Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီမှ Yoon Suk-yeol အနိုင်ရရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိပြီးနောက် ပြည်သူ့အင်အားပါတီမှ Yoon Suk-yeol (ရှေ့တန်း) က လက်ဝှေ့ယမ်းပြနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Joint Press Corps/NEWSIS via Xinhua)

ဆိုးလ်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

မတ် ၉ ရက်တွင် ပြုလုပ်ခဲ့သော တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အဓိက ကွန်ဆာဗေးတစ် အတိုက်အခံ ပြည်သူ့အင်အားပါတီ (People Power Party) မှ Yoon Suk-yeol အနိုင်ရရှိခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက မတ် ၁၀ ရက်၌ သတင်းဖော်ပြခဲ့သည်။Yoon သည် ၎င်း၏ အဓိကပြိုင်ဘက်ဖြစ်သော လက်ရှိ အာဏာရ ဒီမိုကရက်တစ်ပါတီ (Democratic Party) မှ Lee Jae-myung အား အကြိတ်အနယ်ယှဉ်ပြိုင်ပြီးအနိုင်ရရှိကာ တောင်ကိုရီးယား သမ္မတအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရုပ်သံစကားစစ်ထိုးပွဲသို့ တက်ရောက်လာသော ပြည်သူ့အင်အားပါတီမှ သမ္မတလောင်း Yoon Suk-yeol အား မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒေသစံတော်ချိန် နံနက် ၄:၁၅ နာရီအထိ စုစုပေါင်း ဆန္ဒမဲ၏ ၉၈.၃ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် Yoon က ထောက်ခံမဲ ၄၈.၅၈ ရာခိုင်နှုန်းဖြင့် ၎င်း၏ အဓိကပြိုင်ဘက် Lee အား ပွတ်ခါသီခါအနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်မှ အချက်အလက်များအရ သိရသည်။

Lee ကမူ ဆန္ဒမဲများ၏ ၄၇.၈၀ ရာခိုင်နှုန်း ရရှိခဲ့ခြင်း ဖြစ်သည်။ တရားမျှတရေးပါတီ (Justice Party) မှ Sim Sang-jung ကမူ ထောက်ခံမဲ ၂.၃၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း၊ ဆန္ဒမဲအားဆုံးနီးပါး ရေတွက်ပြီးချိန်တွင် Sim က Yoon အား ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ရသည်။

Lee ကမူ ယင်းမှာ ပြည်သူများ၏ ရှုံးနိမ့်မှာမဟုတ်သလို ဒီမိုကရက်တစ်ပါတီ၏ ရှုံးနိမ့်မှုလည်းမဟုတ်ကြောင်း ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ မိမိကိုယ်ကိုသာ အပြစ်တင်လျက် ရုပ်သံမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲပုံးများ သယ်ဆောင်လာသော ဝန်ထမ်းများအား မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Yoon အနေဖြင့် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှု ခေတ်သစ်ကို ဖွင့်လှစ်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားလျက် Lee က Yoon အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲပုံးများ ပြင်ဆင်နေသော ဝန်ထမ်းများအား
မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရွေးကောက်ပွဲက ၎င်းနှင့် ၎င်း၏ပါတီကို အကဲဖြတ်ပေးလိုက်ခြင်းကြောင်းနှင့် နိုင်ငံရေးပါတီကြီးနှစ်ခုကြား အကြိတ်အနယ်ယှဉ်ပြိုင်နေသည့်ကြားမှ ၎င်းအားထောက်ခံသူများကို ကျေးဇူးတင်ကြောင်း Sim က ရွေးကောက်ပွဲရလဒ်အမှတ်ကို နှိမ့်ချစွာလက်ခံလျက် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲရေတွက်နေသော ဝန်ထမ်းများအား မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲရေတွက်နေသော ဝန်ထမ်းများအား မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မဲရုံတစ်ခုတွင် သမ္မတရွေးကောက်ပွဲအတွက် မဲရေတွက်နေသော ဝန်ထမ်းများအား မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိပြီးနောက် ပြည်သူ့အင်အားပါတီမှ Yoon Suk-yeol (ရှေ့တန်း) က လက်ဝှေ့ယမ်းပြနေသည်ကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Joint Press Corps/NEWSIS via Xinhua)

