Connect with us

Asia

ကမ္ဘောဒီးယားရိုးရာနှစ်သစ်ကူးအားလပ်ရက်အတွင်း နိုင်ငံအနှံ့ ခရီးသွားလာသူ ၄ ဒသမ ၅၉ သန်းရှိ

ဖနွမ်းပင် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် သုံးရက်တာကြာမြင့်သော ရိုးရာနှစ်သစ်ကူး သို့မဟုတ် ဆောင်ခရန် (Songkran) ပွဲတော်ကာလသည် ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာနေရာအသီးသီးသို့ သွားရောက်ကြသည့် ခရီးသွားဧည့်သည် ၄ ဒသမ ၅၉ သန်းနှင့်အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Thong Khon က ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ ခရီးသွားလာသူ ၄ ဒသမ ၅၉ သန်းအနက် နိုင်ငံခြားခရီးသွား ဧည့်သည် ၂၈,၈၄၉ ဦး ရှိကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးက ဆိုသည်။

“ခရီးသွားနေရာတွေအားလုံး ဖွင့်လှစ်ခဲ့ပြီးတော့ ခရီးသွားလာသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ယခုနှစ်၏ သုံးရက်ကြာ နှစ်သစ်ကူးအားလပ်ရက်အတွင်း လာရောက်သည့် ခရီးသွားဧည့်သည်အရေအတွက်မှာ ၂၀၁၉ ခုနှစ် COVID-19 ကပ်ရောဂါမတိုင်မီ ကျင်းပသော နှစ်သစ်ကူးပွဲတော်ကာလ အရေအတွက်တူညီလုနီးပါး ဖြစ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အဆိုပါ ကာလအတွင်း ခရီးသွားဧည့်သည် ၄ ဒသမ ၇၂ သန်း ရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း Kep ပြည်နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခု၌ ရိုးရာနှစ်သစ်ကူးအားလပ်ရက်အတွင်း အပန်းဖြေပျော်ရွင်နေကြသူများအား ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အားလပ်ရက်အတွင်း လုံခြုံရေး ၊ ဘေးကင်းရေး နှင့် ပြည်သူလူထုနှင့်သက်ဆိုင်သည့် အမိန့်ညွှန်ကြားချက်များကိုလည်း သေချာစွာဆောင်ရွက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့သည်။

ယဉ်ကျေးမှုပြည်နယ်ဖြစ်သည့် Siem Reap ပြည်နယ်၊ ဖနွမ်းပင်မြို့တော်နှင့် ကမ်းရိုးတန်းပြည်နယ်များဖြစ်သည့် Preah Sihanouk ၊ Kampot နှင့် Kep ပြည်နယ်တို့သည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သူများအကြား အကျော်ကြားဆုံးနေရာများဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်း Kep ပြည်နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခု၌ ရိုးရာနှစ်သစ်ကူးအားလပ်ရက်အတွင်း အပန်းဖြေပျော်ရွင်နေကြသူများအား ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

“ကာကွယ်ဆေးတွေရဲ့ အစွမ်းထက်မှုအပေါ် စိတ်ချယုံကြည်မှုကတော့ နှစ်သစ်ကူးအားလပ်ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ ခရီးသွားဆွဲဆောင်ရာနေရာတွေအားလုံးဆီ ခရီးသွားရောက်ဖို့ ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်” ဟု ခရီးသွားလုပ်ငန်းဝန်ကြီး Thong Khon က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် ပွဲတော်အစီအစဉ်များအား နှစ်နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် ဆောင်ခရန် ပွဲတော်ကို ဧပြီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန်က Songkran ပွဲတော်အစီအစဉ်များအား နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများ ၊ ဘုရားများ ၊ စာသင်ကျောင်းများ ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ နှင့် ခရီးသွားဆွဲဆောင်ရာနေရာများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားလာခြင်းနဲ့ ပြီးခဲ့တဲ့ ၂၄ နှစ်အတွင်း ကျွန်တော်တို့ ရရှိခဲ့တဲ့ ဘက်စုံငြိမ်းချမ်းရေး တွေကြောင့် ကျွန်တော်တို့ရဲ့ပြည်သူတွေက အခုဆိုရင် နေရာတိုင်းကို ခရီးသွားလာနိုင်ပြီ ဖြစ်ပါတယ်”ဟု ၎င်းက နိုင်ငံအနောက်တောင်ပိုင်း Preah Sihanouk ပြည်နယ်အတွင်း စုံတွဲရုပ်တုကြီး ဖွင့်လှစ်သည့်အခမ်းအနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံလူဦးရေအများစုသည် COVID-19 ရောဂါကာကွယ်ဆေးထိုးနှံခဲ့ပြီးနောက် နိုဝင်ဘာလနှောင်းပိုင်းမှစတင်ကာ လူမှုစီးပွား လှုပ်ရှားမှုများအား ပြန်လည်စတင်ခဲ့ပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူ ခရီးသွားများအတွက် Quarantine မလိုအပ်ဘဲ နယ်စပ်များကို ဖွင့်လှစ်ထားခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ လူဦးရေ ၁၆ သန်းရှိသည့်အနက် ပြည်သူ ၁၄ ဒသမ ၈၅ သန်း သို့မဟုတ် ၉၂ ဒသမ ၈ ရာခိုင်နှုန်းသည် COVID-19 ကာကွယ်ဆေး တစ်ကြိမ်စီထိုးနှံထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ COVID-19 ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံထားပြီးသူများအနက် ၁၄ ဒသမ ၁ သန်း သို့မဟုတ် ၈၈ ဒသမ ၁ ရာခိုင်နှုန်းမှာမူ ကာကွယ်ဆေးထိုးနှံမှုနှစ်ကြိမ်နှင့်အတူ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း အများဆုံးအသုံးပြုသည့် ကာကွယ်ဆေးများမှာ Sinovac နှင့် Sinopharm ကာကွယ်ဆေးများ ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီ ၁၇ ရက်တွင် COVID-19 လူနာသစ် ၁၆ ဦးသာ စစ်ဆေးတွေ့ရှိခဲ့ပြီး လူနာသစ်အားလုံးမှာ Omicron မျိုးဗီဇကွဲ ကူးစက်ခံရသူများ ဖြစ်ကြောင်း အတည်ပြုခဲ့သလို ထပ်တိုး သေဆုံးသူမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယခုအထိ COVID-19 လူနာပေါင်း ၁၃၆,၀၆၀ ဦး ၊ ပြန်လည်သက်သာကောင်းမွန်လာသူ ၁၃၂,၇၆၉ ဦး နှင့် သေဆုံးသူ ၃,၀၅၅ ဦးတို့ ရှိကြောင်း သိရသည်။ (Xinhua)

