Connect with us

Asia

အာဖဂန်နိုင်ငံတွင် အားလုံးပါဝင်သော အစိုးရဖွဲ့စည်းသွားမည်ဟု တာလီဘန်ပြောကြား

ကဘူးလ် ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

တာလီဘန်အနေဖြင့် မည်သည့် ပြည်တွင်းပြည်ပ ရန်သူမျိုးကိုမျှ မလိုလားကြောင်း နှင့် အာဖဂန်နစ္စတန်နိုင်ငံတွင် အားလုံးပါဝင်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားရန် ရည်မှန်းထားကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။အာဖဂန်နစ္စတန်နိုင်ငံအစိတ်အပိုင်းအများစုကို သိမ်းပိုက်ထားနိုင်ခဲ့သည့် တနင်္ဂနွေနေ့ကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တာလီဘန်အုပ်စု ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ၎င်းတို့အနေဖြင့် မည်သည့် ပြည်တွင်း သို့မဟုတ် ပြည်ပ ရန်သူမျိုးကိုမျှ မလိုလားကြောင်း နှင့် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နှင့် ကောင်းကျိုးစီးပွားဖြစ်ထွန်းရန်အတွက် အားလုံးနှင့်အတူ ဆက်ဆံရေးကောင်းမွန်စွာတည်ဆောက်သွားလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဩဂုတ် ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid အားတွေ့ရစဉ်(ဆင်ဟွာ)

“ အာဖဂန်နစ္စတန်နိုင်ငံမှာ ခိုင်မာတောင့်တင်းတဲ့ အစ္စလာမ်မစ်အစိုးရတစ်ရပ်ပေါ်ပေါက်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန် နှင့် မဟာမိတ်တပ်ဖွဲ့များ နှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ကြသည့် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုအတွက် အာမခံကြောင်း နှင့် ကဘူးလ်လေဆိပ်၌ စောင့်ဆိုင်းနေကြသော မိသားစုဝင်များအနေဖြင့် အကယ်၍ ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လာမည်ဆိုပါကလည်း ဘေးကင်းလုံခြုံစေမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံရပ်ခြား တိုင်းပြည်များနှင့်အတူ အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် တာလီဘန်အနေဖြင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံ၏သဘာဝအရင်းအမြစ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကယ်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်နစ္စတန်နိုင်ငံအတွက် အစားထိုးသီးနှံများ စီမံဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံအတွင်း ဘိန်းစိုက်ပျိုးရေး လုံးဝကင်းစင်ပပျောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “ နယ်နိမိတ်အားလုံးသည် တာလီဘန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကြောင်း” လည်း၎င်းက ဆိုသည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်ခွင့် နှင့် ပညာသင်ကြားခွင့်ကို အစ္စလာမ်မစ်ဥပဒေပေါ် အခြေခံကာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း နှင့် ထိုသူများအနေဖြင့် အစ္စလာမ်မစ်စည်းမျဉ်းစည်းကမ်းမူဘောင်များအတွင်း အခွင့်အရေးအားလုံးရရှိမည်ဖြစ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော အမျိုးသမီးများသည် လူမှုအသိုက်အဝန်းတွင် အလွန်အရေးပါသော အစိတ်အပိုင်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။(Xinhua)

————————————————-
(English Version)

Taliban says to form inclusive gov’t in Afghanistan

KABUL, Aug. 17 (Xinhua) — The Taliban did not want to have any internal or external enemies, and intended to form an inclusive government in Afghanistan, a Taliban spokesman said here on Tuesday.

At its first press conference since the Taliban’s takeover of most parts of Afghanistan on Sunday, the group’s spokesman Zabihullah Mujahid said they do not want any internal or external enemies, and they want to have good relations with everybody to develop economy and achieve prosperity.”Afghanistan will have a strong, Islamic government,” he said.

The spokesman promised to ensure the safety of people who worked with the U.S. and allied forces, adding that those whose families were waiting at the Kabul airport would be safe if they returned homes.

He said Afghanistan’s interactions with foreign countries would continue, and the Taliban would use the country’s natural resources for reconstruction.

Afghanistan will be drug free if the international community provides alternative crops for the country, he added. “All borders are under Taliban’s control.”

He also said the Taliban will allow women in Afghanistan to work and study based on the Islamic law, and they will be offered with all rights within the Islamic principles, because women are vital parts of the society. Enditem

Photos- The Taliban spokesman Zabihullah Mujahid addresses a press conference in Kabul, capital of Afghanistan, on Aug. 17, 2021.