Connect with us

China

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ၎င်း၏ သွေးသားဗီဇထဲတွင် ရန်လိုသော သို့မဟုတ် ဗိုလ်ကျစိုးမိုးသော အမူအကျင့်များ သယ်ဆောင်ထားခြင်း မရှိကြောင်း ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် သမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ၎င်း၏ သွေးသားဗီဇထဲတွင် ရန်လိုသော သို့မဟုတ် ဗိုလ်ကျစိုးမိုးသော အမူအကျင့်များကို သယ်ဆောင်ထားခြင်းမရှိကြောင်း ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပါတီအနေဖြင့် လူသားတို့၏ အနာဂတ်ဘဝအတွက်သာ အလေးဂရုပြုပြီး ကမ္ဘာတစ်ဝှမ်းရှိ တိုးတက်သော အင်အားစုများ အားလုံးနှင့်အတူ ဟန်ချက်ညီစွာဖြင့် ရှေ့ဆက်မောင်းနှင်သွားရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွင် ပူးပေါင်းပါဝင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် နှင့် နိုင်ငံတကာအခင်းအကျင်းဟန်ချက်ကို ကာကွယ်စောင့်ထိန်းရန် အမြဲတမ်း လုပ်ဆောင်ခဲ့ကြောင်း ရှီက ဆိုသည်။ (Xinhua)

————————————
(English Version)
Xi says Chinese nation carries no aggressive or hegemonic traits in its genes
BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Thursday said that the Chinese nation does not carry aggressive or hegemonic traits in its genes.
The Party cares about the future of humanity, and wishes to move forward in tandem with all progressive forces around the world, Xi, also Chinese president and chairman of the Central Military Commission, made the remarks at a ceremony marking the centenary of the CPC.
China has always worked to safeguard world peace, contribute to global development, and preserve international order, Xi said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.