Connect with us

Europe

ယူကရိန်းအရေးနှင့်ပတ်သက်၍ ဘိုင်ဒန်နှင့် ပူတင် တယ်လီဖုန်းပြော

ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကြောင့် အထင်ကရ St Andrew's ဘုရားကျောင်းအနီး လူသူကင်းမဲ့နေသောလမ်းမတစ်နေရာအား ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် /မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။တစ်နာရီခန့်ကြာ ဖုန်းပြောကြားမှုအတွင်း ခေါင်းဆောင်နှစ်ဦးတို့သည် ယူကရိန်းနိုင်ငံရှိ အခြေအနေနှင့် ဆက်စပ်သော လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်နှင့် ကရင်မလင်နန်းတော်အရ သိရသည်။

ဘိုင်ဒန်က “အမေရိကန်အနေနဲ့ သံတမန်နည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းရန် ပြင်ဆင်နေဆဲဖြစ်ကြောင်း” ယင်းမှာ “အခြားသော အခြေအနေများအတွက် ပြင်ဆင်သည်နှင့် ညီမျှကြောင်း” ပူတင်အား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်ဆိုင်ရာ ထိရောက်သော တုန့်ပြန်မှု ရရှိခဲ့ခြင်းမရှိကြောင်း ကရင်မလင်နန်းတော် အကြံပေး Yuri Ushakov ၏ ပြောကြားချက်အား ကိုးကား၍ Sputnik က သတင်းဖော်ပြထားသည်။

ရုရှားနိုင်ငံအနေဖြင့် မကြာမီ လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံနှင့် နေတိုး (NATO) အား တုန့်ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံမှုများ ဆက်လက်ဆောင်ရွက်သွားရန်လည်း ကတိပြုခဲ့ကြောင်း Ushakov က ပြောခဲ့သည်။

အိမ်ဖြူတော်က ရုရှားနိုင်ငံ၏ အဓိကလုံခြုံရေးစိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မအောင်မမြင်ဖြစ်ခဲ့ကြောင်းနှင့် ဘိုင်ဒန်အစိုးရက အကယ်၍ ရုရှားအစိုးရအနေဖြင့် ယူကရိန်းအား ကျူးကျော်ခဲ့မည်ဆိုပါက ဆိုးဝါးသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကိုလည်း ထပ်ခါတလဲလဲ သတိပေးလျက်ရှိကြောင်း ကရင်မလင်က ပြောကြားလျက် အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံကြား တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုများသည် တိုးတက်မှုဟူ၍ အနည်းအကျဉ်းသာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Biden, Putin discuss Ukraine crisis over phone
Source: Xinhua
Editor: huaxia
2022-02-13 05:16:15
WASHINGTON/MOSCOW, Feb. 12 (Xinhua) — U.S. President Joe Biden and Russian President Vladimir Putin held a phone conversation Saturday over the situation in Ukraine.

During the call, which lasted for about one hour, the two leaders discussed situation in Ukraine and related security issues, according to White House statement and the Kremlin.

The White House said Biden made it clear to Putin “while the United States remains prepared to engage in diplomacy,” it is “equally prepared for other scenarios”.

Russia has not received a substantive response from the U.S. on security guarantees, Sputnik reported, quoting Kremlin aide Yuri Ushakov.

Russia will soon submit its response to the U.S. and NATO on security guarantees, Ushakov said, adding the two leaders agreed to continue contacts.

Direct engagements between the United States and Russia have yielded little substantial progress, with the Kremlin saying the White House failed to address its key security concerns and the Biden administration repeatedly warning Putin’s government of severe economic sanctions if it were to invade Ukraine. ■

Photo : Empty street is seen near the landmark St Andrew’s church amid COVID-19 outbreak in Kiev, capital of Ukraine, March 31, 2020. (Photo by Sergey Starostenko/Xinhua)