Connect with us

Asia

ဖိလစ်ပိုင်စစ်ဘက်လေယာဉ်တစ်စင်း Sulu ပြည်နယ်တောင်ပိုင်းတွင် ပျက်ကျမှုဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံ လေတပ်မှ C-130 အမျိုးအစား ထောက်ပို့လေယာဉ်တစ်စင်းအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

လူပေါင်း ၈၅ ဦးတင်ဆောင်လာသော ဖိလစ်ပိုင်နိုင်ငံ လေတပ်မှ C-130 ထောက်ပို့လေယာဉ်တစ်စင်းသည် ယနေ့ တနင်္ဂနွေနေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလူပြည်နယ်(Sulu) ၌ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း လေတပ်က ဆိုသည်။ဖိလစ်ပိုင်နိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Cirilito Sobejana ကပြောကြားရာတွင် မင်ဒါနာအိုကျွန်းပေါ်ရှိ Cagayan de Oro မြို့မှ တပ်ဖွဲ့ဝင်များ တင်ဆောင်လာသော လေယာဉ်ကြီးသည် ဆူလူပြည်နယ် Patikul သို့ ဆင်းသက်စဉ် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပျက်ကျသွားခဲ့ကြောင်း ဆိုသည်။

“ လေယာဉ်ဟာ ပြေလမ်းချော်သွားတယ် ၊ သူ့ကို အရှိန်ပြန်တင်ဖို့ လုပ်ပေမယ့် မအောင်မြင်ခဲ့ဘူး” ဟု ဗိုလ်ချုပ်ကြီး Sobejana က ပြောကြားခဲ့ပြီး လက်ရှိအချိန်ထိ လေယာဉ်အပျက်အစီးကြားမှ လူပေါင်း ၄၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“ တုံ့ပြန်ကယ်ဆယ်ရေးသမားတွေက အခင်းဖြစ်နေရာမှာ အခုရောက်ရှိနေကြပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ ပျက်ကျသွားသော လေယာဉ်ထဲမှ နောက်ထပ်လူများကို ထပ်မံကယ်တင်နိုင်ရန် မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

————————————————
(English Version)

Philippine military plane crashes in southern Sulu province

MANILA, July 4 (Xinhua) — A Philippine Air Force C-130 cargo plane with 85 people aboard crashed on Sunday while attempting to land in Sulu province in the southern Philippines, the armed forces said.

Armed Forces of the Philippines chief of staff Gen. Cirilito Sobejana said the plane was transporting troops from Cagayan de Oro City on Mindanao island when it crashed around 11:30 a.m. local time in Patikul in Sulu.

“The plane missed the runway and tried to regain power but failed,” Sobejana said, confirming that 40 people have been rescued from the wreckage so far.
“Responders are at the site now,” he said, expressing hope that more people on the ill-fated plane will be saved. Enditem

A Philippine Air Force C-130 cargo plane landed in Air base.