Connect with us

Asia

အိန္ဒိယနိုင်ငံအနောက်ပိုင်း ပြည်နယ်၌ ဓာတုစက်ရုံအတွင်း ပေါက်ကွဲမှုကြောင့် လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ Bangalore ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတစ်ရုံ၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား ငြှိမ်းသတ်နေသော မီးသတ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၌ ဓာတုဗေဒစက်ရုံတစ်ရုံသည် ဧပြီ ၁၁ ရက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ စက်ရုံလုပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှုသည် ဂူဂျာရတ်ပြည်နယ်၏ မြို့တော် Gandhinagar မြို့၏ တောင်ဘက် ၂၅၅ ကီလိုမီတာအကွာရှိ Bharuch ခရိုင်၏ Dahej စက်မှုဇုန်အတွင်းရှိ စက်ရုံ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုနောက်ပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စက်ရုံတစ်ရုံထဲမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ လူ ၆ ဦး သေဆုံးသွားခဲ့ပါတယ်။”ဟု Bharuch ခရိုင်၏ အဆင့်မြင့်ရဲအရာရှိတစ်ဦးဖြစ်သူ Leena Patil က မီဒီယာများအား ပြောကြားခဲ့သည်။ “သေဆုံးသွားတဲ့ အလုပ်သမား ၆ ဦးက ဓာတ်ပေါင်းဖိုအနီးမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဗြုန်းခနဲဆိုသလို ပျော်ဝင်မှုအားပေးတဲ့အရည် ပေါင်းခံတာ ပြုလုပ်နေတုန်းမှာ ပေါက်ကွဲထွက်သွားတာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်မှုအား ထိန်းချုပ်ဟန့်တားရန် နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ နှင့် မီးသတ်အဖွဲ့များက အခင်းဖြစ်နေရာသို့ အလျှင်အမြန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Blast inside chemical factory in India’s western state kills 6
NEW DELHI, April 11 (Xinhua) — Six workers were killed Monday in a blast inside a chemical factory in the western Indian state of Gujrat, police said.
The blast took place at the unit in Dahej industrial area of Bharuch district, about 255 km south of Gandhinagar, the capital city of Gujarat.
According to police officials, the blast subsequently triggered a blaze in the factory.
“There was a blast at a factory and six people working there were killed,” Leena Patil, a senior police official in Bharuch told media. “The six victims were working near a reactor, which suddenly blew off during solvent distillation process.”
Following the blast, police and firefighting teams rushed to the spot to contain the blaze and carry out rescue operations. Enditem
Photo – Photo taken on Nov. 10, 2020 shows fire fighters working to extinguish the blaze at a chemical factory in Bapuji Nagar, in Bangalore, India. (Str/Xinhua)