Connect with us

Europe

သြစတြေးလျနိုင်ငံရှိ ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Parramatta ဆိပ်ခံတံတားတွင် ၂၀၂၁ခုနှစ်၊ မတ် ၂၀ ရက်က ရေကြီးမှု မြင်ကွင်းအား တွေ့စဉ် (ဆင်ဟွာ)

ဆစ်ဒနီ၊ မတ် ၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၁ ဦး အထိ မြင့်တက်ခဲ့ကြောင်းသိရသည်။
နယူးဆောက်ဝေးလ် ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့က ရေကြီးမှုနှင့်ဆက်စပ်၍ တတိယမြောက်သေဆုံးမှုကို နယူးဆောက်ဝေးလ်ပြည်နယ် ရဲတပ်ဖွဲ့ (NSW) က အတည်ပြုခဲ့သည်။ သေဆုံးသူအမျိုးသမီး၏ အလောင်းအား ပြည်နယ်၏ အဆိုးရွားဆုံး ရေကြီးဒဏ်ခံခဲ့ရသော ဒေသတစ်ခုဖြစ်သည့် Lismoreမြို့တောင်ဘက် တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံ၏ အရှေ့ဘက်ခြမ်းသို့ရွေ့လျားနေသော ယခုကဲ့သို့ ဆိုးရွားသည့် ရာသီဥတုကြောင့် နိုင်ငံ၏ အရှေ့ဘက်ပိုင်းတွင်သေဆုံးသူ ၁၁ ရှိဦးရှိခဲ့ပြီး ယင်းသေဆုံးသူများအနက် Queensland ပြည်နယ်မှ ၈ ဦး ပါရှိကြောင်း သိရသည်။

ပြင်းထန်သောရာသီဥတုသည် Queensland ပြည်နယ် နှင့် နယူးဆောက်ဝေးလ်ပြည်နယ် (NSW) မြောက်ပိုင်းတို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းကဝင်ရောက်ခဲ့ပြီး ယခုသီတင်းပတ်တွင် ဆက်လက်ပြင်းထန်နိုင်သည်ဟု မျှော်လင့်ရသည်။

ယင်းဒသများတွင် ခြောက်နာရီကြာရွာသွန်းခဲ့သော မိုးရေချိန် စုစုပေါင်းပမာဏသည် ၈၀မီလီမီတာမှ ၁၂၀ မီလီမီတာကြားရှိနိုင်ကြောင်း သိရသည်။

ထိုအတောအတွင်း မြို့တော်၏ အဓိက ရေအရင်းအမြစ်ဖြစ်သော ဆစ်ဒနီအနောက်တောင်ပိုင်းရှိ Warragamba ဆည်သည် ညတွင်းချင်း ရေလျှံသွားခဲ့ကြောင်း သိရသည်။

နယူးဆောက်ဝေးလ်ပြည်နယ် (NSW) တွင် ဖြစ်ပွါးနေသော ရေကြီးရေလျှံမှုသည် ၂၀၂၁ ခုနှစ် မတ်လ တွင်ရေကြီးရေလျှံမှုထက် လျှော့နည်းမည်ဟုခန့်မှန်းထားသော်လည်း ဆက်စပ်မြစ်ကြောင်းစနစ်များသည် ရေပမာဏတိုးလာဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

——————————-

(English Version)

Death toll of flash flooding in Australian states continues to rise

SYDNEY, March 2 (Xinhua) — The death toll from the floodwaters in Australia’s eastern states climbed to 11.

Police of the state of New South Wales (NSW) confirmed the third flood-related death in the state on Wednesday. The woman’s body was found in South Lismore, one of the worst-hit regions in the state.

It took the death toll of this wild weather that is sweeping away the eastern part of the country to 11, among which eight victims are in the state of Queensland.
The severe weather system, which has been ravaging Queensland and the northern NSW since last week, is expected to continue this week.

Six-hourly rainfall that totals between 80 and 120 mm is likely in these areas.
Meanwhile, the Warragamba Dam in southwest Sydney, the city’s main water source, spilled overnight.

Water NSW predicted the range of the spill would be less than the one in March 2021, however, related river systems are likely to experience an increase in water levels. Enditem