နောက်ဆုံးဆန္ဒမဲပေးသူများမှာ ၇၇.၁ ရာခိုင်နှုန်း သို့မဟုတ် မဲပေးပိုင်ခွင့်ရှိသူ ၄၄,၁၉၇,၆၉၂ ဦးရှိသည့်အနက် ၃၄,၀၇၁,၄၀၀ ဦး မဲပေးခဲ့ကြောင်း သိရသည်။ ယင်းပမာဏမှာ ၂၀၁၇ ခုနှစ် ယခင်ရွေးကောက်ပွဲက ၇၇.၂ ရာခိုင်နှုန်းရှိခဲ့ရာမှာ အနည်းငယ်လျော့နည်းခဲ့ခြင်းလည်း ဖြစ်သည်။ (Xinhua)

—————————
(English Version)

Yoon Suk-yeol of opposition party wins S.Korean presidential election

SEOUL, March 10 (Xinhua) — Yoon Suk-yeol of the main conservative opposition People Power Party won the South Korean presidential election held on Wednesday, according to the Yonhap news agency Thursday.

Yonhap said Yoon was elected South Korean president after his major rival in the neck-to-neck race Lee Jae-myung of the ruling Democratic Party conceded defeat.

Yoon secured 48.58 percent of support, defeating Lee by a narrow margin with 98.3 percent of the total votes counted as of 4:15 a.m. local time (1915 GMT Wednesday), showed data by the National Election Commission.

Lee won 47.80 percent of the votes. Sim Sang-jung of the progressive Justice Party fell far behind with a support of 2.37 percent. Sim also conceded defeat to Yoon when the votes counting was almost completed.

Lee said in a televised address that it was neither the failure of people nor that of the Democratic Party, blaming the election result on himself.

Lee offered his congratulations to Yoon, expressing hope that Yoon would open a new era of unity and harmony in the country.

Sim said in a televised speech that she humbly accepted her poor score in the election as it was the assessment of herself and her party, and expressed gratitude to her supporters despite the tight race between the two biggest political parties.

The final turnout was 77.1 percent, or 34,071,400 voters among the electorate of 44,197,692 people. It was slightly lower than the previous election’s 77.2 percent in 2017. ■
Photo 1 : Yoon Suk-yeol (Front) of the People Power Party waves after winning the South Korean presidential election in Seoul, South Korea, on March 10, 2022. Yoon Suk-yeol of the main conservative opposition People Power Party won the South Korean presidential election held on Wednesday, according to the Yonhap news agency Thursday. (Joint Press Corps/NEWSIS via Xinhua)
Photo 2 : File photo taken on March 2, 2022 shows South Korean presidential candidate Yoon Suk-yeol of the People Power Party attending a televised debate in Seoul, South Korea. Yoon Suk-yeol of the main conservative opposition People Power Party won the South Korean presidential election held on March 9, according to the Yonhap news agency on March 10. (Photo by James Lee/Xinhua)
Photo 3 : Staff members send ballot boxes for the presidential election to a ballot counting station in Seoul, South Korea, March 9, 2022. (Photo by James Lee/Xinhua)
Photo 4 : Staff members prepare to count ballots for the presidential election at a ballot counting station in Seoul, South Korea, March 9, 2022. (Photo by James Lee/Xinhua)
Photo 5, 6, 7 : Staff members count ballots for the presidential election at a ballot counting station in Seoul, South Korea, March 9, 2022. (Photo by James Lee/Xinhua)
Photo 8 : Yoon Suk-yeol (Front) of the People Power Party waves after winning the South Korean presidential election in Seoul, South Korea, on March 10, 2022. Yoon Suk-yeol of the main conservative opposition People Power Party won the South Korean presidential election held on Wednesday, according to the Yonhap news agency Thursday. (Joint Press Corps/NEWSIS via Xinhua)