Connect with us

Economy

၂၀၂၁ ခုနှစ်မတိုင်မီ တရုတ်-စင်ကာပူ ကွန်ရက်ချိတ်ဆက်မှု ရှေ့ပြေးဆောင်ရွက်ချက်အရ စီမံကိန်း ၁၆၂ ခု လက်မှတ်ရေးထိုးပြီးဖြစ်

ချုံချင့်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်-စင်ကာပူ (ချုံချင့်) သရုပ်ပြစီမံကိန်းအောက်တွင် ၂၀၂၁ ခုနှစ် နှစ်မကုန်မီအထိ မဟာဗျူဟာမြောက် ကွန်ရက်ချိတ်ဆက်မှုအရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း စုစုပေါင်း ၁၆၂ ခု လက်မှတ်ရေးထိုးထားကြောင်း သိရသည်။အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသော အချက်အလက်များအား ဇန်နဝါရီ ၁၇ ရက်က ချုံချင့် မြူနီစီပယ်၏ ၅ ကြိမ်မြောက် ကွန်ဂရက်၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးတွင် တင်ပြခဲ့သည်။

၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သော ကနဦးစီမံကိန်းသည် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ လေကြောင်း သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့သယ်ပို့လုပ်ငန်းနှင့် သတင်းအချက်အလက် ဆက်သွယ်ရေး အပါအဝင် အဓိကကဏ္ဍများအား ရည်မှန်းထားကြောင်း သိရသည်။

ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ စူကျိုး စက်မှုဉယျာဉ်နှင့် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြူနီစီပယ်ရှိ ထျန်းကျင်း Eco-city မြို့ပြီးနောက် တရုတ်နှင့် စင်ကာပူတို့ကြား အစိုးရချင်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်သည်။

စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ပြည်နယ်အဆင့် ဒေသများမှ ပူးပေါင်းတည်ဆောက်ထားသော ကုန်သွယ်ရေးနှင့် ထောက်ပံ့သယ်ပို့လမ်းကြောင်းတစ်ခုဖြစ်သော နိုင်ငံတကာ ကုန်း-ပင်လယ် ကုန်သွယ်ရေးစင်္ကြံအသစ်သည် တရုတ်နှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကြား ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်လျက်ရှိကြောင်း သိရသည်။

ချုံချင့်မြို့တွင် ၂၀၂၁ ခုနှစ်တွင် ကုန်း-ပင်လယ်ကုန်သွယ်ရေးစင်္ကြံမှတစ်ဆင့် ကုန်တင်ရထားခရီးစဉ်ပေါင်း ၂,၀၃၅ ခုရှိခဲ့ပြီး ယမန်နှစ်ကထက် ၅၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကမ္ဘာတစ်ဝန်း နိုင်ငံနှင့် ဒေသပေါင်း ၁၀၇ ခုတွင် ဆိပ်ကမ်းပေါင်း ၃၁၅ ခုသို့ တိုးချဲ့နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)

162 projects inked under China-Singapore connectivity initiative by 2021
2022-01-18 16:25:56
CHONGQING, Jan. 18 (Xinhua) — A total of 162 business cooperation projects worth 25 billion U.S. dollars had been inked under the China-Singapore (Chongqing) Demonstration Initiative on Strategic Connectivity by the end of 2021.

The information was revealed in the government work report delivered Monday at the fifth session of the 5th People’s Congress of the Chongqing Municipality.

Launched in 2015, the initiative mainly targets sectors including financial services, air transportation, logistics and information communication.

It is the third intergovernmental cooperation project between China and Singapore, following the Suzhou Industrial Park in east China’s Jiangsu Province and the Tianjin Eco-city in north China’s Tianjin Municipality.

The New International Land-Sea Trade Corridor, a trade and logistics passage jointly built by Singapore and provincial-level regions of western China, has also enhanced connectivity between China and other members of the Association of Southeast Asian Nations (ASEAN).

Chongqing saw 2,036 freight train trips via the land-sea trade corridor in 2021, up 53 percent year on year. It has expanded its reach to 315 ports in 107 countries and regions worldwide. Enditem

Photo : Aerial photo taken on Jan. 2, 2021 shows a view of the China-Singapore Nanning logistics park under construction in Nanning, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhou Hua)