Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၌ ငလျင်လှုပ်ခတ်မှုအတွင်း လူ ၁၂ ဦးထက်မနည်း သေဆုံး

QALA-E-NAW ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဘက် Badghis ပြည်နယ်၌ ဇန်နဝါရီ ၁၇ ရက်တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးကာ အခြားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်မှုကြောင့် အဆိုးရွားဆုံး ထိခိုက်ခံစားရသည့် နေရာများမှာ Badghis ပြည်နယ်၏ မြို့တော် Qala-e-Naw မြို့၏ အရှေ့ဘက် Qadis ခရိုင်ရှိ Badruk ၊ Darband-e-Safed နှင့် Khak Polak ဒေသများ ဖြစ်ကြောင်း ခရိုင်အကြီးအကဲ Mohammad Saleh Purdil က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ညနေ ၄ နာရီ ၁၀ မိနစ်(ဂရင်းနစ်စံတော်ချိန် ၁၁၄၀)တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် လူနေအိမ်အများအပြား ဘေးဒဏ်သင့်ခဲ့ပြီး သေကျေပျက်စီးမှုအရေအတွက်သည် မြင့်လာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်ဘူမိဗေဒတိုင်းတာချက်တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်သည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် Badghis ပြည်နယ်၏ မြို့တော် Qala-e-Naw မြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၀ တွင် လှုပ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

မြေငလျင်သည် အနက် ၁၀ ဒသမ ၀ ကီလိုမီတာကို ဗဟိုပြု၍ မြောက်လတ္ထီကျူ ၃၄ ဒသမ ၉၄၇၉ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ ၆၃ ဒသမ ၅၆၈၆ ဒီဂရီ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်မည်ဟု ကနဦး ခန့်မှန်းထားသည်။အဆိုပါ ဒေသတွင် နောက်ဆက်တွဲငလျင် အများအပြားလည်း လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

1st LD Writethru: At least 12 killed in Afghan earthquake, says official
QALA-E-NAW, Afghanistan, Jan. 17 (Xinhua) — At least 12 people were killed and many others injured after a magnitude 5.6 earthquake hit Afghanistan’s western province of Badghis on Monday, a local official said.

“The worst-hit areas were Badruk, Darband-e-Safed and Khak Polak localities in Qadis district, east of the provincial capital Qala-e-Naw,” district chief Mohammad Saleh Purdil told Xinhua.

Multiple houses were affected by the quake which occurred at 4:10 p.m. (1140 GMT), and the number of casualties may rise, the source added.

The U.S. Geological Survey said the earthquake with a magnitude of 5.6 jolted 40 km east of Qala-e-Naw, the provincial capital of Badghis which borders Turkmenistan.

The epicenter, with a depth of 10.0 km, was initially determined to be at 34.9479 degrees north latitude and 63.5686 degrees east longitude, it said.

Several aftershocks were also felt in the region. Enditem
Photo – Photo taken on July 14, 2021 shows a wood market which was burned during the fighting in Qala-e-Naw , capital of Badghis province, Afghanistan, July 14, 2021. (Str/Xinhua)