Connect with us

Sport

ပေကျင်း ၂၀၂၂ ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အတွက် အဆင်သင့်ဖြစ်ပြီ

၂၀၂၂ ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲများအတွက် ပေကျင်းမြို့ရှိ ယန်ချင်းခရိုင်၌ တရုတ်နိုင်ငံ၏ အမျိုးသား ရေခဲပြင်စကိတ်စင်တာတွင် ကေဘယ်ကားစီးရန် ပြင်ဆင်နေသော အားကစားသမားတစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

ရက်သတ္တပတ် တစ်ပတ်အတွင်း ပေကျင်း ၂၀၂၂ ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲများ ဖွင့်ပွဲအခမ်းအနားအတွက် ဒယ်စောက်တွင် မီးရှူးတန်ဆောင်ကို ထွန်းညှိတော့မည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် မသန်စွမ်းအိုလံပစ်ပွဲတော်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ပေကျင်းမြို့သည် ယခုတစ်ဖန် မတ်လ ၄ ရက်မှ ၁၃ ရက်အထိ ၂၀၂၂ ဆောင်းရာသီအားကစားပွဲများအတွက် မသန်စွမ်းအားကစားလှုပ်ရှားမှု၏ ဗဟိုစင်မြင့်တစ်ခုလည်း ဖြစ်လာတော့မည်ဖြစ်သည်။ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပွဲများ ကျင်းပပြီးစီးခဲ့ပြီးနောက် အဆိုပါ နေရာများသည် နာမည်ကျော် အမျိုးသား ရေပေါ်ရေအောက်အားကစားစင်တာ အပါအဝင် မသန်စွမ်းအားကစားပွဲများအတွက် ပိုမိုကောင်းမွန်သော တာဝန်ကိုကျေပွန်စေရန် အကူးအပြောင်းအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
“Water Cube” ဟု လူသိများသော အမျိုးသား ရေပေါ်ရေအောက်အားကစားစင်တာအား ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်အားကစားပွဲများ၌ အကွေ့အကောက်ကစားနည်းယှဉ်ပြိုင်ပွဲများ ကျင်းပရန် “Ice Cube” အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ယခုအခါ မကြာမီကျင်းပတော့မည့် ဘီးတပ်ကုလားထိုင် အကွေ့အကောက်ယှဉ်ပြိုင်ပွဲများအတွက် ပြင်ဆင်ရန် ချိန်ညှိမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်သည်။

“Ice Cube” ၏ အတွင်းနှင့် အပြင်နေရာများ၌ အာကာသယာဉ်မှူး သရုပ်ဖော်ထားသော ပင်းသွန်းသွန်း (Bing Dwen Dwen) ၏ နေရာတွင် အနီရောင်မီးပုံးပုံသဏ္ဌာန် မသန်စွမ်းအိုလံပစ် လာဘ်ကောင်အရုပ်လေး Shuey Rhon Rhon အား အစားထိုးခဲ့သည်။ ပွဲစဉ်များပြီးနောက် ထိုင်ခုံနေရာများနှင့် သန့်စင်ခန်းများအား ပိုမိုအသုံးပြုနိုင်ရန် အမြဲတမ်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ ဆင်ခြေလျှောများကိုလည်း အားကစားသမားများနှင့် ဒိုင်လူကြီးများအတွက်သာမက မီဒီယာနေရာတွင်လည်း မသန်စွမ်း သတင်းထောက်များအတွက်လည်းပဲ ဆောင်ရွက်ထားကြောင်း သိရသည်။

အကယ်၍ ၎င်းသတင်းထောက်များ မီဒီယာစင်တာ (MMC) သို့ဝင်ရောက်ခဲ့ပါက လမ်းညွှန်ပြသရန် ဝင်ပေါက်နေရာတွင် multimedia စင်တာအား သတိပြုမိမည်ဖြစ်သည်။ သင်္ကေတများနှင့် ဆင်ခြေလျှောများကိုလည်း အဆောက်အအုံများ၌ ထည့်သွင်းထားပြီး ကော်ဖီဆိုင်များတွင်လည်း လက်သန့်ဆေးနေရာများ တပ်ဆင်ထားရှိကြောင်း သိရသည်။

ကျန်းကျားခို Genting Snow Park တွင် နိုင်ငံနှင့် ဒေသ ၂၂ ခုမှ အားကစားသမား ၈၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားသမားများ၊ နည်းပြများ၊ မီဒီယာနှင့် ဧည့်ပရိသတ်များအပြင် ပါဝင်သူများအားလုံးအတွက်လည်း အတားအဆီးမဲ့ လွတ်လပ်သော အတွေ့အကြုံရရှိရန် အတားအဆီးမဲ့ လမ်းကြောင်းနေရာ ၄ ခုကို ဆောက်ရွက်ထားသည်။ ထို့ပြင် ခြေတု၊ လက်တုနှင့် ဘီးတပ်ကုလားထိုင် ပြုပြင်ထိန်းသိမ်းမှုစင်တာကိုလည်း အချိန်နှင့်တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင်ရန် အသင့်ရှိကြောင်း သိရသည်။

