Connect with us

Europe

ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး တရုတ်-ရုရှား အင်တာနက်မီဒီယာဖိုရမ် ကျင်းပ

ပေကျင်း ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ် နှင့် ရုရှား အင်တာနက်မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး နှင့် ဖလှယ်မှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ဖိုရမ်တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ဖလှယ်မှုများ နှင့် အပြန်အလှန်သင်ယူမှုများအား မြှင့်တင်ခြင်း ၊ လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း ခေါင်းစဉ်ဖြင့် ၂၀၂၁ ခုနှစ် တရုတ်-ရုရှား အင်တာနက်မီဒီယာဖိုရမ်အား ပေကျင်းမြို့နှင့် မော်စကိုမြို့တို့၌ ရုပ်သံလင့်ခ်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ Cyberspace အစိုးရအဖွဲ့ လက်ထောက်အကြီးအကဲ Niu Yibing က နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း နှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် အထောက်အကူဖြစ်စေရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး နှစ်နိုင်ငံလုံးရှိ အင်တာနက်မီဒီယာများအား တောင်းဆိုခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံလုံးမှ စည်းကမ်းထိန်းသိမ်းရေးဌာနများမှ ကိုယ်စားလှယ်များ ၊ အွန်လိုင်းမီဒီယာများ နှင့် အင်တာနက် စီးပွားရေးလုပ်ငန်းများ သာမက ကျွမ်းကျင်သူများနှင့်ပညာရှင်များသည် အွန်လိုင်း နှင့် အော့ဖ်လိုင်း ဖိုရမ်တွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်အား China Daily နှင့် China Internet Development ဖောင်ဒေးရှင်းတို့က ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
China-Russia internet media forum held to strengthen cooperation
BEIJING, Nov. 23 (Xinhua) — A forum intended to promote exchanges and strengthen cooperation between Chinese and Russian internet media outlets was held Monday.

Under the theme — Promoting Exchanges and Mutual Learning, Deepening Practical Cooperation — the 2021 China-Russia Internet Media Forum was held via video link in Beijing and Moscow.

Niu Yibing, deputy head of the Cyberspace Administration of China, called on internet media outlets in both countries to strengthen cooperation, and contribute to people-to-people and cultural exchanges between the two countries.

Representatives from regulatory departments, online media outlets, and internet enterprises, as well as experts and scholars from both countries participated in the forum online and offline.

The forum was co-hosted by China Daily and the China Internet Development Foundation. Enditem
Photo – Denis Perepelitsyn, head of communications of SPB TV, speaks at the 2021 China-Russia Internet Media Forum via video link on Nov 22, 2021. [Photo by Wang Zhuangfei/chinadaily.com.cn]

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.