Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အာကာသသို့ ထောက်လှမ်းရေးဂြိုဟ်တုများ ပိုမိုလွှတ်တင်သွားမည်

မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ရစဉ်(KCNA/Handout via Xinhua)

ပြုံးယမ်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံသည် အာကာသသို့ အမျိုးမျိုးသော စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုများကို လွှတ်တင်သွားမည် ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက မတ် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ကင်ဂျုံအန်က မကြာသေးမီတွင် အမျိုးသား အာကာသယာဉ် တည်ဆောက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်ရေးအဖွဲ့(NADA)အား စစ်ဆေးကြည့်ရှုခဲ့စဉ်အတွင်း ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။ကင်ဂျုံအန်သည် ဖေဖော်ဝါရီ ၂၇ ရက် နှင့် မတ် ၅ ရက်တို့တွင် ထောက်လှမ်းရေးဂြိုဟ်တု နှစ်စင်း တီထွင်စမ်းသပ်မှုပြုလုပ်ခဲ့သည့် NADA ၏ ကြီးမားသည့်စမ်းသပ်မှုရလဒ်များအပေါ် များစွာကျေနပ်အားရကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။

အချုပ်အခြာအာဏာ နှင့် အမျိုးသားအကျိုးစီးပွားအား ကာကွယ်ခြင်း နှင့် မိမိကိုယ်ကို ခုခံကာကွယ်ရန် တရားဝင်အခွင့်အရေးများ အသုံးချခြင်းအတွက် ထောက်လှမ်းရေးဂြိုဟ်တုများ ဖွံ့ဖြိုးတိုးတက်မှုသည် လုပ်စရာတစ်ခုဖြစ်သည်ဟု မှတ်ယူကြောင်း ၊ နိုင်ငံ၏ စစ်ပြင်ဆင်မှုအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့် စစ်ပွဲ အသင့်ရှိမှုစွမ်းရည်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ခြင်း အရေးပေါ်စီမံကိန်းသည် အမြင့်ဆုံး တော်လှန်ရေးလုပ်ငန်းတာဝန် ၊ ပါတီ နှင့် အစိုးရအဖွဲ့ အရေးကြီးဆုံး အလေးထားသည့် နိုင်ငံရေး နှင့် စစ်ရေး ဦးစားပေးတာဝန်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တုများ တီထွင်ထုတ်လုပ်ခြင်း နှင့် လုပ်ဆောင်ခြင်း ရည်ရွယ်ချက်သည် ၎င်းအားဆန့်ကျင်သည့် စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားစစ်တပ်အား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ထောက်ပံ့ပေးရန် ဖြစ်ကြောင်း ကင်ဂျုံအန်၏ ပြောကြားချက်အရ သိရသည်။

ဂြိုဟ်တုများဖြင့် စစ်ရေးအရတန်ဖိုးရှိသောသတင်းစုဆောင်းခြင်းအတွက် ခိုင်မာသော စွမ်းရည်အား ပိုင်ဆိုင်ရန်အတွက် (၂၀၂၁ – ၂၀၂၅) ငါးနှစ်စီမံကိန်းကာလတွင် စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုအများအပြားအား sun-synchronous ပတ်လမ်းကြောင်းအတွင်းသို့ အမျိုးမျိုးကွဲပြားခြားနားစွာ ထားရှိနိုင်ရေးနှင့် ပတ်သက်၍ အမျိုးသားအာကာသယာဉ်တည်ဆောက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုအုပ်ချုပ်ရေးအဖွဲ့(NADA)၏ ဆုံးဖြတ်ချက်အား ပါတီဗဟိုကော်မတီက အပြည့်အဝထောက်ခံကြောင်း ကင်ဂျုံအန်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)

DPRK to launch more reconnaissance satellites to space
PYONGYANG, March 10 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), said his country will launch multiple military reconnaissance satellites to space, the official Korean Central News Agency reported Thursday.
Kim made the remarks during a recent inspection of the National Aerospace Development Administration (NADA). The top leader expressed great satisfaction over the major test results by NADA, which conducted two reconnaissance satellite development tests on Feb. 27 and March 5.
Deeming the development of reconnaissance satellites a work for the protection of the sovereignty and national interests and the exercise of the legitimate rights to self-defence, Kim said the urgent project for perfecting the country’s war preparedness capacity by improving the state’s war deterrent “is the supreme revolutionary task, a political and military priority task to which our Party and government attach the most importance.”
The purpose of developing and operating military reconnaissance satellites is to provide the DPRK armed forces with real-time information on military actions against it, according to Kim.
“The Party Central Committee fully supports the decision of the National Aerospace Development Administration on diversely putting a lot of military reconnaissance satellites into sun-synchronous polar orbit in the period of the five-year plan (2021-2025) so as to possess the strong capability for gathering intelligence by satellites,” he added. ■
Photo – Photo provided by Korean Central News Agency (KCNA) on Jan. 11, 2021 shows Kim Jong Un, the top leader of the Democratic People’s Republic of Korea (DPRK), attending the 8th Congress of the Workers’ Party of Korea in Pyongyang, the DPRK, Jan. 10, 2021. (KCNA/Handout via Xinhua)