Connect with us

Asia

အသံထက်မြန်သော “ဟိုက်ပါဆိုးနစ်” ဒုံးကျည်စမ်းသပ်မှု မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်တက်ရောက်

ပြုံယမ်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အခြားထိပ်တန်း ခေါင်းဆောင်များ၏ ကြီးကြပ်မှုဖြင့် နောက်ဆုံးပေါ် အသံထက်မြန်သော “ဟိုက်ပါဆိုးနစ် (hypersonic) ထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည်” စမ်းသပ်မှုကို ဇန်နဝါရီ ၁၁ ရက်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း Korean Central News Agency က ဇန်နဝါရီ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။အဆိုပါ ဒုံးကျည်စမ်းသပ်မှုအား ဟိုက်ပါဆိုးနစ် ထိပ်ဖူးစနစ် နည်းပညာသတ်မှတ်ချက်များအား နောက်ဆုံးစိစစ်ခြင်းအတွက် ကာကွယ်ရေးသိပ္ပံအကယ်ဒမီမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

ဒုံးကျည်မှ ပစ်လွှတ်ပြီးနောက် ဟိုက်ပါဆိုးနစ် ထိပ်ဖူးသည် “glide jump flight” ထိပ်ဖူးတွန်းကန်အားဖြင့် ကီလိုမီတာ ၆၀၀ အထိ ပျံသန်းနိုင်ပြီး ၊ ယင်းနောက် ကီလိုမီတာ ၁,၀၀၀ အကွာအဝေးရှိ ရေပြင်ရှိပစ်မှတ်ကို မထိမီ ၂၄၀ ကီလိုမီတာ ဝေ့ဝိုက်ဆင်းသက်ခဲ့ကြောင်း သတင်းအေဂျင်စီက ပြောကြားခဲ့သည်။

ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေစဉ်အတွင်း ကင်ဂျုံအန်းက နိုင်ငံ၏ စစ်လက်နက်ပစ္စည်းများ စွမ်းဆောင်မှုကို စဉ်ဆက်မပြတ်မြှင့်တင်ရန် အမျိုးသား ကာကွယ်ရေးသိပ္ပံသုတေသနကဏ္ဍအား တိုက်တွန်းအားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

DPRK top leader attends latest “hypersonic” missile test
2022-01-12 10:03:15
PYONGYANG, Jan. 12 (Xinhua) — The Democratic People’s Republic of Korea (DPRK) on Tuesday successfully conducted a “hypersonic gliding warhead” test, which was supervised by top leader Kim Jong Un and other top officials, the Korean Central News Agency reported on Wednesday.
The report said the missile test was conducted by the Academy of Defence Science for the final verification of the hypersonic weapon system’s technical specifications.

After its release from the rocket booster, a hypersonic glide vehicle made a 600-km “glide jump flight” and then 240 km of “corkscrew maneuvering” before hitting a target in waters 1,000 km away, the news agency said.

While watching the test, Kim Jong Un encouraged the national defence scientific research sector to continuously bolster the country’s war deterrent capabilities. Enditem

Photo : — PYONGYANG, Oct. 20, 2021 (Xinhua) — Photo provided by the official Korean Central News Agency (KCNA) on Oct. 20, 2021 shows the Democratic People’s Republic of Korea (DPRK) conducting the test-firing of a new type of submarine-launched ballistic missile (SLBM) on Oct. 19, 2021. The DPRK “successfully” conducted the test-firing of a new type of SLBM on Tuesday, KCNA reported on Wednesday. (KCNA via Xinhua)