————————-
(English Version)

Cambodia’s traditional new year holiday ends with 4.59 mln tourists traveling across kingdom

PHNOM PENH, April 18 (Xinhua) — Cambodia’s three-day traditional New Year, or Songkran festival, had come to an end with 4.59 million people traveling to various tourist attractions, Tourism Minister Thong Khon said on Sunday.

Khon said that of the total, there were 28,849 foreign tourists.
“All tourist destinations had been opened and attracted crowds of tourists,” he said in a report. “The number of tourists during the three-day New Year holiday this year is almost comparable to the pre-COVID-19 new year celebration in 2019, when 4.72 million tourists were recorded.”
Security, safety and public order had been ensured during the holiday, he said, adding that the cultural province of Siem Reap, the capital city Phnom Penh, and the coastal provinces of Preah Sihanouk, Kampot, and Kep were among the kingdom’s most popular tourist destinations.

“Confidence in the effectiveness of vaccines has allowed our people to travel to all tourist attractions across the country during the New Year holiday,” Khon said.

The Southeast Asian nation celebrated the Songkran festival from Thursday to Saturday after a two-year break of festivities due to the COVID-19 pandemic.

Cambodian Prime Minister Samdech Techo Hun Sen said on Saturday that Songkran festivities were organized at villages, pagodas, schools, public venues and tourist attractions across the country.

“Thanks to the high rate of vaccinations and comprehensive peace that we have achieved over the past 24 years, our people can now travel everywhere,” he said in a speech during the inauguration ceremony of a large couple statue in the southwestern Preah Sihanouk province.

Cambodia has fully resumed its socio-economic activities and reopened its borders to fully vaccinated travelers without quarantine since last November after most of its population have been vaccinated against COVID-19.

The kingdom has so far administered one dose of COVID-19 vaccines to 14.85 million people, or 92.8 percent of its 16 million population, the Health Ministry said, adding that of them, 14.1 million, or 88.1 percent, have been fully vaccinated with two required shots.

Most of the jabs used in the country’s immunization program are Sinovac and Sinopharm vaccines.

Cambodia reported only 16 new COVID-19 cases on Sunday, all were confirmed to be the Omicron variant, with no new fatalities, the Health Ministry said, adding that from January 2020 to date, the country had registered a total of 136,060 cases with 132,769 recoveries and 3,055 deaths. ■

Photo 1 – People enjoy the traditional New Year holiday at a seaside resort in Kep province, southwestern Cambodia on April 15, 2022. Cambodia celebrates the three-day traditional New Year festival after muted celebrations in the last two years due to the COVID-19 pandemic. (Photo by Sovannara/Xinhua)

Photo 2 – People enjoy the traditional New Year holiday at a seaside resort in Kep province, southwestern Cambodia on April 15, 2022. Cambodia celebrates the three-day traditional New Year festival after muted celebrations in the last two years due to the COVID-19 pandemic. (Photo by Sovannara/Xinhua)

Photo 3 – People enjoy the traditional New Year holiday at a seaside resort in Kep province, southwestern Cambodia on April 15, 2022. Cambodia celebrates the three-day traditional New Year festival after muted celebrations in the last two years due to the COVID-19 pandemic. (Photo by Sovannara/Xinhua)