Connect with us

North America

၂၀၂၂ ခုနှစ် ဗြိတိန် စီးပွားရေး ပြန်လည်ရှင်သန်ရန် စိန်ခေါ်မှုအထပ်ထပ်နှင့် ရင်ဆိုင်နေရ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် ၂၀၂၁ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်က ဗြိတိန်စီးပွားရေးသည် ကိုဗစ်ကပ်ရောဂါ အပြန်ပြန်အလှန်လှန်ဖြစ်ပွားမှုကြောင့် အထိနာခဲ့သလို ကုန်စည်ထောက်ပို့မှုကွင်းစက်အကျပ်အတည်း၊ လုပ်သားရှားပါးခြင်း၊ စွမ်းအင်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်း စသည့် အကြောင်းအရင်းပေါင်းများစွာ၏ အနှောင့်အယှက်များနှင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၂၂ ခုနှစ်တွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် လျင်မြန်စွာ ကူးစက်ပြန့်ပွားလာခြင်းက နောက်ထပ် ရိုက်ခတ်မှုဖြစ်စေခဲ့ခြင်းကြောင့် ဗြိတိန်စီးပွားရေး ပြန်လည်နာလန်ထူရန် စိန်ခေါ်မှု အထပ်ထပ်နှင့်ရင်ဆိုင်နေရသည်။

ငွေကြေးဖောင်းပွမှု မကျဆင်းဘဲ မြင့်တက်နေခြင်းက စီးပွားရေးပြန်လန်ရှင်သန်ရန်အတွက် အဟန့်အတားဖြစ်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ၏ စားသုံးသူ ဈေးနှုန်းညွှန်းကိန်း(CPI)သည် ပြီးခဲ့သည် ကာလတူထက် ၅.၁ ရာခိုင်နှုန်း မြင့်တက်လာရာ ၁၀ နှစ်အတွင်း အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး ၎င်းမှာ ဗြိတိန်ဗဟိုဘဏ်ကကြိုသတ်မှတ်ထားသော ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းထက်များစွာ မြင့်မားနေကြောင်း နိုဝင်ဘာက ဗြိတိန်အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဆက်တိုက်မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှု ဝန်ဖိအားကို ဖြေရှင်းရန်အတွက် ဗြိတိန် ဗဟိုဘဏ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အခြေခံအတိုးနှုန်းကို သမိုင်းဝင် အနိမ့်ဆုံး ၀.၁ ရာခိုင်နှုန်းမှ ၀.၂၅ ရာခိုင်နှုန်းထိ တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် အမြင့်ဆုံး ၆ ရာခိုင်နှုန်းထိ ရောက်နိုင်သည်ဟု ဗြိတိန် ဗဟိုဘဏ်၏ ကြိုတင်ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှု မကျဆင်းဘဲ ဆက်တိုက်မြင့်မားနေခြင်းသည် လူထုအတွက် အထူးသဖြင့် ဝင်ငွေနည်းပါးမိသားစုများအတွက် ကြီးမားသည့် သက်ရောက်မှုရှိစေမည်ဖြစ်သည်။ ဗြိတိန်《Financial Time》က စီးပွားရေးပညာရှင် ၁၀၀ နီးပါးကို စစ်တမ်းကောက်ယူချက်များအရ ဗြိတိန်လူထု လူမှုအဆင့်အတန်းသည် ၂၀၂၂ ခုနှစ်တွင် ကျဆင်းလာနိုင်ပြီး ၎င်းတို့အနက် ဆင်းရဲနွမ်းပါးမိသားစုများက ငွေကြေးဖောင်းပွမှု အဆမတန်မြင့်တက်လာခြင်းနှင့်အကောက်ခွန်တိုးလာခြင်းကြောင့် ရိုက်ခတ်ခံမှု အကြီးဆုံး ခံစားရလိမ့်မည် ဟု လက်ခံဖြေကြားသူ အများစုက ယူဆကြသည်။

