝန်ရှိသူများသည် Tongbai ကောင်တီအတွင်း ကြီးမားသည့် ရွှေတွင်းတစ်တွင်းအား ရှာဖွေတွေ့ရှိခဲ့သည်။ ရွှေ ၁၀၅ တန် ထွက်ရှိမှု နှင့်အတူ အဆိုပါရွှေတွင်းသည် ထုတ်လုပ်နိုင်မှုအလားအလာ နှစ် ၈၀ ရှိကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

China’s Henan discovers large gold mine

ZHENGZHOU, Oct. 27 (Xinhua) — A large gold mine with an initially estimated gold reserve of 31.55 tonnes has been discovered in central China’s Henan Province.
The mine is in Zhuzhuang Township in Tongbai County, according to the provincial bureau of geology and mineral exploration and development.

The estimated gold reserve at the mine is likely to exceed 50 tonnes by the end of this year after further exploration, it said.
For decades, Henan Province has remained China’s second-largest gold-producing region.

In 2016, local geology and mineral exploration authorities discovered a large gold mine also in Tongbai County. With a gold reserve of about 105 tonnes, the mine has 80 years of development potential. Enditem

Photo – An unmanned excavator is operated by remote control at Sandaozhuang Mine of China Molybdenum Co., Ltd. in Luanchuan County, central China’s Henan Province, Aug. 12, 2020. Since 2019, 5G technology has been applied to production at Sandaozhuang Mine. With its high speed and low latency, the technology enables workers to remotely control vehicles and machineries at the mine with precision. (Xinhua/Li Jianan)