Connect with us

Europe

ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေ့စဉ်ဆက်လက်ကျင်းပ

ဘီလာရုဇ်နိုင်ငံ၊ ဂိုမဲလ်ဒေသ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်သည့် ယူကရိန်းနှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့များကြား ဆွေးနွေးမှုမြင်ကွင်းကို ရိုက်ကူးထားသောဓာတ်ပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- Belta news agency via Xinhua)

မော်စကို၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရုရှားနှင့် ယူကရိန်းအကြား စေ့စပ်ညှိနှိုင်းမှုများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲနှင့် ရုရှားသမ္မတ၏ လက်ထောက်ဖြစ်သူ ဗလာတီမာမင်စကီးက မတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။“ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို တစ်ပတ် မှာ၇ ရက် နေ့တိုင်း၊ ဗီဒီယို ကွန်ဖရင့်ပုံစံနဲ့ ကျင်းပနေပါတယ်၊” ဟု Medinsky က ၎င်း၏ တယ်လီဂရမ်အကောင့်တွင်ရေးသားခဲ့သည်။ ဗွီဒီယိုပုံစံဖြင့်ကျင်းပသည့် အစည်းအဝေးများသည် အချိန်ကုန်သက်သာ၍ ပိုမိုထိရောက်မှုရှိကြောင်း Medinsky ကဆိုသည်။

“ရုရှားနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့အနာဂတ်အတွက် (ရုရှားသမ္မတ) ဗလာတီမာပူတင် ချမှတ်ထားတဲ့ တာဝန်တွေကို စွမ်းဆောင်နိုင်သမျှ ကျေပွန်အောင် ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းကရေးသားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့ကြား စတုတ္ထအကြိမ် ဆွေးနွေးပွဲကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် မတ်၁၄ ရက်အစောပိုင်းတွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာကိစ္စရပ်များ အခက်အခဲရှိနေသဖြင့် မတ် ၁၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ အကြံပေး နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Mykhailo Podolyak ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

——————————-
(English Version)
Russia-Ukraine peace talks continue daily: head of Russian delegation
MOSCOW, March 14 (Xinhua) — Negotiations between Russia and Ukraine are being held daily, Russian presidential aide Vladimir Medinsky, also the head of the Russian delegation, said on Monday.
“The negotiations with Ukraine are being held every day, seven days a week, in a format of video conferences,” Medinsky posted on his Telegram account. Medinsky said video meetings save time and are more efficient.
“We are striving to do everything that is possible to fulfill the tasks set by (Russian President) Vladimir Putin for Russia’s peaceful future,” he wrote.
The fourth round of negotiations between Russia and Ukraine occurred earlier on Monday via video link. According to Ukrainian Presidential Advisor Mykhailo Podolyak, a member of the delegation, a technical pause has been taken in the negotiations until Tuesday. Enditem