အဆက်မပြတ် ဆိုးဝါးလာသည့် ငွေကြေးဖောင်းပွမှု ပတ်ဝန်းကျင်သည် စီးပွားရေးတိုးတက်မှုအပေါ် အဟန့်အတား ဖြစ်စေပြီး စားသုံးသူများ၏ ဝယ်ယူသုံးစွဲမှုအားကို ဧရာမ ရိုက်ခတ်မှုကြီးဖြစ်စေကြောင်း Abrdn plc ဗြိတိန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ အစီရင်ခံစာ ထုတ်ပြန်ချက်များ ဖော်ပြခဲ့သည်။

Brexit နောက်ပိုင်း ဘေးထွက်ဆိုးကျိုး သို့မဟုတ် ကုန်သွယ်ရေးပွတ်တိုက်မှု ပိုမိုပြင်းထန်လာခြင်း

၂၀၂၂ ခုနှစ်တွင် ဗြိတိန်၏ ဥရောပသမဂ္ဂ ကုန်စည်ပစ္စည်းများဦးတည်သည့် အကောက်ခွန်စည်းမျဉ်းသစ်များ စတင် အသက်ဝင်ပြီဖြစ်သည်။ ဤစည်းမျဉ်းသစ်များက ဗြိတိန်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးပွတ်တိုက်မှု ပိုမို ဆိုးဝါးလာမည်ကို နယ်ပယ်အတွင်း လူပုဂ္ဂိုလ်များက စိုးရိမ်မှုရှိနေကြသည်။

စည်းမျဉ်းသတ်မှတ်ချက်များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ဥရောပသမဂ္ဂမှ ဗြိတိန်သို့ ဝင်ရောက်သော ထိန်းချုပ်ကုန်စည်များမဟုတ်သည့် ကုန်ပစ္စည်းများသည် မူလက အကောက်ခွန်ရှင်းတမ်း ၁၇၅ ရက်ကြာ နောက်ရွှေ့ဆိုင်းခြင်း မူဝါဒတွင် အကျုံးမဝင်တော့ကြောင်း သိရသည်။ ကုမ္ပဏီလုပ်ငန်း သို့မဟုတ် ကုန်စည်ထောက်ပို့ရေး ကိုယ်စားလှယ်လုပ်ငန်း များစွာသည် ဗြိတိန်သို့ ဝင်ရောက်ပါက အကောက်ခွန် သွင်းကုန် လျှောက်ထားချက်ကို ပြီးပြည့်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်စည်များကို လက်တွေ့ စိစစ်မှုများ ပြုလုပ်မလုပ်ကို အကောက်ခွန်ဌာနက အခြေအနေအရ ဆုံးဖြတ်မည် ဖြစ်သည်။

“ဒီလိုလုပ်ဆောင်တာဟာ လက်ရှိကုန်စည်ထောက်ပို့မှုကွင်းဆက် ပြဿနာကို ပိုပြီး ဆိုးဝါးစေနိုင်တယ်။ဆိပ်ကမ်းနဲ့ဂိတ်တွေမှာ စုပြုံနေတာက ကုမ္ပဏီလုပ်ငန်းတော်တော်များများအတွက် မတော်တဆ သတ်မှတ်ချက်ကျော်လွန်ပြီး အပိုထပ်ဆောင်းကုန်ကျစရိတ်တွေ ဖြစ်စေတယ်”ဟု ဗြိတိန် Institute of Directors(IoD) ထိပ်တန်း ဘောဂဗေဒ ပညာရှင် Kitty Ussherက ဆိုသည်။

UK Cold Chain Federation အမှုဆောင်အရာရှိချုပ် Shane Brennanက စည်းမျဉ်းသစ်များကြောင့် ကုန်စည်သယ်ယူပို့ဆောင်မှု ကြန့်ကြာခြင်းနှင့်အပိုထပ်ဆောင်းကုန်ကျစရိတ်ဖြစ်ပေါ်စေနိုင်ကြောင်း၊”ဒါက ပိုပြီး လွယ်ကူမှုမရှိ ကုန်ကျစရိတ် ပိုမြင့်မားစေတဲ့ လုပ်ငန်းစဉ် ဖြစ်တယ်”ဟု ဆိုသည်။