ယန်ချင်းခရိုင်ရှိ အမျိုးသား ရေခဲတောင်စကိတ်စင်တာတွင် အထူးပုံစံထုတ်လုပ်ထားသော ကေဘယ်ကားများက လက်သန့်ဆေးအသုံးပြုခြင်းများနှင့်အတူ အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်သည်။ နယ်သာလန်နိုင်ငံ နည်းပြ Nicky Elsewaerd က ယင်းနေရာနှင့် ယန်ချင်း မသန်စွမ်းအားကစားကျေးရွာရှိ အဆောက်အအုံများမှာ အကောင်းဆုံးဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော် ဆိုချီနဲ့ ပြုံးချန်းမှာလည်း ရောက်ရှိခဲ့ဖူးပါတယ်။ ဒီအဆောက်အအုံတွေကတော့ မသန်စွမ်းအိုလံပစ်အတွက် အကောင်းဆုံးပါပဲ”ဟု Elsewaerd က လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင် ပြောခဲ့သည်။

“ဒီအဆောက်အအုံတွေကတော့ ပြီးပြည့်စုံတယ်။ အရာအားလုံးက ကောင်းမွန်ပြီးတော့ လက်ခံနိုင်စရာပါပဲ။ ကျွန်တော်တို့မှာ အခန်းကျယ်ကြီးတွေ၊ အိပ်ခန်းကျယ်ကြီးတွေ ရှိတယ်။ ပြီးတော့ ဘီးတပ်ကုလားထိုင်သုံးတဲ့ အားကစားသမားတွေအတွက်လည်း အထူးအိပ်ခန်းတွေ ထားရှိပေးပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

Elsewaerd သည် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့်နေ့တွင်ပင် တရုတ်နိုင်ငံ၏ မသန်စွမ်းအိုလံပစ်အားကစား နိုင်ငံဖြတ်ကျော် စကိတ်စီးခြင်းနှင့် သေနတ်ပစ်အဖွဲ့က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းဆူးပြည်နယ်၌ Baiyin National Snow Event လေ့ကျင့်ရေးအခြေစိုက်နေရာ၌ ၅၅ ရက်တာ လေ့ကျင့်ရေးကာလကို အဆုံးသတ်ခဲ့ကာ ပေကျင်းမြို့မှ ထွက်ခွာခဲ့သည်။

ယင်းအဖွဲ့တစ်ဖွဲ့လုံးသည် တရုတ်နှစ်သစ်ကူးအပါအဝင် ၅၅ ရက်တာအတွင်း နားရက်တစ်ရက်မှယူခဲ့ခြင်းမရှိပေ။ “ရလဒ်ကောင်းတစ်ခုရဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ အားကစားသမားတွေအားလုံးလည်း ဂုဏ်ပြုခံရမယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်ငံဖြတ်ကျော် စကိတ်စီးခြင်းနှင့် သေနတ်ပစ်အားကစား နှစ်ခုလုံး ပြီးစီးမည့် Guo Yujie က ပြောခဲ့သည်။

မိခင်နိုင်ငံတွင် ရလဒ်ကောင်းရရှိခြင်းသည် ပေကျင်း ၂၀၂၂ ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲများအတွက် ပြင်ဆင်စဉ်အတွင်း တရုတ်အားကစားသမားတိုင်း တောင့်တကြသည့် အရာပင်ဖြစ်သည်။

ကျားနှစ်၏ ဒုတိယမြောက်နေ့တွင် တရုတ် ဘီးတပ်ကုလားထိုင် ရေခဲပြင်ဒိုးပစ်အားကစားအဖွဲ့သည် တရုတ်နှစ်သစ်ကူး၌ ၎င်းတို့၏ ပထမဆုံး လေ့ကျင့်မှုကို စတင်ခဲ့ကြသည်။ ၎င်းတို့၏ လေ့ကျင့်ရေးနေရာတွင် နံရံပေါ်တွင် ချိတ်ဆွဲထားသော “ပြုံချန်းမှ ချန်ပီယံများက သမိုင်းကိုဖန်တီးနိုင်ခဲ့ပြီ။ သုညမှစတင်၍ ပေကျင်းအတွက် အဆင်သင့်ပဲ” ဟူသော ဆောင်ပုဒ်ကို သတိပြုမိရန် ခက်ခဲမည်မဟုတ်ပေ။

