Connect with us

Asia

လာအိုနှစ်ကူးပွဲတော် ခရီးသွားအထွတ်အထိပ်ကာလအတွက် တရုတ်-လာအို ရထားလမ်း လျှပ်စစ်ကျည်ဆန်ရထားသစ်က ဝန်ဆောင်မှုပေး

တတိယမြောက် လန်ချန်း လျှပ်စစ်ကျည်ဆန်ရထားကြီးအား တရုတ်-လာအိုရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း၏ တတိယမြောက် လန်ချန်း လျှပ်စစ်ကျည်ဆန်ရထား(Lane Xang EMU)သည် ဧပြီလလယ်ပိုင်းတွင် ကျင်းပမည့် လာအိုနိုင်ငံ နှစ်ကူးပွဲတော်ကာလအတွင်း ခရီးသွားဝန်ဆောင်မှုပေးရန်အတွက် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းကို ရောက်ရှိခဲ့ပြီဖြစ်သည်။

တတိယမြောက် လန်ချန်း လျှပ်စစ်ကျည်ဆန်ရထားကြီးအား တရုတ်-လာအိုရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးတွင် ဧပြီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-လာအိုရထားလမ်း လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာကြီးရှိ တတိယမြောက် လန်ချန်း လျှပ်စစ်ကျည်ဆန်ရထားကြီး၏ ရထားတွဲအတွင်းပိုင်းမြင်ကွင်းအား ဧပြီ ၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါတတိယမြောက် လန်ချန်း မြန်နှုန်းမြင့် လျှပ်စစ်ကျည်ဆန်ရထားကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်းသောင်မြို့မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဗီယင်ကျန်းမြို့သို့ ဧပြီ ၉ ရက် (စနေနေ့)ညက ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း လာအို-တရုတ် ရထားလမ်းကုမ္ပဏီ(LCRC)၏ ပြောကြားချက်များအရ သိရသည်။ ယင်းရထားသစ်သည် မြို့တော် ဗီယင်ကျန်းနှင့် လာအိုနိုင်ငံ မြောက်ပိုင်းရှိ မိုးဆိုင်မြို့ကို ပြေးဆွဲမည် ဖြစ်သည်။

လာအိုနိုင်ငံတွင် ဆုန်ကရန်(Songkran) ခေါ် လာအိုသင်္ကြန်နှစ်ကူးပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၁၆ ရက်အတွင်း ကျင်းပမည် ဖြစ်သည်။ ၎င်းမှာ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံအတွက် အလွန်အရေးကြီးသော ဓလေ့ထုံးတမ်းရိုးရာအခမ်းအနားတစ်ခုဖြစ်ကြောင်း နှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ပထမဆုံးစတင်ပြေးဆွဲခဲ့သည့် တရုတ်-လာအိုရထားလမ်း လာအိုအပိုင်းသည် ပထမဆုံးအကြိမ် ပွဲတော်ကာလပြေးဆွဲမှုဖြစ်ကြောင်း သိရသည်။

ခရီးသွားလာမှုတွင် လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းနိုင်ရန်အတွက် လျှပ်စစ်ကျည်ဆန်ရထားသစ်၌ အထူးတန်း (business class) နှင့် ပထမတန်း(first class) ရထားတွဲများကို တစ်တွဲစီ ထပ်တိုးထားပြီး ရိုးရိုးတန်း (economy class) ကို ရထားတွဲ ၅ တွဲထိ လျှော့ချထားကြောင်း သိရသည်။ ယခင် လန်ချန်း လျှပ်စစ်ကျည်ဆန်ရထား နှစ်စီးနှင့်နှိုင်းယှဉ်ပါက ခရီးသည်တင် ရထားတွဲတွင် ကွဲပြားမှုရှိပြီး အတွင်းပိုင်းပြင်ဆင်မှုကို အဆင့်မြှင့်တင်ထားကြောင်း LCRCက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်တွင် ရထားလမ်းဖွင့်လှစ်ပြီးနောက်ပိုင်း လာအိုနိုင်ငံရထားလမ်းပိုင်း၌ ဈေးကွက်ဝယ်လိုအားမှာ အလွန်အားကောင်းခဲ့ကြောင်း LCRCက ဆင်ဟွာကို ပြောသည်။ ဧပြီ ၇ ရက်အထိ လာအိုရထားလမ်းအပိုင်းတွင် လျှပ်စစ်ရထားခရီးစဉ် ၄၅၆ ခု သွားလာပြီးဖြစ်သလို သယ်ယူပို့ဆောင်ခဲ့သော ခရီးသည် စုစုပေါင်း ၂၃၆,၈၀၀ ရှိကြောင်း သိရသည်။
ရထားပြေးဆွဲမှုအကြိမ်အရေအတွက် နှင့် ရထားလက်မှတ်ရောင်းချရေးဝန်ဆောင်မှု တိုးမြှင့်ခြင်းအပါအဝင် ခရီးသည် သယ်ယူပို့ဆောင်ရေးစီမံခန့်ခွဲမှုနှင့်ဝန်ဆောင်မှုများကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)

New EMU train of China-Laos Railway to serve Lao festival travel rush
2022-04-11 09:15:56
The third Lane Xang EMU train for the China-Laos Railway has arrived in the Lao capital Vientiane to serve the upcoming travel rush during the Lao New Year festival to be celebrated in mid-April.
VIENTIANE, April 11 (Xinhua) — The third Lane Xang EMU train for the China-Laos Railway has arrived in the Lao capital Vientiane in order to serve the upcoming travel rush during the Lao New Year festival to be celebrated in mid-April.
The third Lane Xang high-speed EMU (electric multiple unit) train, which arrived in Vientiane on Saturday night, was manufactured in Qingdao in eastern China, according to the Laos-China Railway Company (LCRC), a joint venture running the railway’s Lao section. The new train will run between Vientiane and Muangxay, a town in northern Laos.
Laos will celebrate Songkran or the Lao New Year from April 14 to 16. It is a very important traditional festival in the Southeast Asian country, and the Lao section of the China-Laos Railway will embrace its first festival travel rush since the start of its operation in last December.
In order to meet the various travel demands, the new EMU train has one more business class carriage and one more first class carriage, with economy class carriages reduced to five. Compared with the two Lane Xang EMU trains put into service earlier, the passenger carriage setting in the new train can vary and the interior decoration is upgraded, the LCRC said.
The LCRC told Xinhua on Sunday that since the railway was opened to traffic on Dec. 3 last year, the Lao section has seen a strong market demand. As of April 7, the Lao section had operated a total of 456 EMU train trips, transporting 236,800 passengers.
The company said it will continue to strengthen the management and service of passenger transport on the railway, including increasing the train frequency and improving ticket sale services.■

1. Photo taken on April 9, 2022 shows the third Lane Xang EMU train at the Vientiane Station of China-Laos Railway in Laos. (Photo by Kaikeo Saiyasane/Xinhua)
2. Photo taken on April 9, 2022 shows the third Lane Xang EMU train at the Vientiane Station of China-Laos Railway in Laos. (Photo by Kaikeo Saiyasane/Xinhua)
3. Photo taken on April 9, 2022 shows an interior view of the third Lane Xang EMU train at the Vientiane Station of China-Laos Railway in Laos.(Photo by Kaikeo Saiyasane/Xinhua)