Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်နှင့် ကမ်းရိုးတန်းပြည်နယ်အား ချိတ်ဆက်ထားပြီး တရုတ်နိုင်ငံ၏ရန်ပုံငွေပံ့ပိုးမှုဖြင့် တည်ဆောက်ထားသော အမျိုးသားလမ်းမကြီး ဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် တရုတ်နိုင်ငံ၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော အမှတ် ၆ လမ်းပိုင်းတစ်ခုအား ဖွင့်လှစ်ခြင်း အခမ်အနား၌ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (လယ်) က ဖဲကြိုးဖြတ်ပေးနေသည်ကို ၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

TAKEO ၊ ကမ္ဘောဒီးယား၊ မတ် ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် တည်ဆောက်ထားပြီး မြို့တော် ဖနွမ်းပင်နှင့် နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းပြည်နယ် Kampot တို့အား ချိတ်ဆက်ထားသည့် အမှတ် ၃ အမျိုးသားလမ်းမကြီးအား မတ် ၂ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။မြို့တော်၏ အနောက်ပိုင်း ဆင်ခြေဖုံးရှိ Chom Chao အဝိုင်းမှ Kandal, Kampong Speu နှင့် Takeo ပြည်နယ်များအား ဖြတ်သန်းလျက် Kampot ပြည်နယ်အထိ ဖောက်လုပ်ထားသော လမ်းသည် ကီလိုမီတာ ၁၃၄.၈ ရှည်လျားသည်။

အဆိုပါ လမ်းဖွင့်လှစ်ဖွင့်ပွဲအခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမတ်ကြီး Wang Wentian တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

၎င်းလမ်းမကြီးသည် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အရေးပါကြောင်းနှင့် Kampot ပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံအတွက် ဆားထုတ်လုပ်ပေးသော တစ်ခုတည်းသော ပြည်နယ်လည်း ဖြစ်ကြောင်း ဟွန်ဆန်က အခမ်းအနား၌ ပြောကြားခဲ့သည်။

“ဒါက ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး၊ သံမဏိချစ်ကြည်ရေးနှင့် ကံကြမ္မာအကျိုးတူ အသိုက်အဝန်း မူဘောင်အရ ကမ္ဘောဒီးယားနဲ့ တရုတ်ကြား အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နောက်ထပ်စမ်းသပ်မှု တစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်ပြည်သူတွေကလည်း မြို့တော်နဲ့ ကမ်းရိုးတန်ပြည်နယ်ကို ချိတ်ဆက်ထားတဲ့ ဒီလမ်းမကြီးကနေ အကျိုးကျေးဇူးတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်းလမ်းမကြီးအား တရုတ်နိုင်ငံ လမ်းနှင့် တံတား ပူးပေါင်းဆောင်ရွက်မှုမှ တည်ဆောက်ထားခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၅ သန်းခန့် ကုန်ကျခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရထံမှ ဦးစားပေးဝယ်ယူသူ၏ ချေးငွေလည်း ဖြစ်သည်။ ယင်းလမ်းမကြီးကို အချိန် ၃၄ လကြာ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဟွန်ဆန်က လမ်းမကြီးအား လျာထားသည်ထက် အချိန်စောလျက် ၁၄ လစော၍ တည်ဆောက်ပြီးစီးခဲ့သဖြင့် လမ်းတည်ဆောက်သူကန်ထရိုက်တာအား ချီးကျူးခဲ့ပြီး နည်းပညာဆိုင်ရာ စံချိန်စံညွှန်များဖြင့် ကောင်းမွန်စွာ လိုက်နာဆောင်ရွက်ကာ လမ်းတည်ဆောက်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အမှတ် ၃ အမျိုးသားလမ်းမကြီးသည်ဖနွမ်းပင်နှင့် Kampot ကမ်းရိုးတန်းပြည်နယ်အား ချိတ်ဆက်ထားသည့် အဓိကကျသော သယ်ယူပို့ဆောင်ရေးလမ်းကြောတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ လမ်းမကြီးအနေဖြင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအပြင် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရာတွင် အရေးပါသော အခန်ကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း သံအမတ်ကြီး Wang က ဆိုသည်။

“ဒီလမ်းဖွင့်ပွဲအခမ်းအနားက တရုတ်-ကမ္ဘောဒီးယား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရဲ့ အားကောင်းတဲ့ အရှိန်အဟုန်နှင့် အကျိုးအမြတ်များသောရလဒ်များကို ဧကန်အမှန် ရောင်ပြန်ဟပ်ခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

COVID-19 ကပ်ရောဂါကြောင်း ပြည်သူများနှင့် ထောက်ပံ့သယ်ပို့လုပ်ငန်း စီးဆင်းမှုအား ဆိုးဝါးစွာ သက်ရောက်မှုရှိခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကစီမံကိန်းအချို့တွင် ကပ်ရောဂါဖိအားကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်းနှင့် မြင့်မားသော အရည်အသွေးနှင့် စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာပြီးစီးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-

(English Version)

Cambodia inaugurates China-funded national road connecting capital, coastal province
2022-03-02 12:35:40
TAKEO, Cambodia, March 2 (Xinhua) — Cambodia on Wednesday inaugurated the China-funded National Road No. 3, which links its capital Phnom Penh and the southwestern coastal province of Kampot.

The 134.8-km road stretches from Chom Chao roundabout in the capital’s western suburb to Kampot, running through Kandal, Kampong Speu and Takeo provinces.

Cambodian Prime Minister Samdech Techo Hun Sen and Chinese Ambassador to Cambodia Wang Wentian presided over the inauguration ceremony, which was attended by nearly 1,000 people.

Speaking at the event, Hun Sen said the road is crucial to boost economic and tourism development and that Kampot is the only province that produces salt for the kingdom.

“This is another testament to the fruitful cooperation between Cambodia and China under the frameworks of the comprehensive strategic partnership, the ironclad friendship, and the community with a shared future between the two countries,” he said.

“I hope that our people will benefit from this road, which connects between our capital city and coastal province,” he added.

The road was built by the China Road and Bridge Corporation at the cost of about 215 million U.S. dollars, which was the preferential buyer’s credit loan from the government of China. It took 34 months to be completed.
Hun Sen praised the contractor for completing the project 14 months earlier than scheduled and thanked it for building the road in good compliance with technical standards.

Ambassador Wang said the National Road No. 3 is a key transportation artery connecting Phnom Penh and the coastal province of Kampot, expressing his belief that the road will play a crucial role in boosting economy and tourism as well as improving the livelihoods of people living along the route.

“The inauguration ceremony truly reflects the strong momentum and fruitful results of China-Cambodia pragmatic cooperation,” he said.

He added that although the COVID-19 pandemic has seriously impacted the flow of people and logistics, some major projects of bilateral cooperation have withstood the pressure of the pandemic and have been successfully completed as planned with high quality. Enditem

Photo : Cambodian Prime Minister Samdech Techo Hun Sen (C) cuts the ribbon at the inauguration of a section of the China-funded national road No. 6, in Phnom Penh, Cambodia, on April 6, 2017. Cambodia on Thursday inaugurated a section of the China-funded national road No. 6, part of an arterial pathway that plays a vital role for tourism and trade activity. (Xinhua/Zhang Yanfang)