Connect with us

Media

ဒူဘိုင်း Expo 2020 တွင် မီးရောင်များလှပစွာဆင်ယင်ထွန်းညှိထားမှုများ

ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

၂၀၂၀ ဒူဘိုင်း ကုန်စည်ပြပွဲ ကျင်းပရာအခမ်းအနား၏ ည ဘက်မြင်ကွင်း၌ အရာအားလုံးသည် ပိုမို ဆန်းကြယ်လှပလျက်ရှိသည်။ လေနုအေးများသည် ညင်သာစွာတိုက်ခတ်နေချိန်တွင် ပေါက်ပေါက်ဆုပ် ၊ ရေခဲမုန့် ၊ ကော်ဖီနှင့် ဟော့ဒေါ့ရနံ့များကလည်း  လေထုထဲ၌ပျံ့လွင့်နေသည်။ သို့ရာတွင် ပြပွဲအား ညဘက်တွင်ပိုမို ဆန်းကြယ်လှပစေသည့်အရာများမှာ အလင်းရောင်များပင်ဖြစ်သည်။ Al Wasl plaza ၏ အလယ်ဗဟိုမှာရှိသော တရုတ်နိုင်ငံပြခန်း၌ ဆင်ယင်ထားသည့်မီးအလှပြခန်းနှင့် အခြားပြခန်းများ၏ မီးအလှများသည် ပြခန်းအား ကြီးမားသည့် အလှအပ ပါတီပွဲတစ်ခုအသွင်ဖန်တီးစေခဲ့သည်။ ပြပွဲအနီး မြူးကြွသောဂီတသံ ကလေးများ၏ ရယ်မောသံနှင့် ပုရစ်များ၏ အော်မြည်သံများအပြင် လာရောက်သူများ၏ အံ့အားသင့်သည့်အသံများအား အမြဲကြားနိုင်ပါသည်။ ယခု video မှာ ၂၀၂၀ ဒူဘိုင်း ကုန်စည် ပြပွဲ၏ လှပသည့် မီးအလှဖန်တီးမှုများအား ရိုက်ကူးထားသည့် ရုပ်သံဖိုင် ဖြစ်ပါသည်။ (Xinhua)

…………………………….

(English Version)

GLOBALink | Expo 2020 Dubai fantastic at night

As night falls on Expo 2020 Dubai, everything is just getting more fantastic. #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.