Connect with us

Africa & Middle East

ဘရာဇီးနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးရသူ ၁၈၅ ဦးထိ မြင့်တက်လာ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့ မြေပြိုမှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေနေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆောပိုလို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့တွင် စံချိန်တင် မိုးရွာသွန်းမှုများနှင့် နောက်ဆက်တွဲ ရွှံ့မြေပြိုကျမှု၊ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး မြေပြိုမှုအန္တရာယ်များကြောင့် အင်္ဂါနေ့တွင် ကယ်ဆယ်ရေးလုပ်သား ၄၀၀ ကျော်၏ ကူညီကယ်ဆယ်မှုလုပ်ငန်းများကိုမဖြစ်မနေ ရပ်တန့်ခဲ့ရကြောင်း၊ ပျောက်ဆုံးနေသူ ၈၅ ဦး ရှိနေဆဲဖြစ်ကြောင်း ရီယိုဒီဂျနေးရိုးပြည်နယ် မီးသတ်ဌာနက ပြောကြားခဲ့သည်။


ပုံစာ ၁-၃ – ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့ မြေပြိုမှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေနေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုးပြည်နယ် အုပ်ချုပ်ရေးမှူး Claudio Castroက ဖေဖော်ဝါရီ ၁၅ ရက်တွင် ၁၉၃၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုနှင့် တွေ့ကြုံခဲ့ရကြောင်း ဆိုသည်။စီးပွားရေးလုပ်ငန်းများ အင်္ဂါနေ့တွင် ပြန်လည် လည်ပတ်နေပြီဖြစ်သလို လူအများကလည်း နေအိမ်၊ သမိုင်းဝင်အဆောက်အအုံနှင့် မြို့ဧရိယာ သန့်ရှင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့ ကပ်ဘေးအပြီး မြင်ကွင်းများအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့ ကပ်ဘေးအပြီး မြင်ကွင်းများအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့ ကပ်ဘေးအပြီး မြင်ကွင်းများအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မြေပြိုရေလျှံမျုများကြောင့် ဖြစ်ပေါ်လာသည့် မြေကြီးနှင့်အပျက်အစီး တန်ချိန် ၆၂၀ ကျော်ကို လက်ရှိတွင် ရှင်းလင်းထားကြောင်း အမှိုက်ရှင်းလင်းရေးကုမ္ပဏီက ဆိုသည်။ (Xinhua)

………………………………..
(English Version)

2022-02-23 09:17:05
SAO PAULO, Feb. 22 (Xinhua) — The death toll rose to 185 from record rainfalls and subsequent mudslides and floods in the Brazilian city of Petropolis, north of Rio de Janeiro, local authorities said Tuesday.

Over 400 rescue workers had to suspend their rescue operations on Tuesday due to the ongoing heavy rains and the risk of new mudslides, as 85 people were still missing, said the fire department of Rio de Janeiro state.

Governor of Rio de Janeiro Claudio Castro said Feb. 15 saw the heaviest rainfall since 1932.
Businesses started to reopen on Tuesday, while people continued to clean up houses, historic buildings and the downtown area.

Some 620 tons of earth and debris generated by the mudslides and floods have been removed so far, according to the waste collection company. Enditem
图说1,2,3:2月16日,救援人员在巴西彼得罗波利斯一处泥石流灾害现场搜寻幸存者。
图说4,5:这是2月16日在巴西里约热内卢州彼得罗波利斯市拍摄的灾后景象。新华社记者 王天聪 摄