Connect with us

Asia

အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်တိုးတက်မှုက အမေရိကန်၏ ဒေသဆိုင်ရာ စစ်ရေးအစီအစဉ်အား စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း ပညာရှင်ပြောကြား

တီဟီရန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၏ ဒုံးကျည်စွမ်းရည်တိုးတက်မှုသည် အမေရိကန်၏ ဒေသဆိုင်ရာစစ်ရေးအစီအစဉ်အား စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း အမေရိကန်နိုင်ငံရေးကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြောကြားချက်ကို အီရန်နိုင်ငံ Press TV သတင်းကွန်ရက်က ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။အီရန်နိုင်ငံ၏ ဒုံးကျည်ပရိုဂရမ်သည် အရှေ့အလယ်ပိုင်းဒေသ၌ နှစ်ဘက်ချိန်ခွင်လျှာကို အမှန်တကယ် ပြန်လည်ထိန်းညှိပေးခဲ့ခြင်းဖြစ်ရာ အမေရိကန်နိုင်ငံ၏ မဟာဗျူဟာမြောက် စစ်ရေးတွက်ချက်မှုများကို အပြောင်းအလဲဖြစ်စေခဲ့ကြောင်း မော်စကိုအခြေစိုက် Andrew Korybko ၏ ပြောကြားချက်ကို ကိုးကား၍ Press TV က ဖော်ပြထားသည်။

“ အမေရိကန်နဲ့မဟာမိတ်အပေါင်းအပါတွေဟာ အီရန်အပေါ် စစ်ရေးအရ ပြတ်ပြတ်သားသား အသာစီးရဖို့အတွက် ဒေသတွင်းမှာ အမေရိကန်ရဲ့ အတင်းအကျပ်ပြုလုပ်ထားတဲ့ စစ်ရေး အင်အားချိန်ခွင်လျှာကို အီရန်နိုင်ငံက ကပြောင်းကပြန်ပြုလုပ်လာမှာကို အမေရိကန် စိုးရိမ်နေတယ် ” ဟု ၎င်းက ရှင်းလင်းထားသည်။

ပြီးခဲ့သည့်အပတ်တွင် အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး surface-to-surface မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည် ၁၆ စင်း စမ်းသပ်ပစ်ခတ်ခဲ့ရာ ယင်းမှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိကမဟာမိတ် အစ္စရေးနိုင်ငံကို IRGC တပ်မှူးများက သတိပေးအချက်ပြမှုတစ်ခု ပေးပို့လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အီရန်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် သုတေသနကိရိယာသုံးခုအား သယ်ဆောင်ထားသည့် ဒုံးကျည်တစ်စင်းအား အာကာသအတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Iran’s missile progress poses challenges to U.S. regional military plan: expert

TEHRAN, Jan. 2 (Xinhua) — A U.S. political expert said the progress in Iran’s missile program has posed challenges to the U.S. regional military plan, Iran’s news network Press TV reported Sunday.

Iran’s missile program has changed U.S. strategic military calculations by restoring an actual balance in the Middle East region, Moscow-based Andrew Korybko was quoted by Press TV as saying.

“The United States fears that Iran is upsetting the hitherto American-enforced regional balance of power, where Washington and its allies were supposed to have a decisive military advantage over Tehran,” he explained.

Last week, Iran’s Islamic Revolution Guard Corps (IRGC) staged a large-scale military drill along the southern coast of the country where the IRGC fired 16 surface-to-surface ballistic missiles, which according to its commanders has sent a warning signal to Israel, the main ally of the United States in the Middle East.
Iran on Thursday launched a rocket into space carrying three research devices. ■

Photo – A long-range Qadr ballistic missile is launched in the Alborz mountain range in northern Iran on March 9, 2016. (Xinhua File photo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.