Europe
ဂျာမနီက Nord Stream 2 ပိုက်လိုင်း အသိအမှတ်ပြုမှုကို ဆိုင်းငံ့ထား
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
“ဒီကနေ့အခြေအနေက အခြေခံအားဖြင့်တော့ ပြောင်းလဲသွားပြီဖြစ်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်ပြောင်းလဲလာနေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ ပြန်အကဲဖြတ်ရပါလိမ့်မယ်”
“ဖက်ဒရယ်ကွန်ရက်အေဂျင်စီမှာ ရှိနှင့်ပြီးသား ပေးပို့မှုလုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာကို ရုပ်သိမ်းဖို့ စီးပွားရေးဝန်ကြီးဌာနကို ဒီနေ့ ကျွန်တော်ပြောခဲ့တယ်” ဟု Scholz က ဆိုပြီး ယင်းမှာ Nord Stream 2 အား အသိအမှတ်ပြုရေးနှင့် လည်ပတ်မှုကို ကာကွယ်ရန် လိုအပ်သော စီမံခန့်ခွဲရေးအဆင့်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုအခါ စီးပွားရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ရက်များအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ဓာတ်ငွေ့ပေးပို့ရေးလုံခြုံမှုကို အကဲဖြတ်မှုအသစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” Lugansk ပြည်သူ့သမ္မတနိုင်ငံ (LPR)” နှင့် ” Donetsk ပြည်သူ့သမ္မတနိုင်ငံ (DPR)” တို့ကို လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုရန် ရုရှားနိုင်ငံ၏ဆုံးဖြတ်ချက်သည် မင့်ခ်သဘောတူညီချက်များနှင့် ကုလသမဂ္ဂပဋိညာဉ်များအား ချိုးဖောက်ခြင်းဖြစ်သော နိုင်ငံတကာဥပဒေကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်းလည်း ဖြစ်ကြောင်း Scholz က ပြောခဲ့သည်။ .
Scholz က “နောက်ထပ် အရှိန်မြင့်တက်လာမှုကို ကာကွယ်ဖို့က အရေးကြီးပါတယ်။ ဒါဟာကပ်ဘေးကြီးတစ်ခု ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုအားလုံးကလည်း ဒါကိုပဲရည်ရွယ်ပါတယ်” ဟု Scholz က ပြောကြားခဲ့သည်။
Nord Stream 2 ပိုက်လိုင်းသည် ရုရှားနိုင်ငံမှ ဘော်လ်တစ်ပင်လယ်မှတစ်ဆင့် ဂျာမနီနိုင်ငံသို့ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅၅ ဘီလီယံ ပို့ဆောင်ရန် မျှော်မှန်းထားသည်။ သို့ရာတွင် ၁, ၂၃၄ ကီလိုမီတာ ရှည်လျားသော ပိုက်လိုင်းသည် အသုံးမပြုဘဲရှိနေပြီး ဂျာမနီနှင့် ဥရောပသမဂ္ဂမှ ခွင့်ပြုလျက်ရရှိရန် စောင့်ဆိုင်းနေကြောင်း သိရသည်။ (Xinhua)
………………………………………………
(English Version)
Germany suspends certification of Nord Stream 2 pipeline
BERLIN, Feb. 22 (Xinhua) — German Chancellor Olaf Scholz announced on Tuesday the suspension of the certification process of the Nord Stream 2 natural gas pipeline citing Russia’s course of action over Ukraine.
“The situation today has fundamentally changed,” he told journalists. “We will reassess the situation that has evolved over the past few days.”
“I asked the Economy Ministry today to withdraw the existing report on the analysis of supply security at the Federal Network Agency,” Scholz said, adding that it was a necessary administrative step to prevent the certification and thus the operation of Nord Stream 2.
The Ministry of Economic Affairs would now make a new assessment of the security of supply taking the last days’ development into account, he said.Russia’s decision t
o recognize “the Lugansk People’s Republic (LPR)” and “the Donetsk People’s Republic (DPR)” as independent states was a “serious breach of international law” that violated the Minsk agreements and the Charter of the United Nations, Scholz said.
Scholz said it is now important to “prevent a further escalation, and thus a catastrophe. That is what all our diplomatic efforts are aimed at.”
The Nord Stream 2 pipeline is expected to transport 55 billion cubic meters of natural gas annually from Russia to Germany via the Baltic Sea. The 1,234-km pipeline, however, has been lying idle, pending a go-ahead from Germany and the European Union. ■