Connect with us

Asia

ထိုင်းနိုင်ငံက ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) ကို အလုံးစုံ တရားဝင် အတည်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘုရင့်နန်းတော်ရှေ့တွင် ဖြတ်သန်းသွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် မတ် ၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက်ကို အလုံးစုံ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် စီးပွားရေးဝန်ကြီး Jurin Laksanawisit က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ ၎င်း၏ သဘောတူညီချက်ဆိုင်ရာ ငွေကြေးထည့်ဝင်မှုအပေါ်မူတည်၍ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်ကို တရားဝင်အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအပြင် အခြားသော အာဆီယံ(ASEAN) အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် စင်ကာပူ ၊ ကမ္ဘောဒီးယား ၊ ဘရူနိုင်း နှင့် လာအိုနိုင်ငံတို့သည် RCEP သဘောတူညီချက်ကို အသီးသီး တရားဝင်အတည်ပြုထားပြီးဖြစ်သည်။တစ်ချိန်တည်းမှာပင် တရုတ် နှင့် ဂျပန်နိုင်ငံတို့ကလည်း အဆိုပါသဘောတူညီချက်ကို အလုံးစုံတရားဝင် အတည်ပြုထားပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သောနှစ် နိုင်ဝင်ဘာလက လက်မှတ်ရေးထိုးခဲ့သည့် RCEP သည် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ လာအို ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ + (အပေါင်း) တရုတ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံတို့အကြား ဧရာမကုန်သွယ်ရေးသဘောတူညီမှုကြီး တစ်ခုဖြစ်သည်။

အနည်းဆုံး အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံက တရားဝင်အတည်ပြုထားကြောင်း နှင့် ယင်းကုန်သွယ်ရေးသဘောတူညီချက် စတင်အသက်ဝင်ရန်အတွက် အခြားသော အဖွဲ့ဝင် ၅ နိုင်ငံအနက် သုံးနိုင်ငံ တရားဝင်အတည်ပြုရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက် စတင်အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် တရားဝင်အတည်ပြု လက်မှတ်ရေးထိုးထားသော နိုင်ငံများအကြား လာမည့် နှစ်ပေါင်း ၂၀ အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်ရေး၏ ၉၀ ရာခိုင်နှုန်းကို အကောက်ခွန်ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Thailand completes ratification of RCEP
BANGKOK, Nov. 1 (Xinhua) — Thailand has completed ratification of the Regional Comprehensive Economic Partnership (RCEP) agreement, Jurin Laksanawisit, Thai deputy prime minister and commerce minister said Monday.
The country has ratified the tade pact upon depositing its instrument of ratification with the secretary-general of the Association of Southeast Asian Nations (ASEAN) on Oct. 28, the official said.
Apart from Thailand, other ASEAN members including Singapore, Cambodia, Brunei and Laos have already ratified the RCEP agreement. Meanwhile, China and Japan have also completed ratifications of the pact.
Signed in November last year, the RCEP is a mega trade deal between 10 ASEAN member states, namely Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam, plus China, Japan, South Korea, Australia and New Zealand.
Ratifications from at least six ASEAN member countries and three of the other five member countries are needed for the trade deal to take effect.
Once in effect, the deal will eliminate tariffs on as much as 90 percent of goods traded between its signatories over the next 20 years.

People walk outside the Grand Palace in Bangkok, Thailand, March 8, 2020. (Xinhua/Zhang Keren)