အဆိုပါ အဖွဲ့သည် ပြုံချန်း ဆောင်းရာသီ မသန်စွမ်း အိုလံပစ်အားကစားပွဲတွင် ရင်သပ်ရှုမောဖွယ် ရလဒ်ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဘီးတပ်ကုလားထိုင် ရေခဲပြင်ဒိုးပစ်အားကစား၌ တရုတ်နိုင်ငံ၏ ပထမဆုံး ရွှေတံဆိပ်ဆုကို အမိအရဆွတ်ခူးနိုင်ခဲ့သလို မသန်စွမ်းအိုလံပစ်အားကစားတွင် နိုင်ငံအတွက် ပထမဦးဆုံး ဆုတံဆိပ် ရရှိခြင်းလည်း ဖြစ်သည်။

အဖွဲ့ဝင်များသည် ပေကျင်း၌လည်း ၎င်းတို့၏ အကောင်းဆုံးကို ရရှိရန် စိတ်ဓာတ်ခွန်အားအဖြစ် တွန်းအားပေးသွားမည်ဖြစ်သည်။ ချန်ပီယံများပါဝင်သော ယင်အဖွဲ့သည် မတ် ၃ ရက်တွင် တရားဝင်လေ့ကျင့်မှုများ၌ ပါဝင်မည်ဟု မျှော်မှန်းထားသည်။ (Xinhua)

————————–

(English Version)

Getting ready for Beijing 2022 Winter Paralympics: from venues to athletes

BEIJING, Feb. 28 (Xinhua) — Within one week, the cauldron will be lit at the opening ceremony of the Beijing 2022 Winter Paralympic Games. Beijing, the city that hosted the 2008 Paralympics, will once again become the center stage of the Paralympic movement for the 2022 Winter Games from March 4 to 13.

After the closing of the Beijing 2022 Olympic Winter Games, the venues entered their transition stage to better serve the Paralympics, including the famous National Aquatics Center.

Previously known as the “Water Cube”, the National Aquatics Center was converted to the “Ice Cube” to host curling competitions at the Beijing 2022 Winter Olympics. Now, more adjustments will be made to prepare for the upcoming wheelchair curling competitions.

The red lantern-shaped Paralympic mascot Shuey Rhon Rhon has replaced animated astronaut giant panda Bing Dwen Dwen inside and outside the “Ice Cube”. More accessible seats and toilets have been built and will be kept permanently after the events. Accessible ramps were set up not only for athletes and referees but also for journalists with disabilities at the media stand.

If those journalists entered the main media center (MMC), they would notice a multimedia center set up at the entrance to offer guidance. Accessible signs and ramps were added to the building, and the cafeterias have been equipped with lower hand disinfection areas.

With over 80 athletes from 22 countries and regions competing at Zhangjiakou Genting Snow Park, four barrier-free routes are set up for athletes, coaches, media and audiences to guarantee an all-around barrier-free experience for all participants. An artificial limb and wheelchair maintenance center is also ready to provide timely service.

At the National Alpine Skiing Center in Yanqing district, specially-designed cable cars will cater to the needs of athletes with lower limb deficiencies. According to Netherlands coach Nicky Elsewaerd, the facilities here and of the Yanqing Paralympic Village are the best.

“I have been to Sochi and Pyeongchang, and these facilities by far are the best for the Paralympics,” said Elsewaerd at a training session.

“The facilities are perfect. Everything is good and acceptable. We have big rooms and big bedrooms. They have special bedrooms for athletes with wheelchairs,” he added.

On the same day that Elsewaerd arrived in China, China’s Paralympic cross-country skiing and biathlon teams ended their 55-day training period at Baiyin National Snow Event Training Base in northwest China’s Gansu Province and left for Beijing.

The whole team didn’t take a single day off during the 55 days, including the past Chinese New Year. “I will try my best to achieve a good result. I hope that all athletes can get honors,” said Guo Yujie, who will compete in both cross-country skiing and biathlon.

A good result at home is something every Chinese athlete longed for during their preparation for the Beijing 2022 Winter Paralympic Games.

On the second day of the Year of the Tiger, the Chinese wheelchair curling team started their first training session in the lunar new year. It’s hard not to notice one banner on the wall in their training venue: “The champions in Pyeongchang made history. Starting from zero, we gear up for Beijing”.

The team made a breakthrough at the PyeongChang Winter Paralympics, snatching China’s first gold medal in wheelchair curling, also the first-ever medal for the country at the Paralympic Games.

Team members expressed their will to turn pressure into motivation to achieve their best in Beijing. The reigning champions are expected to participate in the official training session on March 3. ■
Photo : An athlete prepares to ride a cable car at China’s National Alpine Skiing Center in Beijing’s Yanqing District ahead of the 2022 Winter Paralympic Games on Feb. 28, 2022. (Xinhua/Sun Fei)