Connect with us

Africa & Middle East

အာဖဂန် မြို့တော်၌ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ ၅၂ ဦးအားဖမ်းဆီး

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ ရှိ တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာ၌ ၂၀၂၀ပြည့်နှစ်၊ မေ ၁၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များစောင့်ကြပ်နေစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် ရက်သတ္တပတ်တစ်ပတ်အတွင်း ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၅၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြခဲ့သည်။

လက်နက်ကိုင် လုယက်မှု၊ တရားမဝင် လက်နက်များ လက်ဝယ်ထားရှိမှု၊ မူးယစ်ဆေးဝါး ရောင်းချမှုများ အပါအဝင် မှုခင်းအများအပြားတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူများကို ကဘူးလ် ရဲတပ်ဖွဲ့ ခရိုင်များနှင့် အနီးဝန်းကျင်ရှိ ဆင်ခြေဖုံး ခရိုင်များတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယင်း သံသယရှိသူများကို တရားဥပဒေကြောင်းအရ စိစစ်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများသို့ ခေါ်ဆောင်သွားကြောင်း ” သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာလီဘန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်တွင် တရားဥပဒေ စိုးမိုးရေးဌာနများအား လုံခြုံရေး အစီအမံများ တိုးမြှင့်ရန်နှင့် လူဦးရေ ၅ သန်းနီးပါးရှိသော မြို့တော်တွင် အများပြည်သူ တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရန် တိုက်တွန်းပြောကြာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
52 suspected criminals arrested in Afghan capital
KABUL, Nov. 5 (Xinhua) — Fifty-two criminal suspects were arrested in Afghanistan’s national capital Kabul during one week, the state-run Bakhtar News Agency reported on Friday.
The suspects, who were reported to have been involved in multiple criminal cases, including armed robberies, possession of illegal weapons, and sale of narcotics, were captured by security forces in Kabul police districts and surrounding suburban districts.
“The suspects were taken to concerned departments for screening and possible legal process,” according to the report.
On Thursday, the Taliban government’s Ministry of Interior called on law enforcement agencies to beef up security measures and improve public order in the capital that has a population of nearly 5 million. Enditem