Connect with us

China

ပေကျင်းမြို့တွင် မောင်းသူမဲ့ကား စမ်းသပ်မောင်းနှင်သည့် ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းအထိရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ စမ်းသပ်ဇုန်တွင် DiDi Chuxing ၏ မောင်းသူမဲ့ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မောင်းသူမဲ့ကား၏ လုံခြုံရေးစမ်းသပ်မောင်းနှင်မှု ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပေကျင်းမြို့၌ မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုလမ်းကြောင်း ၂၂၆ ခုရှိပြီး စုစုပေါင်း ၇၅၂.၄ ကီလိုမီတာခန့်ရှိလာပြီဖြစ်ကြောင်း Beijing Innovation Center for Mobility Intelligent (BICMI) ကုမ္ပဏီလီမိတက်က ပြောခဲ့သည်။

ပေကျင်းမြို့တွင် ပြည်တွင်း အင်တာနက်ကုမ္ပဏီကြီးဖြစ်သော Baidu နှင့် တရုတ် ကားအငှားပလက်ဖောင်း DiDi Chuxing အပါအဝင် ကုမ္ပဏီ ၁၅ ခုမှ မော်တော်ယာဉ် ၉၉ စီးအား ယာယီကားနံပါတ်ပြားများကို ထုတ်ပေးထားကြောင်း၊ ယင်းကုမ္ပဏီများအနက် တရုတ်နိုင်ငံ မောင်းသူမဲ့မော်တော်ယာဉ် လုပ်ငန်း Pony.ai နှင့် Baidu တို့သည် ၎င်းတို့၏ မောင်းသူမဲ့ကားများအား ခရီးသည်များဖြင့် စမ်းသပ်မောင်းနှင်ရန် ခွင့်ပြုချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

လမ်းမများတွင် မောင်းသူမဲ့ကားများ စမ်းသပ်မောင်းနှင်မှုများအတွက် လျှောက်ထားသည့် ကုမ္ပဏီအရေအတွက်၊ မောင်းသူမဲ့ကားစုစုပေါင်းနှင့် လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်သော ခရီးမိုင်အကွာအဝေးအားဖြင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၌ ပေကျင်းမြို့က ပထမအဆင့်ရှိကြောင်း BICMI က ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Beijing’s self-driving vehicle test mileage tops 3 mln km
2021-05-29 15:32:05
BEIJING, May 29 (Xinhua) — The safety test mileage of Beijing’s self-driving vehicles has exceeded 3 million km to date.
Currently, the city has 226 routes for testing self-driving vehicles, totaling approximately 752.4 km, said Beijing Innovation Center for Mobility Intelligent (BICMI) Co., Ltd.
Beijing has issued temporary car plates to 99 vehicles from 15 companies including domestic internet giant Baidu and Chinese ride-hailing platform DiDi Chuxing. Among these companies, Chinese autonomous vehicle startup Pony.ai, and Baidu have received permits to test their driverless cars with passengers aboard.
In the terms of the number of companies applying for self-driving road tests, total unmanned vehicles and the mileage of such road tests, Beijing ranks first in the country, the BICMI said. Enditem

(201224) — BEIJING, Dec. 24, 2020 (Xinhua) — Autonomous vehicles of DiDi Chuxing run at a testing zone in Shanghai, east China, June 27, 2020.
(Xinhua/Wang Xiang)