စည်းမျဉ်းသတ်မှတ်ချက်သစ်များက ရှိရင်းစွဲ ဥရောပသမဂ္ဂ သွင်းကုန် လုပ်ငန်းဆောင်တာတွေကို ယိုယွင်းစေပြီး ပို၍အဖိုးအခများ၊ ပို၍လွယ်ကူမှုမရှိ၊ ပို၍နှောင့်နှေးစေသည့် ကုန်စည် တင်သွင်းမှုမှု ဖြစ်စေနိုင်ကြောင်း《The Daily Telegraph》တွင် ဖော်ပြထားသည်။

နိုင်ငံရေး မတည်ငြိမ်မှုက ယုံကြည်ချက်ကို ယိမ်းယိုင်စေ

ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်သည့် Brexitလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်သော်လည်း စကော့တလန်သည် “Brexit”လားဆိုသည်မျာ မသိရှိရသေးပေ။ ကိုဗစ်ကပ်ရောဂါက ဗြိတိန်အစိုးရကို စကော့တလန် လွတ်လပ်ရေးပြဿနာဖြေရှင်းရန်အတွက် အသက်ရှူချောင်ခွင့်ရစေသည်။ သို့သော် ၂၀၂၂ ခုနှစ်တွင် ကပ်ရောဂါအခြေအနေ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါက ယင်းပြဿနာသည် နောက်တစ်ဖန်ပြန်လည် အာရုံစိုက်ရမည်အရာဖြစ်လာမလားဆိုသည်မှာ ပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေလျက်ရှိသည်။

၂၀၂၁ ခုနှစ် မေလက ကျင်းပသည့် စကော့တလန် လွှတ်တော် ရွေးကောက်ပွဲတွင် “Brexit”လိုလားသည့် စကော့တလန် အမျိုးသားပါတီ(SNP)က နေရာအများစု အနိုင်ရရှိခဲ့သည်။ ယင်းပါတီခေါင်းဆောင် Sturgeonက ၎င်း၏ဦးဆောင်မှုဖြင့် စကော့တလန်ကို ကပ်ရောဂါအကျပ်အတည်းမှ ရုန်းထွက်ပြီးနောက် ဒုတိယအကြိမ် သီးခြား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထိုအခြေအနေများအပြင် လက်ရှိ အာဏာရ ဘောရစ်ဂျွန်ဆင်အစိုးရသည် ကပ်ရောဂါ၊ ငွေကြေးဖောင်းပွမှု၊ Brexit၊ အာဖဂန်မှ တပ်ရုပ်သိမ်းခြင်း စသည့် အရေးကိစ္စများကြောင့် ၎င်း၏စွမ်းဆောင်ရည်သည် မေးခွန်ထုတ်ခံနေရပြီး လူထုထောက်ခံမှု ကျဆင်းလျက်ရှိသည်။ ထိုကာလများအတွင်း မီဒီယာအချို့က ဘောရစ်ဂျွန်ဆင်အစိုးရသည် ၂၀၂၂ ကို တောင့်ခံနိုင်ပါမလား၊ မသေချာမရေရာမှုများ ရှိနေကြောင်း ဖော်ပြခဲ့သည်။

သို့သော် စီးပွားရေးပညာရှင် အချို့က ဗြိတိန်၏စီးပွားရေးအခြေအနေသည် ကပ်ရောဂါ၏အခြေအနေပေါ်တွင် ပို၍မူတည်နိုင်ကြောင်း ဆိုသည်။လက်တွေ့ လုပ်ခလစာ လျော့နည်းလာခြင်း၏ စားသုံးသူအပေါ် သက်ရောက်မှုက “ဆက်တိုက်ပိတ်ဆို့မှုကြောင့် ထိတ်လန့်စိုးရိမ်မှုများ”ထက် နည်းပါးကြောင်း《Financial Times》က ဗြိတိန် ဘဏ္ဍာရေးဆန်းသစ်မှုသုတေသနစင်တာ ဒါရိုက်တာ Andrew Hilton၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။ Kitty Ussherက “ကပ်ရောဂါအဆိုးဆုံးအခြေအနေကာလပြီးသွားပြီလို့ လူတွေက ယုံကြည်မယ်ဆိုရင် အားကောင်းလာတဲ့ဈေးကွက်လိုအပ်ချက်က စီးပွားရေးကို အခြေခံအားဖြင့် မှန်ကန်သည့်ဦးတည်ချက်သို့ မျက်နှာမူစေပြီး တိုးတက်လာစေလိမ့်မယ်”ဟု ပြောကြားခဲ့သည်။ (Xinhua)

——————————–
(Chinese Version)
(国际观察•财经)2022年英国经济复苏面临多重挑战
2022-01-06 14:20:26
新华社伦敦1月5日电(国际观察)2022年英国经济复苏面临多重挑战
新华社记者孙晓玲
2021年,英国经济遭受新冠疫情反复、供应链瓶颈、劳工短缺、能源价格飙升等一系列因素干扰。2022年,变异新冠病毒奥密克戎毒株快速蔓延进一步带来冲击,英国经济复苏面临重重挑战。
(小标题)通胀高企阻碍经济复苏
英国国家统计局数据显示,英国2021年11月消费者价格指数(CPI)同比上涨5.1%,为10年来最高水平,远高于英国央行设定的2%的通胀目标。
为应对持续攀升的通胀压力,2021年12月,英国央行宣布将基准利率从0.1%的历史低位上调至0.25%。英国央行预计,2022年4月通胀率或将达到6%左右的峰值。
通胀高企给民众特别是低收入家庭带来巨大影响。据英国《金融时报》对近100位经济学家的调查,大多数受访者认为英国民众生活水平将在2022年下滑,其中较贫穷家庭受通胀飙升和税收增加影响最大。
英国投资公司标准人寿安本集团发布报告说,不断恶化的通胀环境将给经济增长带来阻力,对消费者购买力造成巨大打击。
(小标题)“脱欧”后遗症或加剧贸易摩擦
进入2022年,英国针对欧盟商品的海关管制新规正式生效。业内人士担忧,这一新规或加剧英欧贸易摩擦。
根据规定,从2022年1月1日起,从欧盟进入英国的非管制商品将不再适用原先175天延迟清关政策,大量企业或货运代理公司在英国通关时必须完成完整的海关进口申报,海关部门则根据情况决定是否对实物进行进一步核查。
英国董事协会首席经济学家姬蒂•厄谢尔表示:“这将加剧现有供应链问题,导致港口进一步拥堵,许多企业将因意外违规而产生额外成本。”
英国冷链联合会首席执行官沙恩•布伦南表示,新规可能导致物流延误及额外成本,“这是一个更不灵活、成本更高的流程”。
英国《每日电讯报》刊文说,新规将破坏从欧盟进口商品已有流程,从而导致进口“更昂贵、更不灵活、更慢”。
(小标题)政治不确定性影响信心
虽然英国已完成“脱欧”,但苏格兰会否“脱英”仍未可知。新冠疫情一定程度上给英政府应对苏格兰独立问题以喘息之机。然而,一旦2022年疫情出现明显好转,该问题是否会重新成为焦点,引发外界关注和猜测。
在2021年5月苏格兰议会选举中,主张“脱英”的苏格兰民族党赢得多数议席。该党党魁斯特金表示,在其带领苏格兰渡过疫情危机之后将寻求举行第二次独立公投。
另外,当前执政的约翰逊政府在应对疫情、通胀、“脱欧”、阿富汗撤军等问题上饱受质疑,民意支持率下滑。此间一些媒体表示,约翰逊政府能否“挺过”2022年,也存在不确定性。
不过,也有经济学家表示,英国经济状况可能更多取决于疫情发展。《金融时报》报道援引英国金融创新研究中心主任安德鲁•希尔顿的话说,实际工资下降对消费者影响小于“对持续封锁的恐惧所引发的悲观情绪”。厄谢尔表示:“只要人们相信疫情最严重时期已经过去,强劲需求就会使经济基本面朝着正确方向发展。”(完)